စာဖတ်ခြင်း: တည်းဖြတ်မှု မူကွဲများ
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (Bot: Migrating 44 interwiki links, now provided by Wikidata on d:q199657 (translate me)) |
အရေးမကြီးNo edit summary |

==စာဖတ်ခြင်း==
မိဖတို့သည် သားသမီးများ စကားပြောတတ်သည့်
ရောက်သောအခါ ဆရာဆရာမတို့သည် ထိုကလေးများကို စာရေးတတ် ဖတ်တတ်ကြစေရန်၊ ပထမဦးဆုံး [[ဗျည်း]][[အက္ခရာ]]များမှစ၍ စာကြီးပေကြီးများအထိ သင်ကြားပို့ချ ကြလေသည်။ ဤသို့ ငယ်စဉ်က အစပြု၍ မိဖဆရာသမားတို့က စာဖတ်တတ်အောင် သင်ကြားပေးကြသည်မှာ စာဖတ်တတ်ခြင်းအားဖြင့် ကလေးများသည် သူတို့၏ အနက်ဂတ် ကောင်းကျိုးကို ဖန်တီးနိုင်စေရန် ရည်သန်သောကြောင့် ဖြစ်လေသည်။
စာဖတ်ရာတွင် ပညာဗဟုသုတ တိုးပွားရန် နှင့် အတွေးအခေါ် ရင့်သန်စေရန်ဟူသော ရည်ရွယ်ချက် နှစ်မျိုးရှိသည်။ ပညာဗဟုသုတ မရှိလျှင် မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းကို
တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ဖို့ ခဲယဉ်းပေးလိမ့်မည်။ စိတ်ကူးဉာဏ် အတွေးအခေါ် ရင့်သန်ခြင်း မရှိပါလျှင်လည်း လူ့လောကတွင် တိုးတက်ခဲယဉ်းပေလိမ့်မည်။ ထိုကြောင့်
လိမ်မာရေးခြား ဗဟုသုတ ကြွယ်ဝစေရန်အတွက် စာဖတ်ခြင်း အလေ့သည် အလွန်အရေးပါ အရာရောက်ပေသည်။ ယခုခေတ်၌ စာဖတ်ခြင်းကို အထောက်အပံ့ဖြစ်စေသော [[သတင်းစာ]]၊ [[ဂျာနယ်]]၊ [[မဂ္ဂဇင်း]]၊ [[စာအုပ်]] ဟူသည်တို့သည် အမြောက်အမြား ထွက်ပေါ်လျက်ရှိ၏။
ထိုကဲ့သို့သော ပုံနှိပ်စာများ မပေါ်မီက ပညာဗဟုသုတ ဆည်းပူးရန်ကိစ္စသည် များစွာ ခဲယဉ်းလှပေသည်။ အရေးအားဟူ၍ မရှိသေးသော ခေတ်တွင် လူတို့သည် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသမျှသော ပညာဗဟုသုတတို့ကို နှုတ်ငုံဆောင်ကြရသည်။ ထိုနောက် ရွှံ့ပြား၊ ကျောက်ပြားများပေါ်တွင် ရေးကြ၊ ထွင်းကြသော အရေးအသားများ ပေါ်လာသည်တို့ကို လူတို့သည် ကြည့်ရှု မှတ်သားကြရသည်။ ထိုနောက် ပေရွက်၊ ကျူရွက်၊ [[မြန်မာပုရပိုက်|ပုရပိုက်]] စသည်တို့အပေါ်တွင် ရေးမှတ်ထားသည်ကို လူတို့ဖြတ်ကြရသည်။ စက္ကူနှင့် ပုံနှိပ်စက်ခေတ်သို့ ရောက်လာသောအခါ လူအများ၌ စာဖတ်ခြင်း အလေ့အထသည် ပိုမို ပြန့်ပွားလာလေသည်။
ယခုခေတ်၌ မျက်မမြင်များအတွက်ပင်လျှင် လက်ဖြင့် စမ်း၍ဖတ်ရသော အပိမ့်အဖု အမှတ်အသားများ ဖြစ်သည့် ဗရေးလ စံနစ်သည် ထွန်းကားလျက် ရှိပြီ။ စာအုပ်သည် စာဖတ်သူ၏ မိတ်ဆွေကောင်း မည်ပေသည်။ စာအုပ်များမှာ ပညာဗဟုသုတ အမျိုးမျိုးကို ပေးသော ပညာ ပဒေသာပင်များ ဖြစ်သည်။ စာဖတ်၍ ပညာဗဟုသုတ ကြွယ်ဝသောအခါ စာဖတ်သူသည် မိမိ၏စိတ်ကို မိမိ ဆုံးမပဲ့ပြင်လာတတ်၏။ အမှားအမှန်ကို ပိုင်းခြား ဝေဖန်လာတတ်၏။ နေ့စဉ်ကြုံတွေ့ရသော ပြဿနာတို့ကို ဖြေရှင်းနိုင်တတ်၏။ အတွေးအခေါ် ရင့်သန်လာသည် နှင့်အမျှ မိမိပြုမူ ပြောဆို လုပ်ကိုင်သော အကြောင်းအခြင်းရာတို့သည် လူ့လောကနှင့် ဝင်ဆံ့လာတတ်၏။ ဤအချက်ကို သိမြင်သော ခေတ်မှီနိုင်ငံတို့သည် လူတိုင်း စာဖတ်သော အလေ့အထ ပြန့်ပွားလာအောင် တိုက်တွန်း နှိုးဆော်ပေးကြ၏။ ထို့ကြောင့်လည်း နိုင်ငံတကာတွင် စာကြည့်တိုက်များ အဓွန့်ရှည်စွာတည်တံ့အောင် ထူထောင်ခြင်း အလုပ်ကို အလေးဂရုပြု၍ လုပ်ဆောင်ကြခြင်းဖြစ်၏။
သို့ရာတွင် စာဖတ်ခြင်းမှ အကျိုးများ ပြည့်ပြည့်ဝဝ
ရွေးချယ်ရပေလိမ့်မည်။ စာအုပ်များ၌ မိမိစိတ်ကို ဖြေဖျော်ပေးသည့် စာအုပ်ကတစ်မျိုး၊ မိမိအား ဉာဏ်ပညာ ဗဟုသုတ အတွေးအခေါ် ရင့်သန်အောင် သွန်သင်ပေးသည့် စာအုပ်က
တစ်မျိုးဟူ၍ ရှိလေသည်။ အခါကာလ အားလျော်စွာ မိမိစိတ်ကြိုက်လည်းဖြစ်၍ မိမိအားလည်း အကျိုးတရား ပွားများစေသော စာအုပ်ကို ရွေးချယ်တတ်ရမည်။
==သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊
စာဖတ်ခြင်းနည်းကို ပညာရှင် အမျိုးမျိုးတို့ ညွှန်ပြခဲ့ကြသည်တွင် ဂမ္ဘီသာရပျို့လာ၊ ရှင်မဟာရဋ္ဌသာရ၏ 'သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊
သီကုံးပန်းသွင်၊ နေ့တိုင်းဆင် လော့၊ စာသင်ပျိုနု၊ အခြေပြုတို့'ဟူသော ဩဝါဒသည် တန်ဖိုးအရှိဆုံး ဖြစ်သည်ဟု ယူဆထိုက်ပေသည်။ ထိုအက္ခရာ ရှစ်လုံးမှာ အကျဉ်းပြသော
သု သုဏေယျ ကြားနာရာ၏။

▲ပါဠိစကားများ ဖြစ်သည်။ အဓိပ္ပါယ်မှာ
စိ စိန္တေယျ၊ ကြံစည်ရာ၏။

▲သု သုဏေယျ ကြားနာရာ၏။
ပု ပုစ္ဆေယျ၊ မေးမြန်းရာ၏။

▲စိ စိန္တေယျ၊ ကြံစည်ရာ၏။
ဘာ ဘာသေယျ၊ ပြောဆိုရာ၏။

▲ပု ပုစ္ဆေယျ၊ မေးမြန်းရာ၏။
ဝိ ဝိစာရေယျ၊ ဆင်ခြင်ရာ၏။

▲ဘာ ဘာသေယျ၊ ပြောဆိုရာ၏။
လိ လိခေယျ၊ ရေးသားရာ၏။

▲ဝိ ဝိစာရေယျ၊ ဆင်ခြင်ရာ၏။
သိ သိက္ခေယျ၊ လေ့ကျင့်ရာ၏။

▲လိ လိခေယျ၊ ရေးသားရာ၏။
▲သိ သိက္ခေယျ၊ လေ့ကျင့်ရာ၏။
ဓာ ဓာရေယျ၊ နှုတ်ငုံဆောင်ရာ၏ ဟူလေသည်။
ထိုအင်္ဂါရှစ်ပါးတို့မှာ စာဖတ်ခြင်း၏ အခြေခံဖြစ်လေသည်။