သင်္ချာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး beginning of a cleanup of the refs
အရေးမကြီး ပြင်
စာကြောင်း ၄၃ -
ရှေးလူမျိုးများအနက် ဂရိတို့သည် သင်္ချာဘာသာကို အလွန်တိုးတက်အောင်ကြံဆောင်ခဲ့ကြလေရာ ဘီစီ ၆၀ဝ ပြည့်နှစ်တွင် မီလီတပ်မြို့သား ဒဿနိကဗေဒပညာရှင် သေးလိအမည်ရှိ ဂရိအမျိုးသားကြီးသည် ဂျီဩမေတြီနှင့် သက်ဆိုင်သည့်သီအိုရမ်များကို သာမညမှကြံနည်းဖြင့် သက်သေပြနိုင်ခဲ့သည့်အပြင်၊ အခြား ပုစ္ဆာအချက်အလက် များကိုလည်း ယုတ္တိဗေဒနှင့်သက်ဆိုင်သည့်သာမညမှကြံနည်းဖြင့် ဆင်ခြင်ယူ ဆနိုင်ကြောင်းကိုပြသနိုင်ခဲ့သည်။ ဤနည်းကို တွေ့ရှိခဲ့ရာမှအစပြု၍ ဂျီဩမေတြီပညာရပ်ပေါ်ပေါက် လာလေသည်။ ၁၅ရာစုနှစ်တွင် ပညာရှိတို့သည် အက္ခရာ သင်္ချာကိုတီထွင်ခဲ့ကြ၍ ၁၆ ရာစုတွင်အနာလစ် တစ်ကယ် ဂျီအိုမေတြီအခြေခံကိုပြုစုပျိုးထောင်ပေးခဲ့ကြသည်။ဆယ့်ခုနစ်ရာစုနှစ်မှစ၍ သင်္ချာပညာကို သိပ္ပံပညာရပ် များတွင်တစ်စထက်တစ်စ တိုးတက်သုံးစွဲခဲ့ကြသည်။ ဤသို့တိုးတက်သုံးစွဲခဲ့ရာတွင် ခက်ခဲသောပြဿနာများကို တွေ့ရှိခဲ့သဖြင့် ကဲ့ကုလသင်္ချာပညာရပ်ကို ကြဆခဲ့ကြသည်။ ဤသို့ပေါ်ပေါက်ခဲ့ရသည့် သင်္ချာပညာရပ်များကို အမှီပြုလျက် စက်နှင့်သက်ဆိုင်သော ပညာရပ်များနှင့်ရူပဗေဒပညာရပ်များ သည်များစွာ တိုးတက်ခဲ့ကြသည်။ အင်ဂျင်နီယာအတတ် ပညာသည် သင်္ချာပညာဟူသော အုတ်မြစ်ပေါ်တွင် တည်ရှိသဖြင့် ထိုအတတ်ပညာသင်ကြားလိုသူ တို့သည်သင်္ချာကို ကောင်းစွာ တတ်မြောက်ကြရပေသည်။
 
ယခုခေတ်တွင် သင်္ချာပညာရပ်များမှာ အမျိုးအမည် အားဖြင့် အလွန်များပြားလာ၏။ ယင်းတို့ကို မူလတန်း သင်္ချာရပ်များနှင့် အထက်တန်းသင်္ချာရပ်များဟု နှစ်ပိုင်းပိုင်းခြားထား၏။ ဂဏန်းသင်္ချာ၊ အက္ခရာသင်္ချာ၊ ဂျီဩမေတြီနှင့်တြိဂိုနိုမေတြီတို့သည် မူလတန်းသင်္ချာတွင် အကျုံးဝင်ကြ၍ အနာလစ်တစ်ကယ်ဂျီဩမေတြီ၊ ကဲ့ကုလသင်္ချာ စသည်တို့မှာ အထက်တန်းသင်္ချာတွင်အကျုံးဝင်ကြသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>{{sfn|မြန်မာ့စွယ်စုံကျမ်း}}
 
== မှတ်စု ==
စာကြောင်း ၅၃ -
== ကိုးကား ==
{{refbegin}}
* {{Citation
| last = Grattan-Guinness
| first = Ivor
စာကြောင်း ၆၇ -
| access-date = March 2, 2017
| edition = Summer 2013
}}
* {{Citation
| ref = CITEREFမြန်မာ့စွယ်စုံကျမ်း
| title = သင်္ချာ
| encyclopedia = မြန်မာ့စွယ်စုံကျမ်း
| publisher = စာပေဗိမာန်
| volume = ၁၃
}}
{{refend}}