ဆောမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၄၆ -
 
ဆောမြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၂ဝဝ မျှရှိ၍၊ မြို့၏လူဦးရေမှာ ၁၉၅၃ ခုနှစ် သန်းကောင်စာရင်းအရ ၁၂၇၇ ယောက်မျှ ရှိလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>
 
ဆောမြို့ကို ဘီစီ ၁၇၄ တွင် ပူရန္တပ္ပမင်းနေပြည်တော်မှ ထွက်ခွာလာသူ မင်းသား မင်းရှင်စောက စတင်တည်ထောင်ပြီး စမ္ပာနဂရဟု အမည်ပေးကြောင်း၊ နောက်ပိုင်း တည်ထောင်သူကို အစွဲပြု၍ စောမြို့ဟု ခေါ်ရာမှ ဆောမြို့ ဖြစ်လာကြောင်း ဆိုသည်။ မြန်မာမင်းလက်ထက် တလျှောက်တွင် ဆောမြို့၌ မြို့သူကြီး ရာထူး ထားရှိသည်။
 
ထင်ရှားသော အစောပိုင်းကာလ ဆောမြို့သူကြီး အဆက်ဆက်မှာ
# ဦးရွှေခိုင်
# သား ဦးသက်ခိုင်
# သား ဦးစံလှ
# သား ဦးစာ
# သား ဦးပေသီး
# သား ဦးရွှေသိမ်း
# ညီ ဦးရွှေမင်း
# တူ ဦးလှမိုး
# ညီ ဦးကျော်ညွန့်
ဘိုးတော်ဘုရားလက်ထက် ၁၁ ဖေဖော်ဝါရီ ၁၇၈၄ တွင် ဆောမြို့စစ်တမ်းကို မြို့သူကြီး ဦးစာ(၄၀ နှစ်)က ဆက်သွင်းပြီး ဆင်ဖြူရှင်မင်းလက်ထက်ကပင် ဆောမြို့သူကြီး ရရှိခဲ့သူ ဖြစ်သည်။ ၁၈၀၂ ဒုတိယအကြိမ် စစ်‌တမ်း ကောက်ယူချိန်၌လည်း ဦးစာပင် ဆက်သွင်းသည်။ မင်းတုန်းမင်းလက်ထက် ဆောမြို့သူကြီး ရာထူး အရှုပ်အထွေး ပေါ်သည်။ ဦးစာ၏ မြစ်တော်သူ ဦးလှမိုးက မိမိဖခင် ဦးရွှေသိမ်းထံမှ ဘထွေး ဦးရွှေမင်းက အမိန့်တော် ခံလျက် ကြီးစိုးခဲ့ကြောင်း၊ မိမိသာလျှင် အရိုးသားမြေး မှန်ကန်ပါကြောင်း လွှတ်တော်သို့ တင်ပြ လျှောက်ထားရာ ၂၆ ဖေဖော်ဝါရီ ၁၈၈၀ တွင် ဦးလှမိုး ဆောမြို့သူကြီး ဖြစ်လာသည်။ ၎င်းသည် တာဝန်ထမ်းဆောင်စဉ်အတွင်း နာမကျန်း ဖြစ် ကွယ်လွန်သည်။ သားသမီး မရှိ၍ တူဖြစ်သူ ဦးကျော်ညွန့် ဆက်ခံကာ မြန်မာဘုရင်လက်ထက် ခန့်အပ်ခံရသူ နောက်ဆုံးသော ဆောမြို့သူကြီး ဖြစ်သည်။ <ref>{{cite book|author=တင်နိုင်တိုး|title=မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher=မဇ္ဈိမစာပေ|page=၁၄၁|date=ဒီဇင်ဘာလ၊ ၂၀၁၃}}</ref>
 
== အထင်ကရပုဂ္ဂိုလ် ==
* စာရေးဆရာ ယောနက ဘိုးထောင်
 
== ကိုးကား ==