အန်းနက် လောရင့်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
'''အန်းနက် အော်လန်ဒို လောရင့်''' ([[အင်္ဂလိပ်]] : Ernest Orlando Lawrence) ကို ၁၉၀၁ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် [[အမေရိကန်ပြည်ထောင်စု]]၊ တောင်-[[ဒါကိုတာ နယ်မြေ|ဒါကိုတာပြည်နယ်]]၊ ကန်တန်မြို့၌ မွေးဖွားခဲ့သည်။ သူ၏မိဘများသည် [[နော်ဝေနိုင်ငံ]]သားများဖြစ်ပြီး အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကြသူများဖြစ်သည်။ လောရင့်သည် အထက်တန်းပညာရပ်များ သင်ယူပြီးသည့်အခါ တောင်-ဒါကိုတာတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၁၉၂၂ ခုနှစ်တွင် ဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။ အဆိုပါ နှစ်မှာပင် မင်နယ်ဆိုး တက္ကသိုလ်မှ အမ်အေဘွဲ့နှင့် ၁၉၂၅ ခုနှစ်တွင် ယေးလ်တက္ကသိုလ်မှ ပါရဂူဘွဲ့ရခဲ့သည်။ သူသည် ငယ်ရွယ်စဉ်ကပင် ရူပဗေဒပညာရပ်နယ်ပယ်၌[[ရူပဗေဒ]]ပညာရပ်နယ်ပယ်၌ ထင်ရှားသော သိပ္ပံပညာရှင်တစ်ဦးဖြစ်ခဲ့သည်။ လော့ရင့်သည် ယေးလ်တက္ကသိုလ်ရှိ သုတေသနတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၎င်းမှ ရူပဗေဒလက်ထောက်ပါမောက္ခနှင့် ၁၉၂၈ ခုနှစ်တွင် ဘတ်ကလေးမြို့ရှိ ကာလီဖိုးနီးယားတက္ကသိုလ်တွင်[[ကယ်လီဖိုးနီးယားပြည်နယ်|ကာလီဖိုးနီးယား]]တက္ကသိုလ်တွင် ပါမောက္ခတစ်ဦးဖြစ်လာသည်။ ၁၉၃၆ ခုနှစ်တွင် အဆိုပါတက္ကသိုလ်ရှိ သုတေသနဓာတ်ခွဲခန်းတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ ၎င်းတွင် သူကွယ်လွန်သည့် အချိန်အထိဖြစ်သည်။ သူသည် ကိုလံဘီယာရှိ ကင်ဆာသုတေသနသိပ္ပံ၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သည်။
 
[[ဒုတိယ ကမ္ဘာစစ်|ဒုတိယကမ္ဘာစစ်]]ဖြစ်ပွားသည့်အခါ လောရင့်သည် [[အနုမြူဗုံး]]တီထွင်သည့် စီမံကိန်းတွင် အရေးပါသောနေရာမှ တာဝန်ထမ်းဆောင်ခဲ့သည်။ လောရင့်၏သုတေသနလုပ်ငန်းများတွင် နျူကလီးယားဆိုင်ရာ ရူပဗေဒ၊ သတ္တုအခိုးအငွေ့များ၏ အိုင်းယွန်းအသွင်ကူးပ​ြောင်းခြင်းတို့ပါဝင်သည်။ ၁၉၂၉ ခုနှစ်တွင် နျူကလီးယားဒြပ်မှုန်များကို အရှိန်မြှင့်ပေးနိုင်သည့် ဆိုင်ကလိုထရွန်ကိရိယာကို တီထွင်ခဲ့သည်။ ၎င်းသည်လွန်မြင့်မားသော ဗို့အားမလိုဘဲ ဒြပ်များကိုလျင်မြန်စွာ ရွေ့လျားနိုင်ပြီး အနုမြူဗုံးထုတ်လုပ်ရာတွင် အသုံးပြုသည်။ လောရင့်သည် [[ရေဒီယိုသတ္တိကြွပြိုကွဲမှု|ရေဒီယိုသတ္တိ]]ကြွအိုင်ဆိုတုတ်များစွာကိုလည်း ရှာဖွေဖော်ထုတ်ခဲ့သည်။ လောရင့်သည် အစ်ကိုဖြစ်သူ ဆေးဘက်ဆိုင်ရာ ရူပဗေဒသုတေသနဓာတ်ခွဲခန်း၏ ညွှန်ကြားရေးမှူး ဒေါက်တာဂျွန်လောရင့်နှင့်အတူ ဆေးပညာရပ်များကို ပူးပေါင်းဖော်ထုတ်ခဲ့ပြီး ဆိုင်ကလိုထရွန်ကိရိယာနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေခဲ့ခြင်းဖြစ်သည်။