မာဂရက် သက်ချာ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၉ -
 
== ၂၀ရာစု၏ သံမဏိ အမျိုးသမီး ==
ထိုမှ နိုင်ငံရေးလောကအတွင်းသို့ ကွန်ဆာဗေးတစ် ပါတီဝင်တစ်ဦးအဖြစ် ရောက်ရှိလာကာ ၁၉၅၉ခုနှစ်တွင် ဗြိတိန်အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ၁၉၇၀ခုနှစ်တွင် ပညာရေးဝန်ကြီးဖြစ်လာသည်။ ၁၉၇၄ခုနှစ်တွင် ကွန်ဆာဗေးတစ် ပါတီအရေးနှိမ့်သဖြင့် ရာထူးမှ ဆင်းပေးရပြီးနောက်၊ ၁၉၇၅ခုနှစ်တွင် ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၁၉၇၉ခုနှစ် ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီအား အောင်ပွဲရအောင် ဦးဆောင်မှုပေးနိုင်ခဲ့ပြီး ဗြိတိန်နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာသည်။
၁၉၈၃ခုနှစ်၊ ၁၉၈၇ ခုနစ်များတွင် ကွန်ဆာဗေးတစ်ပါတီ ဆက်လက်အောင်ပွဲခံပြီး သက်ချာလည်း သုံးကြိမ်ဆက်တိုင် ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရွေးကောက်ခံရသည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး၊ စီးပွားရေးပိုင်းတွင် အစိုးရ၏အခန်းကဏ္ဍလျော့မှုများကြောင့် ကျော်ကြားကာ၊ တစ်ဖက်တွင်လည်း အာဂျင်တီးနားနှင့် ဖြစ်ပွားခဲ့သည့် ဖောက်ကလန်စစ်ပွဲအတွင်း ရွပ်ရွပ်ချွံချွံ ဦးဆောင်မှုပေးနိုင်ခဲ့သည့် သူမ၏ပုံရိပ်ကို လူထုက အားပေးခဲ့သည်။ ထို့အပြင် ၁၉၈၄-၈၅ ခုနှစ်များတွင် သတ္တုတွင်းလုပ်သားများ သပိတ်မှောက်နေစဉ်ကာလများအတွင်း အလုပ်သမားသမဂ္ဂများနှင့် အကြိတ်အနယ် ဆန့်ကျင်ဖြေရှင်းခဲ့ရခြင်းများကြောင့်လည်း ထင်ရှားခဲ့သည်။
သို့သော် ၁၉၉၀ခုနှစ်တွင် အခွန်စည်းကြပ်ရေးမူဝါဒနှင့် ဥရောပပေါင်းစည်းရေးဆိုင်ရာပြဿနာများအား အငြင်းပွားရာမှ ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ ၁၉၉၂တွင် အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်သည်။ အင်္ဂလန်နန်းတွင်းမှ ချီးမြှင့်သည့် ဘယ်ရွန်ဘွဲ့ခံယူရရှိပြီး ဘယ်ရွန်ဘွဲ့ခံ ကက်စတီဗင် သက်ချာ အဖြစ်ခံယူသည်။
 
== သက်ချာ၏ စာပေလက်ရာ ==