မေဆွိ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၂ -
| spouse = ဦးဇော်ဝင်း
}}
'''မေဆွိ''' (၁၉၆၂ ဖေဖော်ဝါရီ ၁၃ - ) ၏ အမည်ရင်းမှာ ဆွေအေးမြင့်ဖြစ်ပြီး မြန်မာနိုင်ငံတဝန်း ကျော်ကြားသည့် တေးသံရှင်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ မြန်မာ့ခေတ်ပေါ် တေးဂီတလောကတွင် အအောင်မြင်ဆုံး အမျိုးသမီး တေးသံရှင်တစ်ဦးဖြစ်သည်။ သူမ၏ ကော်ပီသီချင်းများအပြင် မြန်မာဟန် ရိုးရာသီချင်းများလည်း လူကြိုက်များသည်။ မေဆွိသည် ၁၉၇၀ ပြည့်နှစ်များတွင် နာမည်ကျော် တေးရေးဆရာ သုခမိန်လှိုင် ရေးသားဖန်တီးသည့် ''ပန်းသီးသီချင်းများ'' ကော်ပီစီးရီးဖြင့် လူသိများလာသည်။ မေဆွိသည် [[စိုင်းထီးဆိုင်]]အပါအဝင် အမျိုးသား တေးသံရှင်များ၏ သီချင်းများကို ပြန်ဆိုလေ့ရှိသည့်အပြင် ကိုယ်ပိုင်သံစဉ်များကိုလည်း ထုတ်ဝေခဲ့သည်။ [[ကိုင်ဇာ]]နှင့် သီဆိုသည့် စုံတွဲသီချင်းများမှာလည်း အထူးအောင်မြင်သည်။အထူးအောင်မြင်သည်။ကိုင်ဇာနှင့်သီဆိုခဲ့သသော [[အနမ်းပန်း]]သီချင်းသည်အင်မတန်မှအောင်မြင်ခဲ့သည်။
 
အောင်မြင်မှု အထွဋ်အထိပ်သို့ ရောက်ရှိသည့် ၁၉၈၀ ပြည့်နှစ်များတွင် မေဆွိသည် နာမည်ကျော် သရုပ်ဆောင်များဖြစ်သည့် [[ပြေငြိမ်း]]၊ [[ကျော်သူ]] တို့နှင့်အတူ ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ဖူးသည်။ သို့သော်လည်း ၁၉၉၀ ပြည့်နှစ်များတွင် ရုပ်ရှင်အပိုင်းကို ရပ်နားလိုက်ပြီး ဂီတလုပ်ငန်းကို အာရုံစိုက်လာခဲ့သည်။ မြန်မာ့ခေတ်ပေါ်ဂီတ ရေစီးကြောင်းသည် ခေတ်နှင့်အလိုက် ရော့ခ် (Rock)၊ ပေါ့ပ် (Pop)၊ ဟဲဗီးမက်တယ် (heavy metal) စသည့် ဂီတဟန်များမှ အာရ်အင်ဘီ (R&B)၊ တက္ကနို (techno)၊ ဟစ်ပ်ဟော့ပ် (Hip-hop) စသည့် သဏ္ဌာန်သို့ ကူးပြောင်းလာသော်လည်း သူမသည် ကိုယ်ပိုင်ဟန်ဖြင့် တေးစီးရီးများကို ဆက်လက်ထုတ်ဝေခဲ့သည်။