စဉ့်ကူးမင်း ခေါင်းလောင်းတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၇ -
ဆင်ဖြူရှင်၏ အရိုက်အရာကို အိမ်ရှေ့မင်းဖြစ်သူ သားတော် [[စဉ့်ကူးမင်း]]က ဆက်ခံသည်။ စဉ့်ကူးမင်းသည် အဆိုပါ ခေါင်းလောင်းကြီးကို ဆက်လက်သွန်းလုပ်စေသည်။ ၁၁၄၀-ပြည့်နှစ်တွင် ပြီးစီးသည်။ စဉ့်ကူးမင်း ကြွမလာနိုင်၍ စဉ့်ကူးမင်းကိုယ်စား ပန်းတဉ်းဝန် ပညာဒေဝကပင် မြန်မာသက္ကရာဇ် ၁၁၄၀-ပြည့်နှစ်၊ တပို့တွဲလဆန်း ၁၁ -ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရေစက်သွန်းချ လှူဒါန်းခဲ့သည်။ အလွန်သာယာသော အသံမြည်သောကြောင့်
"မဟာဂဏ္ဍ"ဟူ၍ ဘွဲ့အမည်ပေးခဲ့သည်။ ဤခေါင်းလောင်းကြီး လှူဒါန်းပြီးနောက် သုံးနှစ်အကြာ စဉ့်ကူးမင်း နန်းကျခဲ့သည်။ <ref>မင်းယုဝေ၊ စဉ့်ကူးမင်းခေါင်းလောင်း၊ ဉာဏ်လင်းဓမ္မစာပဒေသာ၊ ၁၉၈၅၊ ဇွန်လ</ref>
==အချိုးအစား==
 
စဉ့်ကူးမင်းခေါင်းလောင်း၏ အလေးချိန်မှာ ၁၅၅၅၅ ပိဿာရှိသည်။ တန်ချိန်အားဖြင့် ၂၄-တန်ခန့်လေးသည်။ ပေါင်းကိုင်းမှ ခေါင်းလောင်းနှုတ်ခမ်းအထိ ၁၁-ပေခွဲရှည်သည်။ ကြေးသားအထူမှ တစ်ပေထုရှိသည်။ ခေါင်းလောင်းနှုတ်ခမ်းဝ ၆-ပေနှင့် ၈-လက်မ ကျယ်လေသည်။
==အင်္ဂလိပ်တို့နှင့် စဉ့်ကူးမင်းခေါင်းလောင်း==
ပထမအင်္ဂလိပ်မြန်မာစစ် (ခရစ်နှစ် ၁၈၂၄-၂၆)တွင် အင်္ဂလိပ်တပ်တို့သည် ရွှေတိဂုံကုန်းတော်ကို တက်ရောက်သိမ်းပိုက်မိကြသည်။ ထိုအခါ မိမိတို့နိုင်ငံသို့ စဉ့်ကူးမင်း ခေါင်းလောင်းကြီးကို အောင်ပွဲရ အထိမ်းအမှတ်အဖြစ် ယူဆောင်သွားရန် ဖြုတ်ယူကြသည်။ လူအင်အားများစွာဖြင့် ခက်ခက်ခဲခဲပင် ကုန်းတော်ပေါ်မှ မြစ်ဆိပ်သို့ ယူဆောင်ကြသည်။ ထို့နောက် မြစ်ဆိပ်မှ သင်္ဘောပေါ်သို့ တင်ကြသည်။ ထိုစဉ် တိမ်းချော်ကာ ခေါင်းလောင်းကြီးသည် လှိုင်မြစ်အတွင်းသို့ ကျသွားလေသည်။ အင်္ဂလိပ်တို့ဘက်မှ ကျွမ်းကျင်သော အင်ဂျင်နီယာများ ဦးဆောင်ကာ အမျိုးမျိုးကြိုးစားဆယ်ယူကြသည်။ မရ။ နောက်ဆုံးတွင် လက်လျှော့လိုက်ကြသည်။
Line ၁၅ ⟶ ၁၆:
၁၈၂၄-ခုနှစ်တွင် မြန်မာတို့ ပြန်လည်ဆယ်ယူထားရသော ခေါင်းလောင်းကြီးဖြစ်ပေသည်။
 
==အချိုးအစား==
စဉ့်ကူးမင်းခေါင်းလောင်း၏ အလေးချိန်မှာ ၁၅၅၅၅ ပိဿာရှိသည်။ တန်ချိန်အားဖြင့် ၂၄-တန်ခန့်လေးသည်။ ပေါင်းကိုင်းမှ ခေါင်းလောင်းနှုတ်ခမ်းအထိ ၁၁-ပေခွဲရှည်သည်။ ကြေးသားအထူမှ တစ်ပေထုရှိသည်။ ခေါင်းလောင်းနှုတ်ခမ်းဝ ၆-ပေနှင့် ၈-လက်မ ကျယ်လေသည်။
 
== ရည်ညွှန်းကိုးကား ==