သျှင်မဟာ သီလဝံသ: တည်းဖြတ်မှု မူကွဲများ

ဆုံးမစာများ ထပ်ဖြည့်ပါသည်။
စာကြောင်း ၅၅ -
ကျော်တွင် အင်းဝနေပြည်တော် ရတနာဗိမာန်ကျောင်း တော်ကြီး၌ပင် ပျံလွန်တော်မူသည်ဟု ခန့်မှန်းရသည်။ ရှင်မဟာသီလဝံသ၏ စာတော်စာရင်းမှာ ပါရမီတော်ခန်းပျို့၊ တောင်တွင်းလာပျို့၊ ဆုတောင်းခန်းပျို့၊ သံဝေဂခန်းပျို့၊ ဓမ္မပါလပျို့(ရေးဆဲပျံလွန်တော် မူသောကြောင့် တပည့်ပုဂံဆရာတော်က ဆက်ရေးရာ ၉၁၁ ခုနှစ်၌ ပြီး၏)၊ ကမ္ဘာလောင်ပျို့(စာမူမတွေ့ရ၊ တိမ်မြုပ်နေသည်)၊ ဗုဒ္ဓုပ္ပတ္တိပျို့
(ပါရမီတော်ခန်းပျို့ကိုပင် ဆိုလိုသည်ဟု အချို့မှတ်သားကြသည်)၊ တံတားဦးသည် မော်ကွန်း၊ ရွှေနန်းတည်မော်ကွန်း၊ ရွှေနန်းကြော့ရှင်း နန်းဖွဲ့မော်ကွန်း၊ မိတ္ထီလာကန်တော်ဘွဲ့မော်ကွန်း (သျှိသျှားကန်ဘွဲ့ မော်ကွန်းဟုလည်း ခေါ်၏။) ဆုံးမစာ လင်္ကာများ၊ ဧကပိုဒ်၊ အဖြည့်ခံ၊ ပိုဒ်စုံရတုများ၊ ရာဇဝင်ကျော်၊ ပါရာယနဝတ္ထု၊ မဟာရဟနီတိ၊ နေတ္တိပါဠိတော် နိသျဟောင်း၊ ဆုံးမစကားပုံ အစရှိသော ကျမ်းများနှင့် ရတနာဗိမာန်ကျောင်းတော် ကျောက်စာတို့ဖြစ်၏။ ထိုကျောက်စာမှာ တစ်ကြောင်းလျှင် စာလုံးရေ ၈ဝ ခန့်၊ တစ်ဖက်တွင် ကြောင်းရေ ၅၄၊ တစ်ဖက်တွင် ၃၅ ခန့်ရှိ၏။
 
== ရှင်မဟာသီလဝံသ ဆုံးမစာများ ==
# ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ဘဲ၊ မတ်တတ်ထိုး၍ မသွားနှင့်။
# မိဦးဖဦး၊ ဆရာဦးကို၊ ခူး၍အလျင် မစားနှင့်။
# မိဘဆရာ၊ ထားသည့်ဟာကို၊ မျက်နှာကွယ်လျှင်၊ မယူငင်နှင့်။ လိုချင်သောအား၊ စားချင်ငြားက၊ ဝပ်တွားခယ၊ တောင်းပါကြ။
# အသက်ကြီးငယ်၊ ဝါကြီးငယ်ကို လွှဲဖည်မသွေ၊ နှိမ့်ချလေ။
# ဗဟုသုတ၊ တတ်ပါချင်လျှင်၊ သင်သာခိုက်ကို၊ သင်လိုက်ကြ။
# ဝါယာလုံ့လ၊ ကြိုးပမ်းက၊ ရလိမ့်ဉာဏ်ပညာ။
# လိမ္မာသိတတ်၊ လောကဓာတ်၊ တတ်လိမ့်များဂုဏ်အင်။<ref> ဗုဒ္ဓဘာသာတရားတော်(အထက်တန်းအဆင့်)၊ သာသနာရေးဝန်ကြီးဌာန။ ခရစ်နှစ် ၁၉၉၇၊ နှာ - ၅၁၆</ref>
 
== ကိုးကား ==