ရှမ်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၃ -
ရှမ်း ဟူသောအမည်သည် အခြားလူမျိုးတို့က ရှမ်းလူမျိုးတို့ကို ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ ရှမ်းလူမျိုးတို့ကမူ မိမိကိုယ်ကို တိုင်း(Tai) ဟု ခေါ်ကြသည်။ ရှမ်း(ခေါ်) တိုင်း၏ အဓိပ္ပါယ်နှင့် ပတ်သက်၍ အမျိုးမျိုး ဖွင့်ဆိုထားကြောင်း တွေ့ရသည်။ ရှေးမြန်မာကျောက်စာတို့တွင် သျမ် (သို့မဟုတ်) သျံ ဟု ရေးသားကြသည်။ ဤဝေါဟာရသည် အာသံ(အရှမ်း)၊ အဟုမ်၊ ဆိုင်းယမ်း၊ စိအန်(သို့မဟုတ်) စိအန်လို ဟူသော ဝေါဟာရနှင့် ထပ်တူဖြစ်သည်။ ရှေးအကျဆုံးအမည်မှာ လောဝ် (သို့မဟုတ်) အိုက်လောဝ် ဖြစ်ဟန်တူသည်။<ref>ဘရှင်(ဦး) စွယ်စုံကျမ်း၊ အတွဲ(၁၁)ရှမ်းလူမျိုး၊ နှာ-၃၆၉</ref>
 
'''သျှမ်း'''ဟူသော ဝေါဟာရကို ရှမ်းမြန်မာ ပါဠိပညာရှင်ကြီးများက "သာမိ ဣဿရိယတီတိ သာမိ။ ။"
: သာမိ- အရှင်သခင်အဖြစ်ဖြင့်၊
: ဣဿရိယတိ- အစိုးရတတ်၏။
: ဣတိတသ္မာ- ထို့ကြောင့် ၊
: သာမိ-သာမိမည်၏။ ဟု ဝိဂြိုဟ်ပြု ဖွင့်ဆိုထားသည်။
<ref>ခေမိန္ဒ(ဦး) မိုးမိတ်ရာဇဝင်တော်ကြီး၊ နှာ-၂၉။</ref>ဤသို့ ဖွင့်ဆိုခြင်းမှာ ရှမ်းလူမျိုးများသည် ခတ္တိယနွယ်စဉ် သာကီဝင်တို့မှ ဆင်းသက်လာသည်ဟု ယူဆခြင်းဖြစ်သည်။
 
ရှမ်းဟူသော ဝေါဟာရသည် ထို သာမ ဟူသော ပါဠိမှ သျာမ ၊ ၎င်း သျာမ မှ တစ်ဆင့် သျာမ်> သျံ> သျှံး> သျှမ်း> ရှမ်း ဟု ရေးသားကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ မြန်မာမှု၌ (သ)အက္ခရာတွင် (ျ)ယပင့် (ှ)ဟထိုး (ာ)ရေးချ (မ)အက္ခရာသတ်နှင့် သျှာမ်း ဟု အရေးအသား ပြုလာခဲ့ကြခြင်းများသည် သက္ကတအလိုဖြစ်၍ သဒ္ဒါမျိုး ဖြစ်၍ သာလွန်သင့်လျော် ကောင်းမြတ်သော ရေးထုံးရေးနည်း တစ်ရပ်ဖြစ်ကြောင်းကို သိမှတ်ရာ၏။
သုဝဏ္ဏသာမ ကို သုဝဏ္ဏသျှာမ်> သုဝဏ္ဏသျှံ ဟု ရေူထုံးပြုသကဲ့သို့ သာမ ကိုလည်း သျှာမ်> သျှမ်း> သျှံ ဟု ရေးသားလာခဲ့ကြသည်။ <ref>ခေမိန္ဒ(ဦး) မိုးမိတ်ရာဇဝင်တော်ကြီး၊ နှာ-၂၉။</ref>
 
==ဆက်စပ်လေ့လာရန်==
 
* [[ရှမ်းလူမျိုး]]
* [[ရှမ်းပြည်နယ်]]