"ဆာမူရိုင်း" ၏ တည်းဖြတ်မှု မူကွဲများ

၁၅ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၁ နှစ်
အရေးမကြီး
robot Adding: ceb:Samurai; cosmetic changes
အရေးမကြီး (robot Adding: new:चामुराय् (तमिल संकिपा))
အရေးမကြီး (robot Adding: ceb:Samurai; cosmetic changes)
[[ImageFile:Samurai.jpg|thumb|250px|၁၈၆၀ခုနှစ်များအတွင်း ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ဆာမူရိုင်း၊ ဖဲလိုက်စ်ဘီတိုရိုက်ကူးထားသော ဓာတ်ပုံ]]
ဆာမူရိုင်း (Japanese:侍 English: Samurai) ဆိုသည်မှာ ဂျပန်နိုင်ငံတွင် စက်မှုထွန်းကားသောခေတ်မတိုင်မီက စစ်တပ်အတွင်း မြင့်မားသောဂုဏ်ရည်ရှိသည့် ရာထူးအဆင့်အတန်းတစ်ခုဖြစ်သည်။ ဘာသာပြန်ဆရာ ဝီလီယမ် စကော့ ဝီလ်ဆင်၏ အဆိုအရ "တရုတ်ဘာသာတွင် 侍 စာလုံးသည် မူလအဓိပ္ပာယ်အားဖြင့် လူ့အဖွဲ့အစည်းအတွင်း အထက်တန်းစားပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ကြပ်ကြည့်ရှုသည် ဟူသည့် ကြိယာဖြစ်သည်။ ဂျပန်ဘာသာ၏ မူလစကားလုံး ဆာဘူရော(saburau) အတွက်လည်း ထိုအဓိပ္ပာယ်ပင်ဖြစ်သည်။ နိုင်ငံ ၂နိုင်ငံလုံးတွင် ထိုအသုံးအနှုန်းမှာ အထက်တန်းစား ပုဂ္ဂိုလ်တစ်ယောက်ကို အနီးကပ်စောင့်ကြပ် ကြည့်ရှုသူ"ဟူ၍ အဓိပ္ပာယ်ရပြီး ဂျပန်ဘာသာ အသံထွက်မှာ ဆာဘူရိုင်း ဟူ၍ ပြောင်းလဲလာသည် ဟူ၍ဖြစ်သည်။ ဝီလ်ဆင်က ဆာမူရိုင်းဟူသော အသုံးအနှုန်းကို ပထမဆုံးသုံးနှုန်းခြင်းကို ၁၀ ရာစု၏ ပထမပိုင်းတွင် ရေးသားပြီးစီးခဲ့သော ပထမဆုံး နန်းသုံးကဗျာစာတွဲ ကိုကင်ရှူး (Kokinshu) တွင် တွေ့ရသည် ဟုဆိုသည်။ ၁၂ရာစုအကုန်ပိုင်းတွင် ဆာဘူရိုင်းဟူသော အသုံးအနှုန်းသည် ဘူရှိ(Japanese:武士 English: bushi )ဆိုသော စကားလုံးနှင့် အဓိပ္ပာယ်တူသုံးစွဲကြပြီး ထိုစကားလုံးသည် အလယ်တန်းစားနှင့် အထက်တန်းစား စစ်သူရဲတို့၏ ရာထူးအဆင့်အတန်းများနှင့် ဆက်စပ်သုံးစွဲလေ့ရှိကြသည်။
 
== သမိုင်းကြောင်း ==
[[ImageFile:KofunCuirass.jpg|thumb|200px|left|ရွှေရောင်တောက်နေသော ကြေးတို့ဖြင့် တန်ဆာဆင်ထားသည့်သံခမောက် နှင့် သံချပ်ဝတ်စုံ၊ ကိုဖန်ခေတ်၊ ၅ရာစု၊ တိုကျိုအမျိုးသားပြတိုက်]]
၆ရာစုနှစ်များအတွင်းက စစ်သူရဲများနှင့် ခြေလျင်စစ်သည်တော်များသည် ပထမဆုံး ဆာမူရိုင်း အဆင့်ခွဲခြားသတ်မှတ်မှု ကို စတင်ခဲ့သည်ဟု ယုံကြည်ရသည်။<ref name="HW">William Wayne Farris, Heavenly Warriors — The Evolution of Japan's Military, 500–1300, Harvard University Press, 1995.</ref>တန်တရုတ်(Tang China) နှင့် ဆေးလာ(Silla) တို့ဖြင့်တိုက်ခိုက်ခဲ့သောစစ်ပွဲများတွင် အပြင်းအထန် ဆုံးရှုံးခဲ့ပြီးနောက် ဂျပန်တို့သည် အကြီးအကျယ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကြသည်။ ထိုအထဲမှ အရေးကြီးဆုံးတစ်ခုမှာ နာကာနို အိုအဲ (Naka no Ōe) သို့မဟုတ် တန်ဂျိဘုရင်(Emperor Tenji) မှ အေဒီ ၆၄၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော တိုင်းကာပြုပြင်ရေး ပင်ဖြစ်သည်။ ဤအမိန့်တော်သည် တရုတ်တို့၏ ယဥ်ကျေးမှုထုံးစံများနှင့် အုပ်ချုပ်ရေးနည်းလမ်းများကို ဂျပန်အစိုးရနှင့် ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားများတွင် အစပျိုးပေးခဲ့သည်။<ref name="HW"/> အေဒီ၇၀၂ တွင် ထုတ်ပြန်ခဲ့သော တိုင်းဟိုဥပဒေ၏ တစ်စိတ်တစ်ပိုင်း နှင့် နောက်ပိုင်းထုတ်ပြန်ခဲ့သော ယိုးရိုးဥပဒေ တို့ကြောင့် <ref name="HOJ GS">A History of Japan, Vol. 3 and 4, George Samson, Tuttle Publishing, 2000.</ref>လူထုသည် လူဦးရေစာရင်းကို အမြဲတမ်းသတင်းပို့ရပြီး ထိုစာရင်းကို နိုင်ငံအတွက် စစ်မှုထမ်းရန်စာရင်း အဖြစ်အသုံးပြုသည်။ ဘုရင် မိုမု (Emperor Mommu)သည် လူဦးရေပျံနှံ့မှုကို သဘောပေါက်နားလည်လာသောအခါတွင် အရွယ်ရောက်ပြီး ယောက်ျားလေး ၃-၄ ယောက်တွင် တစ်ယောက်မျှ နိုင်ငံ့တပ်မတော်တွင် စစ်မှုထမ်းရန် ဥပဒေကို စတင်ထုတ်ပြန်သည်။ စစ်သားများသည် မိမိကိုင်ဆောင်မည့်လက်နက်ကို မိမိဘာသာ ရယူရန်လိုအပ်ပြီး ထိုအတွက် အခွန်အတုတ်များမှ ကင်းလွတ်ခွင့်ရသည်။<ref name="HW"/> ထိုကြိုးပမ်းမှုသည် တော်ဝင်အစိုးရမှ တရုတ်တို့ကို အတုယူပြီး စနစ်တကျစုစည်းထားသော စစ်တပ်ပုံစံကို ဖွဲ့စည်းရန် ပထမဆုံးကြိုးပမ်းမှုဖြစ်သည်။ ထိုကြိုးပမ်းမှု ကို ဂန်ဒန်-ဆေး (English: gundan-sei Japanese: 軍団制) ဟု နောက်ပိုင်းခေတ် သမိုင်းပညာရှင်တို့က ခေါ်ဝေါ်ပြီး ခေတ္တခဏမျှသာ ကြာမြင့်သည်ဟု ယုံကြည်ယူဆကြသည်။
 
တိုင်းဟိုဥပဒေတွင် မင်းမှုထမ်းများကို အဆင့် ၁၂ ဆင့်ခွဲခြားသတ်မှတ်ထားပြီး အဆင့်တစ်ဆင့်စီတွင် နောက်ထပ် ၂ ဆင့် ထပ်မံခွဲခြားထားသည်။ ပထမဆုံးအဆင့်သည် ဘုရင်၏ အဆင့်အမြင့်ဆုံး အကြံပေးအရာရှိအဆင့်ဖြစ်သည်။ အဆင့် ၆ နှင့် အောက်ကို ဆာမူရိုင်း ဟုသတ်မှတ်ပြီး သူတို့သည် နိစ္စဓူဝ ကိစ္စများကို ထိတွေ့တာဝန်ယူရသည်။ ထို ဆာမူရိုင်းများမှာ အရပ်သား ဘုရင့်အမှုထမ်းများဖြစ်ကြသော်လည်း ထိုအမည်မှ ဆင်းသက်လာသည်ဟု ယုံကြည်ရသည်။ နောင်ရာစုနှစ်ပေါင်းများစွာအထိ စစ်သားများကို ဆာမူရိုင်းဟု ရည်ညွှန်းခေါ်ဆိုခြင်း မပြုခဲ့ပေ။
<blockquote>"ဘူရှီဒိုဆိုသည်မှာ အသက်အသေခံရန် ရူးသွပ်စွာ ယုံကြည်ခြင်းပင်ဖြစ်သည်။ ထိုသို့သော လူတစ်ယောက်ကို လူငါးဆယ်နှင့် အထက်ကပင် မသတ်နိုင်"</blockquote> ဟူသော စကားအတွက် ထင်ရှားသည်။
 
တိုရီ မိုတိုတာဒါ (၁၅၃၉-၁၆၀၀) သည် မြေရှင်ပဒေသရာဇ်တစ်ယောက်ဖြစ်ပြီးတိုကုဂါဝါ လီယစု ၏ အမှုထမ်းတစ်ယောက်ြဖစ်သည်။ ဆဲကိဂါဟာရာ တိုက်ပွဲမတိုင်မီနေ့တွင် သူ၏ အရှင်သခင်ကမူ အရှေ့ဖက်သို့ထွက်ခွာသွားချိန်တွင် သေချာပေါက် ကျရှုံးမည်ြဖစ်သည့် ဖူရှိမိရဲတိုက်တွင် နေခဲ့ရန် မိမိသဘောဆန္ဒဖြင့် တောင်းဆိုသည်။ တိုရီ နှင့် တိုဂုဂါဝါတို့ နှစ်ဦးစလုံးကပင် ရဲတိုက်ကို ကာကွယ်ရန် မဖြစ်နိုင်ဆိုသည့် အချက်ကို သဘောတူကြသည်။ သူ၏အရှင်သခင်ပေါ်တွင် သစ္စာစောင့်သိမှု ကို ပြသည့်အနေဖြင့် တိုရီသည် နောက်တွင် ချန်နေခဲ့ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး သူနှင့် သူ၏ခံစစ်တပ်များက အဆုံးသတ်ထိတိုက်ခိုက်မည်ဟု ကြွေးကြော်ခဲ့သည်။ ထုံးတမ်းစဥ်လာအနေဖြင့် တိုရီသည် အရှင်အဖမ်းမခံဟုလည်း ကြုံးဝါးသည်။ ထိုသို့ကြေကွဲစရာကောင်းသော နောက်ဆုံးခံစစ်တွင် ရဲတိုက်စောင့်တပ်သည် အလွန်တရာများပြားလှသော အီရှီဒါ မိဆုနာရီ၏ စစ်တပ်ကြီးကို ၁၀ ရက်ကြာသည့်တိုင် တောင့်ခံခဲ့သည်။ သူ၏သား တာဒါမာဆာ သို့ရေးခဲ့သော ထိခိုက်ကြေကွဲဖွယ်ကောင်းသောစာတွင် တိုရီက
<blockquote>မည်သည့်အခြေအနေတွင်မဆို နောက်ဆုံး သေရမည်ကို မုချသိသည့် အခြေအနေ၌ပင် သေခြင်းတရားကိုရှောင်လွဲခြင်းသည် စစ်သူရဲ၏ ကျင့်ထုံးမဟုတ်ပဲ ရှက်စရာကောင်းသော အပြုအမူဖြစ်သည်။ မိမိ၏ အရှင်သခင် အတွက် အသက်ကိုစွန့်လွှန်ခြင်းသည် ဘယ်တော့မှ မပြောင်းလဲမည့် သဘောတရားပင်ဖြစ်သည်။ ငါသည် ဤနိုင်ငံရှိ အခြား စစ်သူရဲများ၏ ရှေ့မှချီ၍ အရှင်သခင်၏ အကျိုးအတွက် နှင့် ငါ့မိသားစု၏ ဂုဏ်သိက္ခာအတွက် ငါ၏ အသက်ကို စွန့်လွှတ်ခြင်းသည် နှစ်ပေါင်းများစွာကတည်းကပင်ရှိခဲ့သော ငါ၏ ပြင်းထန်သော ဆန္ဒပင်ဖြစ်သည်။</blockquote>
ဟုရေးခဲ့သည်။
"သူ (တာကဲဒ ရှင်းဂန်း) သည် စည်းကမ်းတင်းကျပ်သူတစ်ယောက်ဖြစ်ပြီး ဟာဂါကူရဲတွင် ရန်ဖြစ်သူ ၂ယောက် ကို ကွက်မျက်ခြင်း နှင့် ပတ်သတ်၍ စံပြပုံပြင်တစ်ပုဒ်ရှိခဲ့သည်။ သူတို့နှစ်ယောက်ကို ရန်ြဖစ်သဖြင့် ကွက်မျက်ခြင်းမဟုတ်ပဲ သေသည်အထိ မတိုက်ခိုက်သောကြောင့် ကွက်မျက်ခဲ့ခြင်းဖြစ်သည်။"
 
== ကျမ်းကိုးစာရင်း ==
{{Reflist}}
 
[[ca:Samurai]]
[[cbk-zam:Samurai]]
[[ceb:Samurai]]
[[cs:Samuraj]]
[[da:Samurai]]
၉၀၃၆

တည်းဖြတ်မှုများ