ရှုမဝ ရုပ်စုံမဂ္ဂဇင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Correcting spelling
Adding new fact
စာကြောင်း ၁၀ -
 
ပါဝင်သော အခန်းကဏ္ဍများမှာ ကဗျာ၊ ကာတွန်း၊ ပုံပြင်၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်၊ မမေ့နိုင်တဲ့ပြဿနာ၊ ဆောင်းပါး၊ အဟိ၊ စာကြည့်တိုက်၊ ကမ္ဘာ့ဆိုးပေကြီးများ၊ တကယ့်အဖြစ်အပျက်၊ ကလေးရှုမဝ၊ ချစ်ကိုယ်တွေ့ တို့ ဖြစ်သည်။ အတွဲ (၁၄)၊ အမှတ် (၁၅၇) သည် အထူးထုတ် ဖြစ်သည်။ စတင်ထုတ်ဝေစဉ်တွင် (၁၆ x ၂၂) စင်တီမီတာ ဖြင့် ဖြန့်ချီပြီး ၁၉၈၅ ခုနှစ် နိုဝင်ဘာလမှစ၍ (၁၈ x ၂၄) စင်တီမီတာသို့ ပြောင်းလဲခဲ့သည်။
 
ပထမဆုံးထည့်သွင်းခဲ့သည့် ရာဇဝင်ရုပ်ပြတွင် နတ်ရှင်နောင် ဇာတ်လမ်းအား ဖော်ပြခဲ့ပြီး ရေးဆွဲသူမှာ ဦးစိန် ဖြစ်သည်။
 
ရှုမဝ ဦးကျော်သည် တာဝန်ခံစာတည်းအဖြစ် တာဝန်ယူပြီး ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် စာတည်းချုပ်အဖြစ် ဆောင်ရွက်သည်။ တင့်တယ် နှင့် ငွေဥဒေါင်းက အတိုင်ပင်ခံ စာတည်းနှင့် စာတည်းအဖွဲ့ဝင်အဖြစ် တာဝန်ယူသည်။ ဒဂုန်ဝင်း၊ သန်းဆွေ၊ မောင်ကြည်ဆွေ၊ မောင်သာရ၊ ရန်အောင်၊ မောင်ဆွေတင့်၊ မင်းယုနိုင်၊ မောင်မြင့်မြတ် တို့မှာ စာတည်းများအဖြစ် လည်းကောင်း၊ ဒေါ်မြင့်မြင့်သန်းမှာ အုပ်ချုပ်မှုစာတည်းအဖြစ် လည်းကောင်း၊ တက္ကသိုလ်စိန်ကျော်မင်း၊ အောင်နိုင်သူ၊ သာထွဏ်းဝင်း၊ မောင်ဇော်ယု တို့မှာ အမှုဆောင်စာတည်းများအဖြစ် လည်းကောင်း အလှည့်ကျတာဝန်ယူသည်။ ယာယီစာတည်းအဖြစ် သော်တာဆွေ၊ အောင်လင်း၊ မြသန်းတင့်တို့က ဆောင်ရွက်ကြပြီး ဦးဆွေတင့်မှာ ၁၉၆၂ ခုနှစ်မှစ၍ တာဝန်ခံစာတည်းအဖြစ် ဆောင်ရွက်သည်။