အဇန္တလိုဏ်ဂူ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁၁၄ -
စွမ်းပြထားကြလေသည်။
လိုဏ်ဂူများကို နှစ်ပေါင်း ၁ဝဝဝ ခန့်အတွင်း
ဆိုခဲ့သည်။ မူလက ရဟန်းတော်များ သီတင်းသုံးရန် ဝိဟာရများကိုသာ စတင်ပြုလုပ်ခဲ့ကြသော်လည်း နောင်အခါ သီတင်းသုံးရဟန်း များ တိုးပွားလာသည့်အခါ
စည်းဝေးခန်းမဆောင်များ ပါဝင် သော ဘုရားကျောင်း တန်ဆောင်းများကိုလည်း ထွင်းဖောက် တည်ဆောက်ခဲ့ကြသည်။ အထူးသဖြင့် ခမ်းနားကြီးကျယ်၍ အနုပညာ
မြောက်သော လက်ရာများဖြင့်ပြီးသည့် လိုဏ်ဂူများသည် ခရစ် ခုနစ်ရာစုနှစ်နှင့် ရှစ်ရာစုနှစ်အတွင်း ဂုတ္တမင်းများခေတ်က လိုဏ်ဂူများဖြစ်ကြသည်။ ထိုခေတ်သည်
အိန္ဒိယ၌ ပန်းတမော့အတတ်နှင့် ပိသုကာပညာတို့ အလွန်ထွန်းကား ပြောင်မြောက်သောခေတ် ဖြစ်ပေသည်။ ထိုကြောင့်လည်း ထိုဂူ များများမှ အနုပညာသုံးရပ်၏
လက်ရာများသည် အံ့မခန်း ဖွယ်ရာဖြစ်ကြောင်း တွေ့ရပေသည်။ ထိုခေတ်လက်ရာဖြင့် ပြီးသော လိုဏ်ဂူများကိုလည်း ပိုမို တွေ့ရှိရသဖြင့် အဇန္တလိုဏ် ဂူများကို ဂုတ္တခေတ်တွင် ပိုမို တိုးချဲ့လုပ်ကိုင်ခဲ့သည်ဟု ခန့်မှန်းရလေသည်။
လိုဏ်ဂူများကို မတ်စောက်စောက်တောင်ခါးပန်း၏ ခုလတ်တွင် ဖောက်ထွင်းပြုလုပ်ထားသည်။ ခြားနားချက်ရှိသဖြင့် ဝိဟာရနှင့်ဘုရားတန်ဆောင်းဟူ၍ လိုဏ်ဂူနှစ်မျိုးနှစ်စားရှိကြောင်း ဆိုခဲ့ခြင်းဖြစ်ရာ၊ ထိုခြားနားချက်ကား ဝိဟာရများတွင် အရှေ့မျက်နှာစာ၌ ကျယ်ဝန်းသော ဆင်ဝင်လသာ
ဆောင်များရှိ၍ အတွင်းဘက်၌ အဝင်ပေါက်ကို မျက်နှာမူလျက် ဘုရားဝတ်ပြု ဆောင်ရှိလေသည်။ အကြီးဆုံးသော လိုဏ်ဂူတစ်ခုသည် ၈၉ ပေ ပတ်လည်ရှိသည်။
အရှည်လျားဆုံးသောလိုဏ်ဂူသည် ၉၄ ပေ ရှိသည်။ များသောအားဖြင့် လိုဏ်ဂူ အမိုးအမြင့်သည် ပေ ၂ဝ ကျော် ရှိသည်။ ဘုရားတန်ဆောင်းများတွင် ကျောက်သား
ကို ထုထွင်း၍ ပန်းတမော့ လက်ရာ ဖော်ထားသော ကျောက်တိုင်လုံးကြီးများသည် မျက်နှာကြက်ကို ထောက်ပင့်ထား၍ ထို တိုင်လုံးကြီး များအားဖြင့် ဘုရားဝတ်ပြုရာ
နေရာနှင့်စင်္ကြံတို့ကို အခန်းဖွဲ့၍ ပိုင်းခြားထားသည်။ ဝိဟာရများတွင်မူ နံရံသုံးဘက် တစ်လျှောက် မျက်နှာကြက်ကို ထောက်မထားသော တိုင်လုံး များရှိ၍၊
ရဟန်းများ သီတင်းသုံးသော ဂူပေါက်အခန်းငယ်များသည် အလယ်ခန်းမဆောင်ဘက်ကို မျက်နှာမူလျက် နံရံသုံးဘက်ပတ်လည်၌ ရှိကြသည်။ ဝိဟာရများ၏
ဆင်ဝင် ဘက်မျက်နှာစာ၌လည်း ပန်းတမော့လက်ရာ ရုပ်လုံးရုပ်ကြွ အပြောက်အမွမ်းတို့ဖြင့် လက်စွမ်းပြထားပြီးလျှင်၊ ဆင်ဝင်ကို ထောက်မထားသော ကျောက်သား တိုင်လုံးကြီးများကိုလည် တင့်တယ်ခံ့ညားသော ပန်းတမော့အနုပညာလက်ရာတို့ဖြင့် ပုံဖော်ထားလေသည်။
ကျောက်တောင်ကြီး၏ ကျောက်သားကို ဖဲ့ထုတ်ထုထွင်း၍ ထိုကဲ့သို့သော ခမ်းနားကြီးကျယ်သည့် ဂူကျောင်း၊ တန်ဆောင်းအဖြစ် ဖန်တီးရခြင်းသည် အလွန်ခက်ခဲလက်ဝင်လှ၍ တိကျမှု လိုအပ်လှပေသည်။ ကျောက်ဆတ်သမားသည် တစ်နေရာ၌ တစ်ချက်ကလေး တိမ်းသွားရုံမျှနှင့် အဆောက်အအုံကြီး တစ်ခု လုံးအတွက် ပုံပျက်ပန်းပျက်ဖြစ်သွားနိုင်ပေရာ အဇန္တလိုဏ်ဂူ များကို တိကျသေချာစွာ ထုထွင်းလုပ်ကိုင်ခဲ့ကြောင်း အထောက်အထားများ တွေ့ရပေသည်။ ထိုပြင် ဂန္ဓကုဋိတိုက်များ၏ အပြင်အဆင် အမွမ်းအမံများ ကို ထောက်ထား၍ အဇန္တလိုဏ်ဂူများတွင် သီတင်းသုံးခဲ့သော ရဟန်းတော်များ၏ ယုံကြည်ကိုးကွယ်မှု
အသွင်ပြောင်းလာ သည်ကိုလည်း တွေ့ရသည်။ ရှေပိုင်းကျသော ဂန္ဓကုဋိတိုက် များတွင် လိုဏ်ဂူ၏အဆုံးပိုင်း၌ ရဟန်းတော်များ ဘုရားဝတ် ပြုရန် ထူပါရုံများကို ကျောက်သားမှ ထုထွင်းပူဇော်ထားသည် ကိုသာ တွေ့ရ၍ ထေရာဝါဒဂိုဏ်း၏ အသွင်အပြင် လက္ခဏာ အတိုင်း အပြင်အဆင် အမွမ်းအမံ မများဘဲ ရိုးရိုးရှင်းရှင်း မျှသာ ဖြစ်ပေသည်။ နောင်အခါ ဘုရား၏ပုံတော်ကို ထုလုပ် ကိုးကွယ်သည့်ဓလေ့ ခေတ်စားလာသောအခါ ထိုထူပါရုံမာတွင် ဗုဒ္ဓမြတ်စွာ၏ ရုပ်တုတော်များကို မုဒြခေါ် ဟန်အမူအယာ အနေအထား အမျိုးမျိုးဖြင့် ထုထွင်းပူဇော်ထားသည်ကို တွေ့ရ သည်။ နောက်ပိုင်းတွင် မဟာယာနဂိုဏ်း၏ အသွင်အပြင် လက္ခဏာများဖြစ်သော
ခမ်းနားကြီးကျယ်သည့် အပြင်အဆင် အမွမ်းအမံများ ပါဝင်လာသည်ကိုလည်း တွေ့လာကြရလေ သည်။ ပို၍နောက်ပိုင်းကျသောအခါတွင် ဘုရားဆင်းတုတော် များကို
ဉာဏ်တော်အမျိုးမျိုး မုဒြခေါ် အနေအထား အမျိုးမျိုးတို့ဖြင့်ကျောက်သားကို ထုတွင်းပုံဖော် ထားလေသည်။ အချို့ ဆင်းတုတော်များသည် ဉာဏ်တော်ငါးတောင်ခန့်ရှိ၍
အချို့သည် ဉာဏ်တော် ဆယ်တောင်ခန့် ရှိသည်။ ရုပ်ပွားတော်ကြီး တစ်ဆူ သည် အလွန် ကြည်ညိုဖွယ်ကောင်းလှ၍ အိန္ဒိယ တစ်နိုင်ငံလုံး တွင် ရုပ်လုံးထုလက်ရာ
အကောင်းဆုံး ရုပ်ပွားတော်တစ်ဆူဟု ဆိုကြလေသည်။
ဝိဟာရလိုဏ်ဂူများ၏အတွင်းအပြင်၌ ပြောင်မြောက်သော ပန်းတမော့လက်ရာများကို တွေ့ရပြီးလျှင် လိုဏ်ဂူအတွင်း မျက်နှာကြက်နှင့် နံရံများတွင်မူ အံ့ချီးဖွယ်ရာ ပန်းချီခန်းများကို တွေ့ရသည်။ မျက်နှာကြက် များတွင် ရောင်စုံကျောက်ပြားချပ် ငယ်များဖြင့် ခြူးပန်းခြူးနွယ်၊ ကနုတ်ပန်းတို့ကို တစ်ခုနှင့် တစ်ခု ပုံစံချင်း
မထပ်ရလေအောင် ဆန်းကြယ်လှပစွာ ပုံဖော်ထားလေသည်။
အဇန္တလိုဏ်ဂူများတွင် တွေ့ရသော အနုပညာလက်ရာသုံးမျိုးအနက်၊ နံရံပန်းချီခန်းအတွက် အဇန္တသည် ပိုမိုကျော်ကြားလေသည်။ ဘီစီ နှစ်ရာစုနှစ်မှ အေဒီ (ခရစ်နှစ်) ခုနစ်ရာစု နှစ်တိုင် ခေတ်အမျိုးမျိုးကို ကျော်ဖြတ်၍ ရှည်လျားသော ကာလအတွင်း ရေးဆွဲခဲ့သော ပန်းချီခန်းများ ဖြစ်ကြသော်လည်း တစ်ခေတ်တည်း တစ်လက်ရာတည်းကဲ့သို့ သဘောအယူအဆ တူညီခြင်း၊ ရေးဆွဲပုံစနစ် တစ်သမတ်တည်း ရှိခြင်းသည် အံ့ချီး ဖွယ် ကောင်းလှသည်။
ပန်းချီခန်းများတွင် သရုပ်ဖော်ထားသော အကြောင်းရပ်
Line ၂၄၄ ⟶ ၁၇၂:
ပန်းချီဆေးတို့ကို လိုရာတွင် ချယ်လေသည်။
ပန်းချီဆေးများကို အပြာရောင်နှင့် အနက်ရောင်ဆေးများမှ တစ်ပါး အခြားဆေးရောင်များကို အနီးအနား ပတ်ဝန်းကျင် တောင်ကုန်းများမှ အလွယ်တကူ ရရှိသောပစ္စည်းများဖြင့် ဖော်စပ်အသုံးပြုကြသည်။ အဖြူကို မြေဖြူမှ၊ အဝါကို မြေဝါ ဆေးဒန်းမှ၊ အနီကို မြေနီဟင်္သာပဒါးဂွေနီတို့မှ အစိမ်းကို ဒုတ္ထာစိမ်းမှ ဖော်စပ်နိုင်ကြလေသည်။ အနက်ရောင်ကို ရေနံ မှိုင်း၊ ဆီမှိုင်းတို့မှလည်းကောင်း၊ အပြာရောင်ကို မဲနယ်မှ လည်းကောင်း ဖော်စပ်ကြလေသည်။
ဆေးစွဲအောင် တမာ စေးကိုလည်းကောင်း၊ အရောင်တောက်အောင် ငါးသည်းခြေကို လည်းကောင်း ရောနှောသုံးစွဲကြသည်။ မြန်မာနိုင်ငံ ပုဂံခေတ် ပန်းချီသည် အိန္ဒိယ
ပန်းချီမျိုးစေ့မှ ပွားခဲ့သည် ဖြစ်ရာ ရေးခြယ် ပုံစနစ်နှင့် ဆေးရောင်ဖော်စပ်သုံးစွဲပုံတို့သည် အိန္ဒိယပန်းချီစနစ်အတိုင်း ဖြစ်လေသည်။ အဇန္တနံရံ ပန်းချီခန်းတို့၏
ထူးခြားမှု တရပ်မှာ သုံးစွဲရေးခြယ်သော ဆေးရောင်တို့၏ ပြေပြစ်မှုဖြစ် လေသည်။ အရောင်တစ်မျိုးတည်း၏ ကဲမိုးတောက်ပနေခြင်းကို မတွေ့ရဘဲ အနီ၊ အဝါ၊ အပြာ၊
အစိမ်းစသည့် အရောင်တို့၏ အနုအရင့် ပြေပြစ်စွာ ရှက်လိမ်တောက်ပကာနေပုံသည် နှစ်သက်ဖွယ် ဖြစ်လေသည်။
အခြားအံချီးဖွယ်ရာ တစ်ရပ်မှာ အချို့လိုဏ်ဂူများအတွင်း၌
Line ၂၇၅ ⟶ ၁၈၉:
ဖန်တီးရေးဆွဲခဲ့ကြပါသနည်းဟု တွေးတောနေခဲ့ကြရလေသည်။
အဇန္တလိုဏ်ဂူ၏ အနုပညာလက်ရာတို့ကား
အဇန္တလိုဏ်ဂူ များကဲ့သို့ ဗိသုကာ၊ ပန်းတမော့နှင့် ပန်းချီတည်းဟူသော အနုပညာသုံးရပ်၏ အကောင်းဆုံးလက်ရာများကို တစ်ပြိုင် တည်း တွေ့နိုင်သည့် နေရာမျိုး
တွေ့ခဲ့လှသည်ဟု ဆိုလေသည်။
|