ခြောက်ထပ်ကြီးဘုရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ၂၃.မတ်.၁၉၅၉ တွင် သံတိုင်ကြီးကိုတိုင်ထူခဲ့ရာ ယနေ့ ၂၃.မတ်.၂၀၁၇ သည် ၅၈ နှစ်မြောက်ဖြစ်သည်။
၁၉၀၇ တွင် ဆာဘိုးသာသည် ခြောက်ထပ်ကြီးဘုရားကို လှူဒါန်းခဲ့ရာ ၂၀၁၇ သည် ၁၁၀ နှစ်မြောက်ဖြစ်သည်။
စာကြောင်း ၁ -
[[File:Chaukhtatgyi Buddha Image.JPG|thumb|400px|]]
 
'''ခြောက်ထပ်ကြီးဘုရား''' ('''Chaukhtatgyi Buddha Temple''') သည် [[ရန်ကုန်မြို့]]၊ [[ဗဟန်းမြို့နယ်]] ရွှေဂုံတိုင်လမ်းမပေါ်တွင် တည်ရှိသည်။ [[ငါးထပ်ကြီးဘုရား]] ('''Ngahtatgyi Buddha Temple''') ၏ မျက်စောင်းထိုးကားလမ်းတစ်ဖက်ခြမ်းတွင် တည်ရှိသည်။ ရန်ကုန်မြို့တွင် ထင်ရှားသောဘုရားများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်သည်။
 
မူလဘုရားဒကာမှာ သူဌေးကြီး[[ဘိုးသာ၊ ဆာ|ဆာဘိုးသာ]]ဖြစ်သည်။ ဆာဘိုးသာသည် ကိုလိုနီခေတ်ဦး မြန်မာ့စီးပွားရေး လောက ဆန်စပါး ရောင်းဝယ်ရေး လုပ်ငန်းတွင် မြန်မာ တိုင်းရင်းသားများထဲမှ အကျွမ်းကျင်ဆုံး စပါးပွဲစားကြီး၊ ဆာဘွဲ့ ချီးမြှင့်ခံရသည့် ရန်ကုန်မြို့ မျက်နှာဖုံး သူဌေးကြီး တဦးအဖြစ် ထင်ရှားသည်။ [[ရွှေတိဂုံစေတီတော်]]၏ ဘဏ္ဍာတော်ထိန်း၊ ဂေါပက အဖွဲ့ဝင် လူကြီးအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်၍ သာသနာရေး၊ လူမှုရေးနှင့် နိုင်ငံရေးတွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြုခဲ့သည်။ သာသနာရေးနှင့် ပတ်သက်၍ အလှူအတန်း ရက်ရောသူ၊ လူမှုရေးနှင့် ပတ်သက်၍ အင်းစိန်တွင် ဆေးရုံ တည်ဆောက်ခဲ့သူ၊ အကူအညီ တောင်းခံလာသမျှ မလွတ်တမ်း ပေးကမ်းသူ အဖြစ် လူသိများသည်။ နိုင်ငံရေးတွင်မူ ဘုရင်ခံ၏ အတိုင်ပင်ခံ အကြံပေး အဖွဲ့ဝင်၊ 'တူသာသင်း' (ဦးဘတူ၊ ဦးဘိုးသာ၊ ဦးသင်း) အဖွဲ့ဝင် အဖြစ် သမိုင်းမှတ်တမ်း တင်ခြင်း ခံရပါသည်။ ပန်းကန်စက်ဦးသော်၊ ဆာဦးသွင်၊ ရန်ကုန်အရှေ့ပိုင်း ပုဇွန်တောင်မှသူဌေးကြီး ဦးဘကျော် (ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ်စောင်းတန်းအလှူရှင်) နှင့် ဒေါ်နှင်းဥ စသော မြန်မာ့မျိုးချစ်သူဌေးကြီးများနှင့် လွန်စွာ ရင်းနှီးသည်။ အမျိုး-ဘာသာ-သာသနာအကျိုးအတွက် ထူးခြားပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ခြင်းကြောင့် လွန်စွာထင်ရှားခဲ့သည်။ [[ရွှေတိဂုံစေတီတော်]]၏ မြောက်ဘတ်တွင် တန်ဆောင်းဆောက်လုပ်လှူဒါန်းရာ 'ဆာဘိုးသာ တန်ဆောင်း' ဟု လူသိများသည်။ ဆာဘိုးသာသည် ၁၉ဝ၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် [[ရန်ကုန်မြို့]] ငါးထပ်ကြီး ဘုရားအနီး မြေ ၄.၂၅ ဧကကို ငွေ ၁၄,၂ဝဝ ကျပ် ပေး၍ ဝယ်ယူပြီး ရွှေသာလျောင်း ရုပ်ပွားတော်ကြီးကို ဦးဆောင် တည်ထားခဲ့ရာ ခြောက်ထပ်ကြီးဘုရား ဟူ၍ ထင်ရှားသည်။