အောင်ကြည်၊ ဒေါ်(ဝဏ္ဏကျော်ထင်): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၉ -
 
ဒေါ်အောင်ကြည်သည် နိုင်ငံတော် အစိုးရက ဖွဲ့စည်းသော သီချင်းကြီး ပန်ထျာမူမှန် ပြုစုရေးအဖွဲ့၌ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ရသည်။ မြန်မာ့ယဉ်ကျေးမှု တစ်ခုဖြစ်သော အဆိုအက၊ အနုသုခုမ ပညာလုပ်ငန်းများ၌ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံတော် အစိုးရက ဒေါ်အောင်ကြည်အား ၁၉၅၉-ခုနှစ်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည်။
 
<ref>မြန်မာစွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၀)</ref>
ဂီတလောကတွင် ထင်ပေါ်ကျော်ကြားလျက် ရှိသော အဆိုအက ဂီတပညာရှင်များက အများအားဖြင့် ဒေါ်အောင်ကြည့်ထံတွင် အခြေခံ ဂီတပညာများကို စည်းပူးခဲ့ကြသူများသာ ဖြစ်ကြသည်။ ဒေါ်အောင်ကြည်သည် မဟာဂီတ သီချင်းကြီးများကို ဆိုနည်းဆိုဟန်များသာမက တီးရိုးတီးကွက်များကိုပါ သင်ကြားပြသပေးနိုင်သူ ဖြစ်သည်။ အသက်ကြီးရင့်သည့် (၉၃)နှစ် အရွယ်ရောက်သည်အထိ သီချင်းကြီးစာသားများနှင့် တီးရိုးတီးကွက်များကို မေ့လျော့ခြင်း မရှိဘဲ တပည့်များအား သင်ကြားပြသနိုင်ခဲ့သူလည်း ဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ကြည်သည် မဟာဂီတ စာအုပ်များ၌ မပါဝင်သော ရှားပါးသီချင်းကြီးများကို သီချင်းစာသားများ ရွတ်ဆိုပြလျက် ဖော်ထုတ်ပေးခဲ့သည်။
 
ဒေါ်အောင်ကြည်၏ အဆိုအက ဂီတပညာကို အသံသွင်းခြင်း၊ ရုပ်မြင်သံကြားရိုက်ကူးခြင်းဖြင့် သက်ဆိုင်ရာက မှတ်တမ်းတင်ထားခဲ့သည်။ ဒေါ်အောင်ကြည်သည် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန ဂီတအကြံပေး ပုဂ္ဂိုလ်အဖြစ်၎င်း၊ ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာန ဂီတစိစစ်ရေး အဖွဲ့ဝင်အဖြစ်၎င်း၊ မြန်မာ့အသံ သီချင်းကြီး စိစစ်ရေးအဖွဲ့ဝင်အဖြစ်၎င်း ဆောင်ရွက်ခဲ့သည်။
 
ဂီတလောကတွင် ဂီတမိခင်ကြီးဟု ထင်ရှားသော ဝဏ္ဏကျော်ထင် ဒေါ်အောင်ကြည်သည် ၁၉၈၉-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၉၃)နှစ်ရှိပြီ ဖြစ်သည်။ <ref>မြန်မာစွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၀)</ref>
 
==ကိုးကား==