No edit summary
No edit summary
စာကြောင်း ၁ -
ကျောက်မီးသွေးသည် ဗွိုင်လာခန်းအပေါက်မှ ကျဆင်းသွား ၍၊ အလိုအလျောက် မီးထိုးပေးသည့် မီးဖိုကြီးသို့ ရောက်ရှိသွား သည်။ ယင်းမီးဖိုကြီးတို့အနက် အသုံးများသည့်အမျိုးမှာ 'ကြိုး မီးဖိုကြီး'မျိုးပင်ဖြစ်သည်။ ဤမီးဖိုတွင် သံကြိုးများသည် လျှပ်စစ်ဓာတ်ဖြင့် ဘီးများကို လှည့်ပတ်နေကြသည်။ သံကြိုး ပေါ်တွင် သံတန်းများပါရှိလေရာ၊ ကျောက်မီးသွေးသည် ထို သံတန်းများပေါ်၌ မီးစွဲလောင်ကာ၊ တဘက်အစွန်းမှ လိုက်ပါ သွားသည်။ အခြားတဘက်အစွန်းသို့ ရောက်သောအခါ၊ မီး ကျွမ်းသွားပြီးလျှင် ပြာမှုန့်များဖြစ်၍ အောက်သို့ကျသွားသည်။ အချို့စက်ရုံများတွင် မီးသွေးအမှုန့်ကို အသုံးပြုသည်။ အသုံး ပြုပုံမှာ မီးသွေးကို ပထမဦးစွာ အမှုန့်ဖြစ်အောင် ကြိတ်၍၊ မီးလောင်ခန်းအတွင်းသို့ မှုတ်သွင်းပေးလိုက်သည်။ ထိုအခါ မီးသွေးမှုန့်တို့သည် ဓာတ်ငွေ့ကဲ့သို့ လောင်ကျွမ်းသွားကြသည်။ မီးသွေးမှုန့်များကို အသုံးပြုရာ၌ စရိတ်ကြီးလေးသည့်အပြင်၊ အလွန်သေးငယ်သော ပြာမှုန်များ ခေါင်းတိုင်သို့မရောက်အောင် တားဆီးရသည့် အခက်အခဲနှင့် တွေ့ကြုံကြရလေသည်။သို့သော် မီးကို အလိုရှိသကဲ့သို့ အုပ်ထိန်းထားနိုင်ခြင်းနှင့် ညံ့ဖျင်း သော ကျောက်မီးသွေးကို အသုံးပြုနိုင်ခြင်းတို့ကြောင့် မီးသွေး မှုန့်ကိုလည်း သုံးကြရသည်။ ခေတ်စက်ရုံများတွင် မီးဖို၏ကြမ်း ပြင်သည် သန့်ရှင်းလျက်ရှိသည့်အပြင်၊ မီးအကြောင်းကိုသိရှိရန် မီးဖိုးကိုကြည့်ဖို့ မလိုချေ။ မီးဖိုတွင် တပ်ဆင်ထားသည့် ကရိယာများကို ကြည့်၍၊ ဗွိုင်လာအိုး၏ ဝန်၊ နေရာအနှံ့အပြား ရှိ အပူချိန်၊ မီးခိုးတိုင်မှ ထွက်လာသည့် ဓာတ်ငွေ့များတွင် ပါရှိသော ကာဗွန်ဒိုင်အောက်ဆိုက် ရာခိုင်နှုန်း စသည်တို့ကို သိရှိရသည်။
[[File:ဆ.jpg|ဆ.jpg]]
 
'''''[[ဓာတ်အားပေးစက်ရုံ|ဆက်လက်ဖတ်ရှုရန် ...]]'''''