ရှမ်းပြည်နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ရေထွက်
စာကြောင်း ၇၈ -
ကျောက်မီးသွေးကို လားရှိုး၊ သီပေါ၊ တောင်ကြီးနယ်များအနီး၌ တွေ့ရသော်လည်း အမျိုးအစား မကောင်းချေ။ သာစည် ကလော မီးရထားလမ်းအနီး မင်းပလောင်တောင်တန်းမှ တွေ့ရှိရသော ကျောက်မီးသွေးသည် အမျိုးအစားမညံ့လှသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တူးဖော်လုပ်ကိုင်နိုင်ခြင်း မရှိသေးပေ။
 
ရှေးက မောက်မယ်နယ်မှ အလွန်ကောင်းသော သံများ တူးဖော်ရရှိ၍ မောက်မယ်နယ်ထွက် ဓားများသည် ကျော်ကြားလှသည်။ ကျိုင်းတုံနယ်နှင့် ကျိုင်းခမ်းစီရင်စုတို့မှ၎င်း၊ကျိုင်းခမ်းစီရင်စုတို့မှလည်းကောင်း၊ ဝနယ်များမှ၎င်းဝနယ်များမှလည်းကောင်း သံထွက်သည်ဟု ဆိုကြလေသည်။
မကြာသေးမီက (၁၉၆၃ ခုနှစ်) တောင်ကြီးမြို့အနီး ပင်းပက်တွင် သံတန်ချိန် ၆၃ သန်းခန့် ထွက်နိုင်မည့် သံတွင်းတစ်တွင်းကို တွေ့ရှိခဲ့ကြသည်။ သယ်ယူပို့ဆောင်ရေးလည်း မခက်ခဲသဖြင့် အလားအလာရှိသော သံရိုင်းတွင်းပေတည်း။ ရှမ်းပြည်နယ်အတွင်း၌ မလေ့လာ မတူးဖော်ရသေးသော သတ္တုရိုင်းအမျိုးမျိုးကို နေရာအနှံ့အပြား၌ တွေ့ရှိနိုင်သည်။