မော်လဒိုက်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၄၅ -
}}
မော်လဒိုက်နိုင်ငံ၏ တရားဝင်အမည်မှာ မော်လဒိုက်သမ္မတနိုင်ငံ ဖြစ်ပြီး [[အိန္ဒိယသမုဒ္ဒရာ]] အတွင်းမှ ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ [[သီရိလင်္ကာနိုင်ငံ]] ၏ အနောက်တောင်ဘက် ၄၃၅မိုင် (၇၀၀ ကီလိုမီတာ အကွာ) နှင့် [[အိန္ဒိယနိုင်ငံ]] ၏အနောက်တောင်ဘက် ၂၅၀ မိုင် အကွာတွင် တည်ရှိသည်။
 
၎င်းသည် အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံ၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ကျောက်‌ခတ်ကျွန်းဝိုင်း ၂၆ ခုတွဲသည် မြောက်ဘက် အီဟာဗန်ဓိပ္ပိုဟူကျွန်းဝိုင်းမှ တောင်ဘက် အဒ္ဒူမြို့ထိ ဖြန့်ကျက် တည်ရှိသည်။ အကြမ်းဖျင်း တိုင်းထွာသည့်အခါ ၂၉၈ စတုရန်းကီလိုမီတာ (၁၁၅ စတုရန်းမိုင်) ပါဝင်သော မော်လဒိုက်သည် ကမ္ဘာတွင် ပထဝီဝင်အရ အကွဲကွဲအပြားပြား အဖြစ်နေဆုံး နိုင်ငံများတွင် တခု ဖြစ်သကဲ့သို့ ၃၉၃၅၀၀ ယောက်သာ ရှိသော နေထိုင်သူ ပမာဏ အနည်းငယ်ကြောင့် ကုန်းမြေဧရိယာ အရကော၊ ‌လူဦးရေအရပါ အသေးငယ်ဆုံး အာရှ နိုင်ငံလည်း ဖြစ်သည်။ မာလီသည် မြို့တော် ဖြစ်ပြီး၊ လူနေထူထပ်ဆုံး မြို့ ဖြစ်သည်။ အလယ်ပိုင်းနေရာတွင် ရှ‌ိ၍ ဘုရင်ကြီးကျွန်းဟု အစဉ်အလာအရ ခေါ်ဆိုသည်။
 
[[Category:နိုင်ငံ]]