ရှမ်းညီနောင်သုံးဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎အမူထမ်းခြင်း
စာကြောင်း ၄ -
" ရှမ်းညီနောင်သုံးဦးမှာ ရာဇသင်္ကြ၊အသင်္ခယာ၊သီဟသူ " တို့ဖြစ်ကြသည်။ ရှမ်းညီနောင်သုံးဦးလောင်းတို့ဟာ မြတ်စွာဘုရား ဒေသစာရီ ကြွတော်မူသောအခါ သင့်ပွင့်တောင် သို့ရောက် တော်မူလေ၏။ ထိုအရပ်တွင်ရှိသော စိုင်ညီနောင်သုံးစီးတို့သည် မြေကြီးကို ချိုဖြင့် ကော်၍ ပူဇော်နေသည်ကို မြင်သော် ပြုံးတော်မူလေသည်။ ညီတော်အာနန္ဒာလည်း ပြုံးခြင်းအကြောင်းတော်ကို လျှောက်ထားမေးမြန်းလေသော်. မြတ်စွာဘုရားက'' ချစ်သား အာနန္ဒာ ငါပရိနိဗ္ဗာန်ပြုပြီး သာသနာတော် တစ်ထောင့်ရှစ်ရာ ကျော်သောအခါ ဤစိုင်ညီနောင် တို့သည် ဤအရပ်၌ မင်းညီနောင်သုံးပါး ဖြစ်လျက် ထင်ရှားစွာ မင်းပြုလိမ့်မည် '' ဟု ဗျာဒိတ်ထားတော်မူခဲ့သည်။ ဘိန္နကမြို့ကို အစိုးရသော စော်ဘွားကြီးတွင် သားတော် ၂ပါးရှိ၏။ စော်ဘွားကြီးလွန်သော် သားတော်ကြီးက မင်းပြုလေသော် ညီတော်အငယ် သိင်္ဂဗိုလ်နှင့် မကြည်ရှိရာ သတ်မည်ပြုသဖြင့် ညီတော်လည်း ကျွန်အများဖြင့် မြို့ကထွက်၍ ပြေးလေသည်။ အစဉ်အတိုင်း ပြေးခဲ့ပြီး မြန်မာနိုင်ငံဖြစ်သော ပြော့တို့နေရာ မြင်စိုင်း သို့ရောက်လာ လေသည်။ မြင်စိုင်းအရပ်တွင် အသည်သူကြွယ်သမီးနှင့် အိမ်ထောင်ဖြစ်လေရာ သားတော် သုံးပါး ထွန်းကားလေသည်။ ရာဇသင်္ကြ၊အသင်္ခယာ၊သီဟသူ ဟူသော နောင်ပိုင်းတွင် ရှမ်းညီနောင်သုံးဦး ဟု နာမည်တွင်လေသည်။
== အမူထမ်းခြင်း ==
ညီနောင်သုံးပါး အရွယ်သို့ရောက်သော် ဖခင်မှ နရသီဟပတေ့မင်းကြီးတွင် အမူထမ်းစေလေသည်။ ထိုညီနောင်သုံးပါးတို့သည် အမူတော်တို့ကို ထူးချွန်စွာ ဆောင်ရွက်နိုင်သဖြင့် မင်းကြီးမှ အားရတော်မူပြီး ကျေးရွာပေးလေသည်။ နရသီဟပတေ့မင်း၏သားတော် ဖြစ်သော ကျော်စွာလက်ထက်တွင်လည်း ဆက်လက် အမူထမ်းရာ အားရတော်မူသဖြင့် နောင်တော်ကို ရာဇသင်္ကြဟူသောရာဇသင်္ကြံဟူသော အမည်ဖြင့် မြင်စိုင်းမြို့ကို ပေးတော်မူလေသည်။ ညီတော်အလတ်ကို အသင်္ခယာ ဟူသော အမည်ဖြင့် မက္ခရာမြို့ကို ပေးတော်မူလေသည်။ ညီတော်အငယ်ကိုလည်း သီဟသူဟူသော အမည်ဖြင့် ပင်လယ်မြို့ကို ပေးတော်မူလေသည်။
 
== ကျော်စွာမင်းကိုနန်းချခြင်း ==
ကျော်စွာမင်းကြီးသည် မင်းဖြစ်ပြီး မင်းမဖြစ်ခင်က အတိုင်အပင်ရှိခဲ့သော မိဖုရားဘွားစောကို မေ့ထားတော်မူသဖြင့် မိဖုရားမှ နှလုံးတော်နာသဖြင့် မင်းညီနောင်သုံးပါးကို ခေါ်၍ ''သင့်တို့ကို သူကောင်းဖြစ်အောင် ငါကြံမည်၊ သူကောင်းဖြစ်လျှင် ငါ၏ စည်းစိမ်ကို မဖျက်နှင့်ဟု ကတိသစ္စာခံစေလေ၏ '' မင်းညီနောင်သုံးပါး တို့လည်း တစ်စိတ် တစ်ဝမ်း တည်း ဖြစ်ကြလေသည်။ မိဖုရားလည်း မင်းညီနောင်သုံးပါးကို မြင်စိုင်းအရပ်၌ ဂူပုထိုးတို့ကို တည်ထားစီရင်စေလ၏။ ပြီးသော် မင်းကြီးကျော်စွာကို လှည့်လည် ကြွချီ ချင်စိတ်ရှိအောင် လျှောက်တင်လေသည်။ မင်းကြီးလည်း ယုံကြည်တော်မူပြီး လှည့်လည်လေသည်။ မိဖုရားဘွားစောလည်း မှူးမတ်တို့နှင့် တစ်စိတ်တစ်ဝမ်း တည်း ဖြစ်သောကြောင့် မင်းကြီး မြင်စိုင်းသို့ရောက်သော် မင်းညီနောင် သုံးပါးက မင်းကြီးကို ဖမ်း၍ သင်္ကန်းလဲစေပြီး ထိုကျောင်းတွင် အစောင့်အရှောက်နှင့် ထားလေသည်။