ကမ္ဘာ့စာပို့လုပ်ငန်းသမဂ္ဂ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၆ -
 
== ပါရီညီလာခံ ==
ထို့ကြောင့် နိုင်ငံတကာ စာပို့လုပ်ငန်း တိုးတက်ရေးအတွက် အမေရိကန် စာပို့တိုက် မင်းကြီး မွန်ဂိုမာရီ ဘလဲယား(Montgomery Blair)၏ ဦးဆောင်မှုဖြင့် ၁၈၆၃ တွင် ပါရီမြို့၌ ညီလာခံ တရပ်ကျင်းပပြီး၊ ၎င်းညီလာခံသို့ အမေရိကန်နှင့် ဥရောပနိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်သည်။
 
၁၁ မေ ၁၈၆၃ တွင် စတင်ကျင်းပ၍ ၈ ဇွန်တွင် ပြီးဆုံးသော ပါရီညီလာခံ၌ ပြဿနာရပ်ပေါင်း ၃၆ ခုကို အခြေပြု ဆွေးနွေးကြသည်။ စာပို့လုပ်ငန်း အလေးချိန် သတ်မှတ်ချက် တူညီရေး၊ စာပို့ခနှုန်းထား တူညီရေး၊ စာရင်းအင်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ညှိနှိုင်းကြပြီးနောက် အခြေခံမူများ ဖြစ်သော နိုင်ငံတကာ စာပို့လုပ်ငန်း တိုးတက်ကောင်းမွန်ရေး၊ လူနေမှု တိုးတက်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု တိုးတက်ဖွံ့ဖြိုးစေရေးတို့တွင်လည်း သဘောတူညီမှု ရရှိသည်။
 
== ဘန်းစာချုပ် ==
ပါရီညီလာခံ ကျင်းပပြီးနောက် ၁၁ နှစ်အကြာတွင် ပထမဆုံး နိုင်ငံတကာ စာပို့တိုက် ညီလာခံကို ဆွစ်ဇာလန်၊ ဘန်းမြို့၌ ကျင်းပသည်။ ထိုညီလာခံသို့ နိုင်ငံပေါင်း ၂၂ မှ ကိုယ်စားလှယ်များ တက်ရောက်ပြီး ၉ အောက်တိုဘာ ၁၈၇၄ တွင် ဘန်းစာချုပ်(Berne Treaty)ကို လက်မှတ်ထိုးကြသည်။ ဘန်းညီလာခံသို့ မတက်ခဲ့သော ကန်စာပို့တိုက် မင်းကြီး မွန်ဂိုမာရီသည် ၁ ဇူလိုင် ၁၈၇၅ တွင် ဘန်းစာချုပ်ကို လက်မှတ်ထိုးပြီး၊ ပြင်သစ်သည် ၁ ဇန်နဝါရီ ၁၈၇၆ တွင် လက်မှတ်ထိုးသည်။
 
အထွေထွေ စာပို့တိုက် သမဂ္ဂ ဖွဲ့စည်းရေး ဆိုင်ရာ သဘောတူညီချက်(Treaty Concerning the Establishment of General Postal Union)ဖြစ်သော ဘန်းစာချုပ်သည် ၁ ဇူလိုင် ၁၈၇၅ တွင် စတင် အသက်ဝင်ပြီး၊ အတိုကောက်အားဖြင့် ဂျီပီယူ(GPU)ဟု ထင်ရှားသည်။ ထို့နောက် သုံးနှစ်အကြာ ၁၈၇၈ တွင် အထွေထွေ စာပို့တိုက် သမဂ္ဂမှ ကမ္ဘာ့ စာပို့တိုက် သမဂ္ဂ(ယူပီယူ)(Universal Postal Union(UPU))သို့ ပြောင်းလဲ သတ်မှတ်သည်။ ၁ ဇူလိုင် ၁၉၄၈ တွင် အတည်ဖြစ်သော သဘောတူညီချက် စည်းကမ်းများအရ ကမ္ဘာ့စာပို့တိုက် သမဂ္ဂသည် ကုလသမဂ္ဂနှင့် ဆက်စပ်သည့် အ‌ထူးအေဂျင်စီ(Specialized agency) တခု ဖြစ်လာသည်။ ဆွစ်ဇာလန်၊ ဘန်းမြို့တွင် ဌာနချုပ်ကို ဖွင့်လှစ်ထားရှိသည်။ ပြင်သစ်ဘာသာစကားသည် ကမ္ဘာ့စာပို့တိုက် သမဂ္ဂ၏ တမျိုးတည်းသော ရုံးသုံးဘာသာစကား ဖြစ်သည်။
 
== ရည်မှန်းချက် ==
* ချောစာများ၊ ပစ္စည်းများ အပြန်အလှန် ပို့ဆောင်ရေးအတွက် တခုတည်းသော စာပို့လုပ်ငန်းဆိုင်ရာ နယ်ပယ် ဖွဲ့စည်းသတ်မှတ်ရန်
* စာပို့ လုပ်ငန်းများကို စည်းရုံးရန်နှင့် တိုးတက် ကောင်းမွန်စေရန်
* စာပို့လုပ်ငန်းဆိုင်ရာ နယ်ပယ်တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်
* အဖွဲ့ဝင်နိုင်ငံများက တောင်းဆိုသော ကျွမ်းကျင်မှု အကူအညီများတွင် ပါဝင်ဆောင်ရွက်ရန်နှင့်
* အဖွဲ့ဝင်နိုင်ငံတိုင်းသည် အခြားအဖွဲ့ဝင်နိုင်ငံများ၏ ချောစာများ၊ ပစ္စည်းများကို ပို့ဆောင်ရာတွင် မိမိ၏ ချောစာများ၊ ပစ္စည်းများအတွက် အသုံးပြုသည့် အကောင်းဆုံးနည်းဖြင့် ပို့ဆောင်ကြရန်။
 
== အဖွဲ့ဝင်နိုင်ငံများ ==