ရွှေတိဂုံစေတီတော်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၇၃ -
အစီ − အရီ − နဒီဝိုက်၊ မဟီမဏ္ဍလိုက်မြေနဂိုရ်၊ ဝတီဟံနဂရိုက် − −ရွှေဗဟိုဝယ်၊ ခေါင်မို − −ရောင်စို − မှောင်ကိုထွင်း။ ။ မိုးမြင့် − ဝိုးဝင့် − ကိုးခွင့်နယ်မှာ၊ ဖြိုးတင့် အကျယ် − သိင်္ဂုတ်တောင်တောင့်မင်း။ ။ ထုံးကွန့်သုံးမွန့် − ကုန်းညွန့်မြေမှာ၊ နှုန်းဓွန့်မသွေတစေတင်း၊ ဘုန်းဝှန့်မဟေ − သရေလင်းလို့၊ အနေလဝင်း ပြန့်ထိန်ညီ။ ။ မြတ်သူ − ထပ်တူ − ကပ်လှူကြောင်း၊ နတ်လူ အုပ်ဆောင်း − တုပ်ညောင်း မွေသရီ။ ။ သိန်လျှပ် − ရှိန်ဖြတ် − စိန်မြတ်စီတယ်၊ အထပ်အညီနှစ်လီခွဲ၍၊ ဝဇီရိုးရဲ − မိုးထဲဖောက်ယူ၊ စိုးကဲ ခြောက်ရောင်လူ။ ။ လုံးစုံ့အုံးအုံ့ ဘုန်းလုံ့တူတယ်၊ သုံးဘုံ့နှစ်ဆူ ရွှေတိဂုမ္ဗလေး .....။ '''(ဆရာ ဦးဝေ)'''
 
===(၂၁) သိင်္ဂုတ္တရကုန်းတော်ဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်===
 
လျှံဖြာ − မန္နာ − ရံကာခ၊ တိုင်းရာမည ကြက်သရေ၊ နှိုင်းစံသင်္က − စက်ရဝေလို၊ တက်နေ − လက်ဝေ − ထက်တွေစွန်း၊ မြေဒွန့်ရေညွန့် − ခွေကွန့်သွယ်တယ်၊ ဟေမဝန့်နှယ် − နှာမောင်းညှာတဲ့ကွန်း။ ။ မဆွ − ဂဇ− − ဘဝပျော်။ တပသကျော် ပေါ်လာထွန်း၊ အမတမျှော် − မော်ကာညွှန်း၊ ဘော်ရှာမိန့်ခွန်းပြန်နှုတ်လှယ်။ ။ ရှိန်လွင် − တိမ်စဉ် − ဘိညာဉ်မြန်း၊ သိမ်ပြင်ကြငှန်း − စံခန်းခိုကြတယ်။ ။ ဖြိုးလှ − ရိုးရွ − မိုးကကြယ်လို။ ကိုးဝကိုးဆယ် − ကုန်းငယ်များနှင့် ဘုန်းကြွယ်ဘုရား လေးပါးမွေသရီ၊ ကိန်းစံ သဉ္ဇာလီ။ ။ အဆင့်အရင့် − အတင့်ညီတယ်၊ အဘွင့်စံမှီ သိင်္ဂုတ်ဆို့စိုလေး .....။ '''(ဆရာ မှိန်)'''