ဂဠုန်ဦးစော: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆၃ -
အစိုးရအဖွဲ့မှ နုတ်ထွက်ပြီးနောက် သခင်ဗစိန်၊ ဒေါက်တာဘမော်တို့နှင့်အတူ “မဟာဗမာ”အဖွဲ့ ဖွဲ့စည်း၍ ဖဆပလအတိုက်အခံအဖြစ် ဆောင်ရွက်သည်။ ထိုစဉ်က မဟာဗမာအဖွဲ့ကို စာနယ်ဇင်းများတွင် “စောစိန်မော်ဂုဏ်း”ဟု ကင်ပွန်းတပ်ခံရသည်။
 
==အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံမှု==
==နိုင်ငံခေါင်းဆောင်ကာလ==
 
ထို့နောက် ၁၉၄၇ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဂဠုန်ဦးစောသည် သူ၏နောက်လိုက်များအား ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံရန် စေခိုင်းခဲ့သည်။
ဂဠုန်ဦးစောသည် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ကြိုးစားခဲ့သော[[ဗိုလ်ချုပ်အောင်ဆန်း]]နှင့် တကွ အာဇာနည်ခေါင်းဆောင်များကို လုပ်ကြံ သတ်ဖြတ်ခဲ့သော အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။
ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်နေ့ ညနေပိုင်းမှာပင် ထိုလုပ်ကြံမှု၏ တရားခံ များဖြစ်သော ဦးစောနှင့် အပေါင်းအပါများအား ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖွဲ့စည်းပေးထားသော သောင်းကျန်းမှု နှိမ်နင်းရေးတပ် တပ်ရင်းအမှတ် (၁)မှ တပ်ခွဲမှူး ဗိုလ်သိန်းဟန်နှင့် ရဲဘော်များသည် မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄)ရှိ ဦးစောအိမ်သို့ဝိုင်းပြီး အိမ်တွင်းအိမ်ပြင် ရှာဖွေဖမ်းဆီးကာ စုံထောက် အင်စပိတ်တော် မစ္စတာဂျပ် ခေါင်းဆောင်သော ရဲအဖွဲ့လက်သို့ အပ်ခဲ့သည်။
ထို့နောက်ဦးစောနှင့် အပေါင်းအပါများအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီးဘူးတို့ ပါဝင်သော အထူးခုံရုံးမှ အချိန်ယူ စစ်ဆေးပြီး ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့လေသည်။ တရားခံများက အဆင့်ဆင့်အယူခံ ဝင်ခဲ့သည်။ နောက်ဆုံး အယူခံလွှာကို ၁၉၄၈ ခု၊ ဧပြီလ (၂၀) ရက်နေ့တွင် တရားလွှတ်တော်ချုပ်မှ ပယ်ချလိုက်သည်။ ထို့နောက် သမ္မတထံ သနားခံလွှာ တင်သွင်းခဲ့ပြန်ရာ ခင်မောင်ရင်၊ သုခနှင့် မောင်နီတို့အပေါ်တွင် ချမှတ်ထားသော သေဒဏ်အမိန့်ကို ပယ်ဖျက်ပြီး တစ်သက်တစ်ကျွန်း ထောင်ဒဏ်သို့ လွှဲပြောင်းပေးခဲ့သည်။
ကျန်တရားခံများဖြစ်သော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်စိုးနှင့် မှုန်ကြီးတို့အား အင်းစိန်အကျဉ်းထောင်တွင် လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံနေရာ)တွင်လည်းကောင်း၊ ၁၉၄၈ ခု၊ မေလ (၈) ရက်နေ့ အရုဏ်တက်ချိန ်(၅)နာရီခွဲတွင် တစ်ချိန်တည်း ကြိုးဒဏ် စီရင်ခဲ့လေသည်။
 
==ဘဝနိဂုံး==