ကမ္ဘာ့စာပို့လုပ်ငန်းသမဂ္ဂ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၃ -
 
== အဖွဲ့ဝင်နိုင်ငံများ ==
ကမ္ဘာ့စာပို့တိုက် သမဂ္ဂ၌ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်း ပါခွင့် ရှိသည့်အပြင် ကုလသမဂ္ဂ အဖွဲ့ဝင် မဟုတ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံများသည်လည်း ဝင်ရောက်ခွင့် လျှောက်နိုင်သည်။ အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမဲ အနည်းဆုံး သုံးပုံ နှစ်ပုံ ( ⅔ ) ရရှိလျှင် လက်ခံသည်။
 
ကမ္ဘာ့ စာပို့တိုက်သမဂ္ဂတွင်
# ဩစတြီးယား
# ဘယ်လဂျီယံ
# ဒိန်းမတ်
# အီဂျစ်
# ပြင်သစ်
# ဂျာမနီ
# ဗြိတိန်
# ဂရိ
# ဟန်ဂေရီ
# အီတလီ
# လူဇင်ဘတ်
# နယ်သာလန်
# နော်ဝေ
# ပေါ်တူဂီ
# ရူမေးနီးယား
# ရုရှ
# ဆားဘီးယား
# စပိန်
# ဆွီဒင်
# ဆွစ်ဇာလန်
# တူရကီနှင့်
# အမေရိကန်
တို့သည် ပထမဦးစွာ ပါဝင်သော နိုင်ငံများ ဖြစ်သည်။
 
မြန်မာသည် ၁ ဇူလိုင် ၁၈၇၆ မှ စ၍ ဗြိတိသျှပိုင် အိန္ဒိယပြည်နယ် တခု အနေနှင့် ပါပြီး၊ ၁၉၃၇ မှ ၁၉၄၈ အတွင်း ဗြိတိသျှ ကိုလိုနီပြည်နယ် တခုအဖြစ် ပါဝင်သည်။ ထို့နောက် ၁၉၄၉ အောက်တိုဘာ ၄ ရက်နေ့မှ စ၍ လွပ်လပ်သော အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံအဖြစ် ကမ္ဘာ့စာပို့တိုက် သမဂ္ဂတွင် ပါသည်။ ယခုအခါ ကမ္ဘာ့စာပို့တိုက် သမဂ္ဂတွင် အဖွဲ့ဝင် နိုင်ငံပေါင်း '''၁၆၄''' နိုင်ငံ ပါလျက် ရှိပြီး၊ ကုလသမဂ္ဂအဖွဲ့ဝင်ထက် ခုနစ်နိုင်ငံ ပိုများသည်။
 
== ပင်မအဖွဲ့အစည်းများ ==
ကမ္ဘာ့စာပို့တိုက်သမဂ္ဂတွင် ပင်မအဖွဲ့ကြီး လေးဖွဲ့ရှိပြီး၊ ယင်းတို့မှာ -
* ကမ္ဘာ့စာပို့တိုက်ညီလာခံ(Universal Postal Congress)
* အလုပ်အမှုဆောင်ကောင်စီ(Executive Council)
* စာပို့လုပ်ငန်း လေ့လာရေးအတိုင်ပင်ခံကောင်စီ (Consultative Council for Postal Studies)နှင့်
* အပြည်ပြည်ဆိုင်ရာ ဗျူရို (International Bureau)
တို့ ဖြစ်သည်။
 
'''ကမ္ဘာ့စာပို့တိုက်ညီလာခံ'''သည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။ ညီလာခံကို ပုံမှန်အားဖြင့် ငါးနှစ်လျှင် တကြိမ် ကျင်းပပြီး၊ စာပို့လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ်များနှင့် နောက်ဆက်တွဲ သဘောတူညီချက်များကို ဆန်းစစ်သည်။ ၁၈ ကြိမ်မြောက် ညီလာခံကို ၁၉၇၉ တွင် ဘရာဇီး၊ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပသည်။
 
'''အလုပ်အမှုဆောင်ကောင်စီ'''တွင် အဖွဲ့ဝင်အဖြစ် နိုင်ငံပေါင်း ၄၀ ပါဝင်ပြီး၊ ၎င်းနိုင်ငံများကို ညီလာခံက ဒေသအလိုက် ရွေးချယ်သတ်မှတ်ပေးသည်။ အလုပ်အမှုဆောင်ကောင်စီ၏ အစည်းအဝေးကို သမဂ္ဂဌာနချုပ်တွင် နှစ်စဉ် ကျင်းပပြီး၊ ကောင်စီသည် ညီလာခံ တခုနှင့် တခုကြားတွင် ကမ္ဘာ့စာပို့တိုက် သမဂ္ဂ၏ လုပ်ငန်းများ လည်ပတ်နေစေရန် တာဝန်ယူ ဆောင်ရွက်ရသည်။
 
'''စာပို့လုပ်ငန်း လေ့လာရေး အတိုင်ပင်ခံ ကောင်စီ'''တွင် အဖွဲ့ဝင်အဖြစ် နိုင်ငံပေါင်း ၃၅ ပါဝင်ပြီး၊ အဖွဲ့ဝင်များကို ညီလာခံက ရွေးချယ်သတ်မှတ်ပေးကာ အတိုင်ပင်ခံ ကောင်စီ၏ သက်တမ်းမှာ ၅ နှစ် ဖြစ်သည်။ သမဂ္ဂဝင်နိုင်ငံများ၏ စာပို့လုပ်ငန်းဆိုင်ရာ အဓိက ပြဿနာများကို လေ့လာဆန်းစစ်ခြင်း၊ အကြံဉာဏ်ပေးခြင်းများ ပြုလုပ်သည်။
 
'''အပြည်ပြည်ဆိုင်ရာ ဗျူရို'''သည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ အမြဲတမ်းအတွင်းရေးမှူးများရုံး ဖြစ်သည်။ စာပို့လုပ်ငန်း အုပ်ချုပ်ရေး ဌာနများအတါက် ဆက်သွယ်ရေး၊ ပြန်ကြားရေးနှင့် တိုင်ပင် ဆွေးနွေးရေး ကိစ္စများကို ဆောင်ရွက်သည်။ ညွှန်ကြားရေးမှူးချုပ်မှာ မိုဟာမက် အီဘရာဟင် ဆိုးဘီး (အီဂျစ်) ဖြစ်သည်။
 
== ကျွမ်းကျင်မှုအကူအညီများ ==