ဦးခန္တီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃၇ -
 
 
ထိုနောက် ၁၂၇၅ ခုနှစ်တွင် ရန်ကင်းတောင်ကို[[ရန်ကင်းတောင်]]ကို ပြုပြင်သည်။ မန္တလေး တောင်ခြေ စန္ဒမုနိ ဘုရားနှင့် သထုံမြို့ ရွှေစာရံ ဘုရား များတွင် ကျောက်ချပ်ရေ ၃၀၀ဝ ကျော်ရှိ ပိဋကတ်တော် အဋ္ဌကထာ များကို ကျောက်ထက် အက္ခရာ တင်ခဲ့သည်။ အခြားသော ဦးခန္တီ၏ ကောင်းမှု ကုသိုလ်တော်ကား မန္တလေး ကျောက်တော်ကြီး ဘုရား၊ ကုသိုလ်တော် ဘုရား၊ အာနန္ဒာ ဘုရား တို့၌ အာရုဏ်ခံ တန်ဆောင်းများ ၊ အုတ်ဆောင်းတန်းများ၊ ရုပ်ပွားတော်များ တည်ဆောက်ခြင်း၊ တောင်ပြုံး ဆုတောင်းပြည့် စေတီနှင့် စောင်းတန်းများ တည်ဆောက်ခြင်း၊ မယ်ဥတောင်၌ စေတီ ပုထိုးများ တည်ခြင်း၊ အမရပူရမြို့ ပုထိုးတော်ကြီး အတွင်းရှိ ခေါင်းလောင်းကြီးနှင့် တန်ဆောင်းများ တည်ခြင်း၊ စစ်ကိုင်း ဆင်များရှင် ဘုရား ထီးတင်ခြင်း၊ ရွှေစာရံ ဘုရား မွမ်မံခြင်း၊ မေမြို့ ညံတော ဘုရားကြီး၌ ရုပ်ပွားတော်ကြီးများ တည်ခြင်း၊ ပဲခူးမြို့ ရွှေမော်ဓော ဘုရား မှသည် ဟင်္သာကုန်း ဘုရား အထိ စောင်းတန်းနှင့် တန်ဆောင်းများ တည်ဆောက်ခြင်းများ ပြုလုပ် ခဲ့သည်။