ဗညားဦး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး typo
စာကြောင်း ၄၃ -
ဆင်ဖြူတော်မှ ဇင်းမယ်စစ်ကို တိုက်ပေးခဲ့သည့် တောင်ထိပ်တွင် သရီရဓာတ်တော်များကို ဗညားဦး ရွှေစင်ရုပ်၊ မိဖုရားများ နှင့် မောင်းမမိဿံများ၏ ရွှေစင်ရုပ်၊ မှူးမတ်သေနာပတိများ၏ ရွှေစင်ရုပ်များက ရှိခိုးနေဟန် ဌာပနာ၍ ကျိုက်ကလွန်ဗွန်ဇနာ (ကျွန်ပွန်ကျနတ်ဇနာ) ဘုရားကို တည်လေ၏။ မုတ္တမသည် ဇင်းမယ်စစ်ကို နိုင်ပြီးနောက် သာယာစည်ကားလှလေသည်။
 
==မုတ္တမမှ ဒုန်ဝန်းသို့ ဆုတ်ခွာရခြင်း==
==မုတ္တမကို မှ ဒုန်ဝန်းသို့ဆုတ်ခွာရခြင်း==
ဇင်းမယ်စစ်ကို နိုင်ပြီး သုံးနှစ်အကြာတွင် သက္ကရာဇ် ၇၀၆ခုနှစ်တွင် ဆင်ဖြူတော် အသက် ၇၀၌ အနိစ်စရောက်သည်။ ဗညားဦးမှာ စိတ်မချမ်းမသာ လွန်စွာပူပင်သောကရောက်လေ၏။ ထိုအခါ လဗူတောတွင် ဆင်ကောင်းတစ်စီးကိုတွေ့ရှိခဲ့ကြောင်း ဆင်ရ့ကရိတို့ လာရောက်လျှောက်တင်ကြသည်။ ထို့နောက် ဗညားဦးမင်းသည် လဗူတောတွင်းသို့ ဝင်၍ လေးလမျှကြာအောင် ဆင်ရံလေ၏။ လဗူတောသို့သွားရာ သားတော်များ၊ မြေးတော်များ၊ ဆင်မြင်းဗိုလ်ပါနှစ်သောင်းကျော်၊ ယောက်ဖတော် ဗြထဗိုက်၊ အမတ်ပွန်စို၊ အန်နရာ၊ သမိန်ဇိပ်ဗြဲ၊ စောပြလက်စသော စစ်သေနာပတိ မြို့စားကြီးများနှင့် အခြားသော မြို့စားရွာစားများ ပါဝင်သည်။