ကျောက်ကပ်: တည်းဖြတ်မှု မူကွဲများ

၄၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၃ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
No edit summary
No edit summary
|}}
 
'''ကျောက်ကပ်'''သည် [[​ကျောရိုးရှိ သတ္တဝါ]]တို့၏ ကိုယ်တွင်းအင်္ဂါ တစ်ခုဖြစ်၍ ​ကျောရိုး သို့မဟုတ် ကျောက်ကုန်းရိုး၏ ခါးပိုင်း တစ်ဖက်တစ်ချက်တွင် တည်ရှိသည်။ ကျောက်ကပ်၏ အဓိက စွမ်းဆောင်ရည်မှာ သွေးကြောမှ စွန့်ပစ်ပစ္စည်းများအား ဆီးအဖြစ် စစ်ထုတ်ပေးခြင်းဖြစ်သည်။စစ်ထုတ်ပေးခြင်း ဖြစ်သည်။ လူတို့တွင် ​ကျောက်ကပ်တို့သည် မဲနောက်စေ့သဏ္ဌာန်ရှိသည်။ ပမာဏအားဖြင့် အလျား ၄ လက်မ၊ အကျယ် ၂ လက်မရှိပြီး ၁ လက်မခန့်ထူသည်။ အလေးချိန်အားဖြင့် ၉ ကျပ်သားခန့် ရှိသည်။
 
လက်ျာဖက်ရှိ ကျောက်ကပ်နှင့် လက်ဝဲဖက်ရှိ ကျောက်ကပ်တို့သည် တစ်ခုနှင့်တစ်ခု ခပ်ကွေးကွေး ဆိုင်၍နေသည်။ လက်ျာဖက် ​ကျောက်ကပ်သည် အထက်၌ [[အသည်း]] ရှိနေသဖြင့် လက်ဝဲဖက် ကျောက်ကပ်ထက် အနည်းငယ် အောက်ကျ၍နေသည်။ သွေးကြောမ (Aorta) မှလာသော သွေးလွှတ်ကြောသည် ကျောက်ကပ်ထဲသို့ ခွက်နေသောနေရာတွင်ခွက်နေသော နေရာတွင် ဝင်သည်။ သွေးပြန်ကြောသည်လည်း ဤနေရာမှ စ၍ထွက်သည်။ [[အာရုံကြော]]နှင့် ဆီးကြောတို့သည် ကျောက်ကပ်တွင်းသို့ ဝင်သောအခါ ကတော့သဏ္ဌာန် ကား၍သွားသည်။ ထိုကားနေသော အပိုင်းကို ​ကျောက်ကပ်ခွက်ဟု ခေါ်သည်။
 
ကျောက်ကပ်သားမှာ အတွင်းအပြင် မတူချေ။ အပြင်သားသည် ညို၍ ချောမွတ်သည်။ အတွင်းသားကား ​ဖြော့သောအဆင်းရှိပြီး အတွင်းဖက်သို့ ချွန်း၍ အမြှောင်းမြှောင်းပေါ်နေသည်။အမြှောင်းမြှောင်း ပေါ်နေသည်။ ကျောက်ကပ်တစ်ခုလုံး၌ အလွန်သေးငယ် မှုန်မွှားသော ပြွန်ကလေးများ ပြည့်လျက် ရှိသည်။ ထိုပြွန်ကလေးများသည် အပြင်လွှာ၌ တည့်တည့်တန်းလျက် စီနေသည်။ အတွင်းလွှာ၌ကား ခွေလျက် တည်ရှိသည်။
 
ကျောက်ကပ်သည် သွေးထဲမှ ကျင်ငယ်ရည်အား စစ်ထုတ်ယူ၍ ဆီးကြောမှတစ်ဆင့် ဆီးအိမ်သို့ ပို့ပေးသည်။ ​ကျောက်ကပ်အတွင်းရှိ သွေးကြောတွင် [[ကလာပ်စည်း|ဆဲလ်]]များစီတန်းလျက်ရှိရာ ဤဆဲလ်များသည် ဖြတ်သန်းသွားသော သွေးကြောများမှ ဆီးကိုစစ်ထုတ်ပေးသည်။
 
လူကောင်းတစ်ယောက်တွင် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၃ ပိုင့်မှ ၄ ပိုင့်ခန့်အထိ ဆီးသွားသည်။ ထိုဆီးထဲတွင် ကိုယ်ခန္ဓာတွင်း၌ မလိုအပ်သော အညစ်အကြေးများ ပါသွားသည်။ ထို့ကြောင့် ကျောက်ကပ်၏ စွမ်းရည်များကို ပျက်ပြားအောင် နှောက်ယှက်မှုဟူသမျှသည်နှောက်ယှက်မှု ဟူသမျှသည် ကိုယ်တွင်း၌ အဆိပ်အတောက် ဖြစ်စေမည့် အညစ်အကြေးများအားအညစ် အကြေးများအား စုဝေးစေရာ စုဝေးစေရာရောက်သည့်အပြင်ရောက်သည့်အပြင် အသက်အန္တရာယ်ကိုပင် ဖြစ်စေနိုင်သည်။
<ref>မြန်မာ့စွယ်စုံကျမ်း အတွဲ (၂)၊ အပိုင်း-က</ref>
 
==ကိုးကား==
{{reflist|2}}
 
[[Category:ခန္ဓာဗေဒ]]
[[af:Nier]]
[[am:ኩላሊት]]
၃၅၃၄

တည်းဖြတ်မှုများ