သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာကြောင်း ၇၁ -
၁၉၇၅ ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်သို့ ရောက်လာပြီး စစ်ဆင်ရေး ဗျူဟာများကို တာဝန်ယူခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် တပ်မ (၈၈) တပ်မမှူးအဖြစ် ခန့်အပ်ခံရပြီး ရှမ်းပြည်နယ်တွင် ဗကပများ နှိမ်နှင်းရေး စစ်ဆင်မှုများကို ကွပ်ကဲခဲ့ရသည်။ ၁၉၈၃ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။
 
ထို့နောက် ဗိုလ်မှူးချုပ် သန်းရွှေသည် ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဒုဗိုလ်ချုပ်ဗိုလ်ချုပ် အဆင့် တိုးမြှင့်ချင်း ခံရသည်။ တဖန် တစ်နှစ်အကြာ ၁၉၈၇ ခု နိုဝင်ဘာလ ၄ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့် တိုးမြှင့်ခံရသည်။ ၁၉၈၈ ခု၊ ဇူလိုင် ၂၇ တွင် ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်လာသည်။ ထို့နောက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလအတွင်း စစ်အာဏာရှင် ဦးနေဝင်းက ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်မှူးချုပ် ခင်ညွှန့်တို့ကို မရမ်းကုန်းမြို့နယ် (၇) ရပ်ကွက်၊ မေခလမ်းရှိ သူ့အိမ်ကို ခေါ်ယူတွေ့ဆုံပြီး စစ်တပ်ဖြင့် အာဏာသိမ်းရန်နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ခေါင်းစဉ်တပ်ထားသော စစ်အာဏာသိမ်း ကောင်စီ၌ ဗိုလ်ချုပ်ကြီး စောမောင်ကို ဥက္ကဋ္ဌလုပ်ခိုင်းပြီး ဗိုလ်မှူးချုပ် ခင်ညွှန့်နှင့် ဗိုလ်မှူးကြီး တင်ဦးတို့ကို နဝတ အဖွဲ့ အတွင်းရေးမှူး (၁) နှင့် (၂) ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ အာဏာသိမ်းရမည့် စက်တင်ဘာလ ၁၈ ရက်ကို ဦးနေဝင်းကပင် ဂဏန်းဗေဒင်အရ တွက်ချက်ပေးခဲ့သည်။ ဦးနေဝင်းသည် ဂဏန်းဗေဒင်ပညာကို အလွန်ယုံကြည်သူဖြစ်ရာ သူ၏ မွေးနံဂဏန်း (၆) နှင့် အကျိုးပေးသော ၃ နှင့် ၉ ဂဏန်းကို အလွန်နှစ်သက်သောကြောင့် စစ်အာဏာသိမ်းကောင်စီ၏ အမည်ကိုပင် ၉ ဂဏန်းကျစေရန် နဝတ (န(၇)+ဝ(၄)+တ(၇)=၁၈=၁+၈=၉) ဟူ၍ အတိုကောက် မှည့်ခေါ်စေသလို ၉ ဂဏန်းကျသော စက်တင်ဘာလ ၁၈ ရက်နေ့ကိုပင် အာဏာသိမ်းခိုင်းခဲ့သည်။
 
ဗိုလ်ချုပ်ကြီး စောမောင်ကလည်း ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေကို နဝတ အဖွဲ့၌ သာမန်အဖွဲ့ဝင် တစ်ဦးအဖြစ်သာ ထည့်သွင်းခဲ့ပြီး အရေးပါလှသည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပေါ်လစီများကို ကိုင်တွယ်ခိုင်းခြင်း မရှိဘဲ လမ်းဖောက်၊ တံတားဆောက် စသည့် လုပ်ငန်းအချို့တွင်သာ ကြီးကြပ်စေခဲ့သောကြောင့် ယင်းတို့အပေါ်တွင် အညိုးအတေး ထားခဲ့သည်။ သို့သော် မိမိ၏ မကျေနပ်မှုကို မျိုသိပ်ကာ လေသံမျှပင် မဟခဲ့ချေ။