လှမြင့်၊ ဒေါက်တာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၂၁ -
|footnotes =
}}
ဒေါက်တာ လှမြင့်ဟာ လန်ဒန် စီးပွားရေးကျောင်း (LSE) က စီးပွားရေး ပါမောက္ခ ဖြစ်ပါတယ်။ ၂၀၁၇ မတ်လ ၉ ရက်နေ့မှာ ကွယ်လွန်ပါတယ်။
လန်ဒန်စီးပွားရေးကျောင်း(L.S.E.) မှ မြန်မာလူမျိုး စီးပွားရေးပညာရှင်နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သီအိုရီထုတ်ဖော်သူ။ စီးပွားရေးဖွံ့ဖြိုးမှု (Economic Development) တွင် နိုင်ငံတကာကုန်သွယ်ရေး၏ အကျိုးသက်ရောက်မှုများကို အထူးပြုသော သဘောတရားရေးရာများကို ထုတ်ဖော်ခဲ့သည်။
 
ဒေါက်တာ လှမြင့်ကို ပုသိမ်မြို့မှာ ၁၉၂၀ ပြည့်နှစ်တုန်းက မွေးဖွားပါတယ်။ ရန်ကုန်တက္ကသိုလ်ကို အသက် ၁၅ နှစ်အရွယ်မှာ စတက်ပါတယ်။
အဒမ်စမစ် (၁၇၂၃-၁၇၉၀) ဖော်ထုတ်ခဲ့သော Vent for Surplus သီအိုရီကို ဒေါက်တာလှမြင့်က စီးပွားရေးဖွံ့ဖြိုးမှုလေ့လာရေးတွင် ဆက်လက်တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။
 
သြစတြေးလျနိုင်ငံ၊ မက်ကွာရေး တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ရှောင် တာနဲလ်ရဲ့ အဆိုအရ ဒေါက်တာ လှမြင့်ဟာ အသက် ၁၄ နှစ်ကတည်းက တက္ကသိုလ်ဝင်ခွင့်ရတာ ဖြစ်ပေမယ့် အသက်မပြည့်သေးလို့ ၁ နှစ် စောင့်နေရတာလို့ ဆိုပါတယ်။
 
၁၉၃၉ ခုနှစ်မှာ အင်္ဂလန်ကိုသွားပြီး ပါရဂူဘွဲ့ယူဖို့ ပညာတော်သင်ဆု ရတဲ့အချိန်မှာ ကုတ်အင်္ကျီဝယ်စရာ ပိုက်ဆံမရှိလို့ ဗြိတိသျှ အရာရှိတယောက်က ဝယ်ပေးခဲ့ရပါတယ်။ လန်ဒန် စီးပွားရေး တက္ကသိုလ်ကို ရောက်တော့လည်း အရည်အချင်း ထက်မြက်တာကြောင့် စာတွေ့သင်တန်း ဝင်စရာမလိုဘဲ ကျမ်းပြုခွင့် ရခဲ့ပါတယ်။
မြန်မာပြည်ဖွား စီးပွားရေးပညာရှင်ကြီး နောက်တစ်ဦးဖြစ်တဲ့ ဆရာကြီး ရော်နယ် ဖင်ဒလေက စီးပွားရေး မဟာပညာကျော်တွေထဲမှာ လှမြင့်ဟာ ထုတ်ဖော်ပြောဆိုသမျှ အကြောင်းအရာပိုင်းတွေမှာ ဘယ်တော့မှ မမှားခဲ့ဖူးဘူးလို့ မှတ်ချက်ပေးကြောင်း ဒေါက်တာ ရှောင်တာနဲလ်က သူ့ လူမှုကွန်ရက် စာမျက်နှာ Facebook မှာ အမှတ်တရ ရေးသားထားပါတယ်။
 
ဒေါက်တာ လှမြင့်ဟာ လန်ဒန်စီးပွားရေးကျောင်း (L.S.E.) မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖွံ့ဖြိုးရေးဆိုင်ရာ သီအိုရီကို ထုတ်ဖော်သူလည်း ဖြစ်ပါတယ်။ စီးပွားဖွံ့ဖြိုးမှု (Economic Development) မှာ နိုင်ငံတကာ ကုန်သွယ်ရေးရဲ့ အကျိုးသက်ရောက်မှုတွေကို အထူးပြုတဲ့ သဘောတရား ရေးရာတွေကို ထုတ်ဖော်ခဲ့ပါတယ်။
 
ဂန္ထဝင် စီးပွားရေး ပညာရှင် အဒမ်စမစ် (၁၇၂၃-၁၇၉၀) ဖော်ထုတ်ခဲ့တဲ့ Vent for Surplus သီအိုရီကို ဒေါက်တာ လှမြင့်က စီးပွားရေးဖွံ့ဖြိုးမှု လေ့လာရေးမှာ ဆက်လက်တိုးတက်အောင် လုပ်ဆောင်ခဲ့ပါတယ်။
 
== ဒေါက်တာလှမြင့်၏ ထင်ရှားသော စာအုပ်စာတမ်းများ ==