ရွှေသာလျောင်း ရုပ်ပွားတော်ကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ကိုးကားထည့်
→‎တနည်း: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၂၄ -
 
== တနည်း ==
ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွာ‌းတော်ကိုဗုဒ္ဓရုပ်ပွားတော်ကို ဟံသာဝတီဘုရင် သမလ၊ ဝိမလ မင်းဆက်မှ ၁၃ ဆက်မြောက်ဘုရင် မိဂါဒိပ္ပငယ်မင်းလက်ထက် ခရစ်နှစ် ၉၉၄ တွင် တည်ထားသည်။ ရုပ်ပွားတော်၏ မူလဘွဲ့မည်မှာ ကုသိနာရုံဘုရား ဖြစ်ပြီး၊ အလျား အတောင် ၃၀ ရှိကာ၊ အလျားအတောင် ၅၀၊ အနံအတောင် ၂၀ ရှိ သစ်သားတန်ဆောင်းအတွင်း ကိန်းဝပ်တော်မူသည်။ ခရစ်နှစ် ၁၃၂၈ တွင် ပုဂံဘုရင် [[စောနစ်]]မင်းက [[သီဟသူ (ပုဂံ)|သီဟသူ]]မင်း၏ သဘောတူခွင့်ပြုချက်ဖြင့် တန်ဆောင်ကြီးအား ရွှေချသည်။
 
မွန်ဘုရင်တိဿမင်း (၁၀၄၃-၁၀၅၇) လက်ထက်၌ ဘုရားကြီးအား လယ်ပယ် ၂၀ လှူသည်။ ဗညားဦးမင်း (၁၃၆၉-၁၃၈၃) လက်ထက်ဝယ် ဘုရား‌တန်ဆောင်းကို ပြုပြင်ကာ ရွှေချသည်။ ရာဇာဓိရာဇ် (၁၃၈၃-၁၄၂၃) လက်ထက် ၁၃၈၅ ခုတွင် ရုပ်ပွားတော်ကို ရွှေသင်္ကန်း ကပ်လှူသည်။ ထို့အတူ [[ရှင်စောပု]] (၁၄၅၂-၁၄၇၁) လက်ထက်တွင်လည်း တန်ဆောင်းဟောင်း ဖျက်သိမ်းကာ တင့်တယ်လှပသည့် တန်ဆောင်းသစ် တည်သည်။