ဗရွန်တိုဆောရတ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
'''ဗရွန်တိုဆောရတ်'''(''[[Brachiosaurus]]'')သည် ဆော်ရိုပေါ့အုပ်စု(''Sauropod'') [[ဒိုင်နိုဆော]]မျိုးဖြစ်ပြီး ဂျူရာဆစ်ယုဂ်(''Jurassic Period'')အတွင်း ကျက်စားခဲ့သည်။ ၎င်းသည်ကြီးမားသောသတ္တဝါဖြစ်၍ တန် ၃၀ ခန့်လေးပြီး ၂၀ မှ ၂၅ မီတာအထိရှည်သည်။ ကြီးမားတုတ်ခိုင်သော ခြေလေးချောင်းရှိပြီး ရှည်လျားသောလည်တိုင်နှင့် အလွန်သေးငယ်သော ဦးခေါင်းပါရှိ၏။ အမြီးသည် အလွန်ရှည်လျားသောသေးသွယ်ပြီး ကျာပွတ်နှင့်တူသောအမြီးဖျားပါရှိသည်။ သေးငယ်အားပျော့သော သွားများပါသဖြင့် ဗရွန်တိုဆောရတ်တို့သည် အသီးအရွက်စားသတ္တဝါဖြစ်ကြောင်းသိရသည်။
ဗရွန်တိုဆောရတ်တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို [[မြောက်အမေရိက]]ရှိ ဂျူရာဆစ်သက်တမ်းရှိသော အနည်ကျကျောက်လွှာများတွင် တွေ့ရသည်။ သက်လယ်ကပ်ကို ယုဂ် သုံးပိုင်းပိုင်းခြားနိုင်၏။ ထရိုင်ယဆစ်(''Triassic Period'')၊ ဂျူရာဆစ်(''Jurassic Period'')နှင့် ခရီတေးရှတ်ယုဂ်(''Cretaceous Period'')ဟူ၍ဖြစ်သည်။ အကောင်ကြီးမားသော ဒိုင်နိုဆောတို့သည် ဂျူရာဆစ်ယုဂ်အတွင်းပေါ်ပေါက်ကျက်စားခဲ့ကြ၏။ ဗရွန်တိုဆောရက်နှင့် အတူကြီးမားသောအခြား ဒိုင်နိုဆောများမှာ ဒစ်ပလိုဒိုကတ်(''Diplodocus'')၊ ကမမရိုဆောရတ်(''Camarosaurus'')နှင့် ဗရာခီအိုဆောရတ်(''Brachiosaurus'') တို့ဖြစ်ပြီး ၎င်းတို့သည်လည်း ဂျူရာဆစ်ယုဂ်အတွင်းကျက်စားခံကြသည်။ ၎င်းတို့အာလုံးတွင် အလွန်သေးငယ်သော ဦးခေါင်းနှင့် ရှည်လျားသောလည်တိုင်ပါရှိရာ ရေနက်ပိုင်းတွင်ဆင်းပြီး ဦးခေါင်းဖေါ်၍နေနိုင်သဖြင့် ဒိုင်အာသရိုနသတ်(''Diathrognathus'') ကဲ့သို့သော အသားစားသတ္တပါတို့၏ ဘေးရန်မှလွတ်မြောက်အောင်ပုန်းကွယ်နေနိုင်ကြသည်။<ref>{{cite book|title=ကလေးသူငယ်များအတွက်သုတရတနာသိုက်|volume=ကမ္ဘာဦးသက်ရှိများ|date=၁၉၈၄}}</ref>