မှူးအောင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဘဝဖြစ်စဉ်
စာကြောင်း ၇၅ -
 
== ဘဝဖြစ်စဉ် ==
 
ငယ်စဉ်ကပင်ဘာသာရေး ဘက်တွင်စိတ်ဝင်စားခဲ့ပြီး ဘာသာရေးဆိုင်ရာစာအုပ်များကို လေ့လာဖတ်ရှု၍ စဉ်းစားတွေးခေါ်နေရသည်ကိုနှစ်သက်သူဖြစ်သည်။ ရွာကျောင်းမှ မူလတန်းဆင့်ကုန်အောင်သင်ကြားပြီးသည်နှင့် ရှင်သာမဏေပြု၍ ဗုဒ္ဓစာပေပရိယတ်များကိုလေ့လာဖတ်ရှုကျက်မှတ်ခဲ့သည်။ ရှင်ဘွဲ့မှာ ရှင်ဇဋိလဖြစ်၍ ဖြူးမြို့တွင် ရဟန်းခံပြီး စာပေပညာများကို ဆည်းပူးခဲ့သည်။ ရဟန်းဘောင်တွင် ပထမငယ်စာမေးပွဲကို အသက်နှစ်ဆယ်အရွယ်တွင်အောင်မြင်ခဲ့ပြီး ပထမလတ်နှင့် ပထမကြီး စာမေးပွဲများကိုလည်း ဆက်၍ကြိုးစားဖြေဆိုခဲ့သည်။ စာပေပညာဘက်၌ ထူးချွန်မည့်လက္ခဏများပါသောကြောင့် ရဟန်းအချင်းချင်း မနာလိုဖြစ်ကြသောကြောင့် ရဟန်းဝါ ငါးဝါရပြီးနောက် လူထွက်ခဲ့သည်။
 
၄င်းနောက်လယ်ယာ လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အသက်မွေးခဲ့သည်။ ထိုအချိန်က မြန်မာတစ်နိုင်ငံလုံးတွင် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး လုှုပ်ရှားမှုများဖြင့်ဆူညံလျက်ရှိပြီးလှုပ်ရှားမှုများဖြင့်ဆူညံလျက်ရှိပြီး ကျောင်းသားသပိတ်မှစ၍ ၁၃၀၀ ပြည့်အရေးတော်ပုံ အဆုံး တစ်ပြည်လုံး အုတ်အုတ်ကျက်ကျက် ဆူပွက်နေချိန်ဖြစ်သည်။ ဗိုလ်မှူးအောင်သည်လည်း နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် မိမိလည်းပါဝင်ရမည်ဟု ဆုံးဖြတ်ကာ ဖြူးမြို့သို့ထွက်ခွါခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများတွင် စာရင်းသွင်းလိုက်ပါရန် တို့ဗမာအစည်းအရုံး ခေါင်းဆောင်များအားပြောကြားခဲ့သည်။ ဤသို့ဖြင့် လယ်သမားဘဝမှ သခင်စံလှိုင်ဖြစ်လာသည်။
 
ဖြူးမြို့နယ် တို့ဗမာအစည်းအရုံးတွင် ထိုအချိန်က လှုပ်ရှားပါဝင်နေကြသော သခင်သန်းဖေနှင့် တက်ညီလက်ညီ တွဲဖက်မိခဲ့သည်။ သခင်သန်းဖေမှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပါလီမန်အမတ်ဘဝမှတောခိုသွားပြီး တောထဲတွင် ကွယ်လွန်ခဲ့သူဖြစ်သည်။ တို့ဗမာအစည်းအရုံး၏ သာယာဝတီညီလာခံမှ `အင်္ဂလိပ်အခက် ဗမာအချက်´ ဆိုသောကြွေးကြော်သံဖြင့်လွတ်လပ်ရေးလမ်းစကိုရှာခဲ့ချိန်တွင် သခင်အောင်ဆန်းက နိုင်ငံခြားသို့ ထွက်ခွါကာ စစ်ပညာသင်ယူကြမည့် ရဲဘော်များကိုလာခေါ်လေသည်။ ဂျပန်ပြည်သို့ထွက်ခွါသော ရဲဘော်သုံးကျိပ်အဖွဲ့၏ စတုတ္ထမြောက် ထွက်ခွါသောအဖွဲ့နှင့်လိုက်ပါသွားခဲ့ပြီး ၄င်းအဖွဲ့တွင် သခင်ရှုမောင်(ဗိုလ်ချုပ်ကြီးနေဝင်း) လည်း အတူပါရှိခဲ့သည်။ သင်္ဘောဖြင့် တိုကျိုသို့ထွက်ခွါခဲ့ပြီး ၄င်းမှတစ်ဆင့် ဟိုင်နန်ကျွန်းသို့ သွားရောက်ကာ စစ်ပညာများသင်ကြားခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် တိုင်ဝမ်ကျွန်းများတွင် စစ်ပညာများသင်ကြားပြီးနောက် ထိုင်းနိုင်ငံတွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုဖွဲ့စည်းသောအခါ သခင်စံလှိုင်အမည်မှ ဗိုလ်အောင်အဖြစ် အမည်ပြောင်းခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် အနေဖြင့် မြန်မာနိုင်ငံတွင်းသို့ စစ်ကြောင်းကြီးများဖြင့် ဝင်လာသောအခါတွင် ဗိုလ်အောင်သည် တပ်ဦးမှနေ၍ဦးစီးရသော တပ်မှူးအဖြစ် ချီတက်ဝင်ရောက်လာခဲ့သည်။
Line ၈၆ ⟶ ၈၅:
ဂျပန်ကိုမတော်လှန်မီ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တော်လှန်ရေးတိုင်းအသီးသီးကို ကြည့်ရှုစစ်ဆေးပြီးနောက် ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်ရုံးကို ဗိုလ်မှူးအောင်၏ တိုင်းတွင်ထားရှိရန်ဆုံးဖြတ်ခဲ့သည်။ ဗိုလ်မှူးအောင်၏ တော်လှန်ရေးတိုင်း (၇) ဌာနချုပ်သည် မြေလတ်ဒေသ သရက်ခရိုင်တွင်ထားရှိခဲ့သည်။
 
တော်လှန်ရေးပြီးသောအခါ တပ်ထဲမှထွက်ကာ ယောင်ချာချာဖြစ်နေသောရဲဘော်ကလေးများကို လမ်းမှားရောက်မသွားစေရန် ဗိုလ်ချုပ်အောင်ဆန်း၏ တာဝန်ပေးချက်အရ ပြည်သူ့ရဲဘော်အဖွဲ့ကို တာဝန်ယူစည်းရုံးဖွဲ့စည်းခဲ့သည်။ [[၁၉၄၇]] ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်မှူးအောင်သည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ [[ရဲတပ်ဗိုလ်ချုပ် ဆာမောင်ကြီး|ဆာမောင်ကြီး]]၊ [[အောင်ဇံဝေ၊ ဦး| ဦးအောင်ဇံဝေ]]၊ [[တင်ထွဋ်၊ ဦး (အိုင်စီအက်စ်)|ဦးတင်ထွဋ်(အိုင်စီအက်စ်)]]၊ [[ခင်မောင်ကလေး၊ ဗိုလ်|ဗိုလ် ခင်မောင်ကလေး]]၊ [[မြို့မ-ဦးသန်းကြွယ်]]၊ သခင်ဝတင်[[ဝတင်၊ သခင်|သခင်ဝတင်]]နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင်ဦးဆောင်ပါဝင် ခဲ့သည်။ <ref>[[၁၉၇၂]] ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈</ref> <ref>[[၁၉၈၀]]မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း</ref>
 
အသက်ပေး၍ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်များအချင်းချင်း အဖြူ၊ အဝါ၊အနီ စသဖြင့် ကွဲကြခြင်းနှင့်ပတ်သက်၍ ဗိုလ်မှူးအောင်က `ကိုယ်တို့တစ်တွေ လွတ်လပ်ရေးရကာမှ၊ အောင်ပွဲဆင်ပြီးကာမှ ကိုယ်တို့ရဲဘော်တွေဟာ သူတို့ပါတီတွေအပေါ်မှာ ထားတဲ့သံယောဇဉ်က တိုင်းပြည်အပေါ်မှာ ရှိတဲ့သစ္စာထက် ကြီးမားလို့ ပါတီခေါ်ရာနောက်ကို တကောက်ကောက် လိုက်သွားကြလေရဲ့။ ပါတီမှိုင်းမိပြီး အားလုံးဖရိုဖရဲ ဖြစ်ကုန်ကြတာအင်မတန်ကြေကွဲစရာကောင်းတယ်´ ဟုပြောခဲ့လေသည်။