သပြေတန်း ခံတပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၆ -
 
==ပုံသဏ္ဌာန်==
ခံတပ်တည်ဆောက်ပုံမှာ မြေတိုက်သဖွယ် ဖြစ်သည်။ အပြင်နခမ်းသားမှ တဆင့်ပြီး တဆင့် မြေဖို့ထားသည်။
အတွင်းထပ်ပါ သုံးဆင့် လေးထပ်ဖြစ်သည်။ ခံတပ်အလယ်ဗဟိုတွင် ကွက်လပ်ကျယ်ကြီးတစ်ခု ပြုလုပ်ထားသည်။ ၎င်းကွက်လပ်မှ အရှေ့ဘက် (၁၃၇)ပေ၊ တောင်ဘက်(၁၂၃)ပေ၊ အနောက်ဘက်(၁၅၁)ပေနှင့် မြောက်ဘက်(၁၇၆)ပေ အသီးသီးရှိသည်။ အပေါ်ထပ်မှ အတွင်းဘက် အောက်ထပ်များသို့ ဆင်းရန် ဒေါင့်လေးဒေါင့်တွင် လှေခါးများ ရှိသည်။ အပေါ်ဆုံးထပ်မှ ဗဟိုကွက်လပ်ကျယ်ကြီးသို့ ဆင်းရန် အရှည် ၁၈' အကျယ် ၁၄'၆"ရှိ အုတ်လှေခါးကြီး တစ်ခုကို အနောက်မြောက်ဒေါင့်တွင် ပြုလုပ်တပ်ဆင်ထားသည်။
 
ဗဟိုကွက်လပ်ကြီးမှ ခံတပ်အတွင်းသို့ ဝင်ရန် တောင်ဘက်မှ လိုဏ်ပေါက် သုံးပေါက်၊ အနောက်ဘက်မှ ရှစ်ပေါက်ရှိသည်။ လိုဏ်ပေါက် တစ်ခုစီ၏ အကျယ်မှာ ၆'စီရှိပြီး အမြင့်မှာ ၉' စီရှိသည်။ အတွင်းထပ်တွင် ဆင်ဝင်ပေါက်၊ ခဲယမ်းမီးကျောက်ထားရန် အခန်း၊ တပ်မှူးကြီးအခန်း၊ တပ်မှူးအခန်း၊ တပ်သားများအတွက် (၁၀)ခန်း၊ ရိက္ခာသိုလှောင်ရန် (၃)ခနိးတို့ကို စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသည်။
 
ဆင်ဝင်ပေါက်ကို အထက်အလယ်ဆင့်နှင့် တဆစ်ချိုးဆက်သွယ်ထားသည်။ ဆင်ဝင်ပေါက်ပေါင်းကူးဥမင်ကြီး၏ အရှေ့အနောက်အရှည်မှာ ၄၈' ရှိပြီး တောင်မြောက် ၁၀၄' ရှည်လျားပေသည်။
 
 
 
သပြေတန်းခံတပ်၏ အနိမ့်ဆုံးအဆင့် အုတ်ခုံသည် စောက်သုံးပေခန့်ရှိ၏။ မြောက်ဘက်နှင့် အနောက်ဘက် အခြမ်းသည် လက်နက်သိုလှောင်ရာ အုတ်လက်နက်တိုက်များအပါအဝင် ထုလေးထပ်လေးဆင့်ရှိ၏။ အရှေ့ဘက်နှင့် တောင်ဘက်ခြမ်းသည် အခြေခံဖိနပ်နှင့် အုတ်လက်နက်တိုက်များ အပါအဝင် ထုသုံးထပ် သုံးဆင့်ရှိသည်။ ခံတပ်အပြင်ဘက် အုတ်ဖိနပ်သည် သုံးပေမြင့်သည်။ ထို့နောက် လေးပေကျယ်သော ပြင်ညီပတ်လည်ရှိသည်။ ထိုနောက်တွင် ဆယ်ပေမြင့်၍ ဆင်ခြေလျှော အနံပေ ၂၀-ရှိသော ခံတပ်ရိုးရှိသည်။ ခံတပ်ရိုးအခြေကို အုတ်ဖြင့် သုံးပေပိုးထား၊ မ,ထားသည်။
 
ဤခံတပ်ရိုးအောက် လေးပေအနိမ့်တွင် ၂၅-ပေကျယ်သော သူရဲပြေးစင်္ကြံပတ်လည်ရှိသည်။ ထိုစင်္ကြံတဖက်အနားမှ ဒုတိယတပ်ရိုးတခု ထပ်မံတည်ဆောက်ထားသည်။ ဒုတိယတပ်ရိုးသည် ပေ ၂၀-မြင့်၍ ဆင်ခြေလျှောပေ ၂၀-ကျယ်သည်။ ဒုတိယတပ်ရိုးအတွင်းဘက်မျက်နှာ ဆင်ခြေလျှောတွင် လေးပေအမြင့် အုတ်ပေါင်ကတုတ် ကာထားသည်။ ထို့နောက် ပေ ၂၀-အကျယ် အုတ်စီသူရဲပြေးစင်္ကြံတခု လာပြန်သည်။ ထိုဒုတိယစင်္ကြံ၏အောက်တွင် လက်နက်တိုက်များရှိသည်။ အတွင်းဘက်အနားတလှျောက်တွင်အတွင်းဘက်အနားတလျှောက်တွင် လေးပေမြင့်လျှောသော အုတ်ပေါင်ကတုတ် ကာထားသည်။ ခံတပ်အတွင်းသည် ၁၅၅-ပေ ကျယ်သည်။
 
လက်နက်တိုက်များသို့ လေးဖက်လုံးမှ ဝင်နိုင်သည်။ တဖက်လျှင် ဝင်ပေါက်တစ်ပေါက်စီရှိသည်။ ခံတပ်ရှေ့ဘက်တွင် ဝင်ပေါက်ကြီးတခုရှိသည်။ နောက်ဘက်တွင် ခံတပ်ရိုးနှစ်ခုအကြားနေရာသို့ ပေါက်သော မလွယ်ပေါက်တခုရှိသည်။ ထိုအပေါက်များအနီးတွင် ခံတပ်ရိုးပေါ်သို့တက်ရန် လှေကားထစ်များရှိသည်။ အရှေ့ဘက်ဝင်ပေါက်ကြီးအပေါ်တွင် ရဲမက်များ အလွယ်တကူ ဆက်သွယ်နိုင်ရန် ပေါင်းကူးတံတားတခုရှိသည်။ ရှေ့ဘက်ဝင်ပေါက်ကြီး ရှေ့တည့်တည့် ပေ ၅၀-အကွာတွင် ကန့်လန့်ဖြတ်ဆောက်ထားသော မြေတံတိုင်းကြီးတစ်ခု ရှိသည်။ ပေ ၈၀-ရှည်၍ ပေ ၅၀-ကျယ်ကာ ၁၈-ပေ မြင့်သည်။ တံတိုင်းထိပ်သည် ၅-ပေကျယ်သည်။ ခံတပ်နှင့်ကပ်လျက် တောင်ဘက်တွင် ပေ ၅၀-ရှည်၍ ၁၀-ပေကျယ်သော မြင်းဇောင်းသုံးခုရှိသည်။