ပဲခူးရိုးမတောင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာကြောင်း ၁ -
 
==ပဲခူးရိုးမတောင်==
မြန်မာနိုင်ငံအလယ်ပိုင်း မြောက်လတ္တီတွဒ် ၁၇ ံ မှဒီဂရီမှ ၂ဝ ဒီဂရီ
အတွင်း မြောက်မှ တောင်သို့ [[ဧရာဝတီမြစ်]]နှင့် [[စစ်တောင်းမြစ်]] အကြား၌ တန်းဆင်းသွားသော တောင်တန်းကို ပဲခူးရိုးမတောင်ဟု ခေါ်သည်။
 
စာကြောင်း ၁၉ -
ပဲခူးရိုးမတောင်တန်းဒေသတွင် အများအားဖြင့် ကရင်များ ရွာတည်ထောင်၍ နေထိုင်ကြသည်။ သို့ရာတွင် အလွန်လူဦးရေ ပါးသည်။ ယင်းတို့သည် ရွာ၏ ပတ်ဝန်းကျင်၌ ရှင်းလင်း ခုတ်ထွင်၍ တောင်ယာများတွင် အိမ်သုံးအတွက် ကောက်ပဲသီးနှံ စိုက်ပျိုးနေထိုင်ကြသည်။ ပြည်၊ မကွေး၊ တောင်ငူနှင့်သရက်ခရိုင် အစပ်ဘက်ရှိ ပဲခူးရိုးမတောင်တန်းဒေသတွင်မူ ချင်းရွာငယ်များ ရှိသည်။ ယင်းတို့သည် ရခိုင်ရိုးမတောင်ကို ကျော်၍ ဧရာဝတီမြစ် အရှေ့ဘက်သို့ မည်သည့်အချိန်ကစ၍ ပြောင်းရွှေ့ နေထိုင်ကြသည်ကိုမူ အတိအကျ မသိရချေ။
ပဲခူးရိုးမတောင်တန်းကို ပျဉ်းမနားမှ တောင်တွင်းကြီးသို့
သွားသော မီးရထားလမ်းတစ်ခုသာ ဖြတ်သန်း၍ ဖောက်ထားလေသည်။ လမ်းအဖြစ်ကား တောင်ငူမြို့မှ၊ ပြည်မြို့သို့ ပဲခူးရိုးမကို ဖြတ်၍ ကားလမ်း ဖောက်လုပ်ရန် စီစဉ်ဆဲဖြစ်၍ ယခု စတင်ဖောက်လုပ်နေချေပြီ။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)</ref>
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)</ref>
 
== ကိုးကား ==
{{Reflist}}
<references/>
 
[[Category:မြန်မာနိုင်ငံရှိ တောင်များ]]