မုယော: တည်းဖြတ်မှု မူကွဲများ

Merged
စာကြောင်း ၄၈ -
နိုင်ငံဖြစ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
==မုယောပင်ပေါက်==
မော့ခေါ် မုယောပင်ပေါက်ကို မုယောစပါးမှ
အပင်ဖောက်ယူရ၏။ ဦးစွာ၌ မုယောစပါးများကို အပူချိန်
ဖာရင်ဟိုက် ၅၅ဒီဂရီရှိသော ရေထည့်ထားသည့် စည်များတွင်
စိမ်ထားရသည်။ ရေစိမ်ထားသည်မှာ ၂ ရက်မှ ၄ ရက်အထိ
ကြာ၍ ထိုအချိန်အတွင်းအပူချိန် တစ်ညီတည်း
ဖြစ်နေစေရပြီးလျှင်၊ ရေကိုလည်း ဗက်တီးရီးယားများလွန်ကဲစွာ
မပွားစေရန် မကြာခဏလဲလှယ်ပေးရသည်။
 
ထိုနောက် မုယောစပါးများကို ဆယ်ယူပြီးသော် ကြမ်းပြင်
ပေါ်တွင်ဖြန့်ကြဲကာ ၁၂ ရက်ကြာမျှ လှန်းထားရပြန်သည်။
ထိုအချိန်အတွင်းကဇော်ပေါက်လာ၍ အညေ|ာက်လည်း
စတင်ထိုးထွက်လာသည်။ ကဇော်ပေါက်သည်ဟုဆိုရာ၌
ဖာမင်တေးယှင်းဖြစ်ခြင်းကို ဆိုလိုသည်။
ကဇော်ပေါက်၍ ဖြစ်ပေါ်လာသော အင်ဗိုင်းသည် ကစိဓာတ်ကို
သကြားဓာတ်အဖြစ်သို့ ပြောင်းလဲနိုင်သည့်ပြင် ပို၍
အစာကိုလည်း ကြေလွယ်စေနိုင်သည်။ နောက်ဆုံးတွင် မီးဖိုထဲ၌
အပူဓာတ်ပေးခြင်းးဖြင့် အညေ|ာက်ကြီးပွားလာခြင်းကို ရပ်စဲစေ၍
အညေ|ာက်များကို ဖယ်ပစ်ရသည်။ ထိုအခါတွင် မုယောပင်ပေါက်
(ဝါ) မော့ကိုရရှိလေသည်။
 
မုယောပင်ပေါက်ကို ဘီယာချက်ရာ၌ အဓိကထား၍
အသုံးပြုကြသည်။ နို့မှုန့်နှင့်မုယောပင်ပေါက်ကို ရောစပ်၍
ပြုလုပ်ထားသော မုယောပင်ပေါက် နို့မှုန့်(မော့နို့မှုန့်)
ပြုလုပ်ရာ၌လည်း မုယောပင်ပေါက်ကို အမြောက်အမြား
အသုံးပြုကြသည်။ မော့ပါသော နို့
မှုန့်သည် အစာကြေလွယ်စေသဖြင့် လူနာနှင့် ကလေးများအား
တိုက်ကျွေးရန် အထူးသင့်လျော်ပေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
== ကိုးကား ==
<references/>
 
[[Category:စိုက်ပျိုးရေး]]
[[Category:ကောက်ပဲသီးနှံ]]