ဘဝင်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၄ -
လက်ထောက်ဆရာအဖြစ်ထမ်းရွက်နေရင်း ဦးဘဝင်းသည် တတ်နိုင်သရွေ့ အင်္ဂလိပ်စာကိုလေ့လာသင်ယူရာ အင်္ဂလိပ်စာ အတော်အတန် တတ်မြောက်လာ သောအခါ ဆရာအလုပ်မှထွက် ရေနံချောင်းမြို့ ဘီအိုစီဂိုဒေါင်တွင် စာရေးကလေး အဖြစ် ဝင်ရောက်လုပ်ကိုင်သည်၊
လခစားအဖြစ်ရသမျှဝင်ငွေဖြင့် အင်္ဂလိပ်စာအုပ်များဝယ်ဖက်ကာ ရေနံချောင်းမြို့ ဆရာဦးအေးမောင်ထံတွင် ညကျောင်းတက်သည်။ ယင်းသို့ဖြင့်ကြိုးစားလာခဲ့ရာ အသက်၂၀-အရွယ်တွင် အင်္ဂလိပ်အာသာ ၁၀-တန်းစာမေးပွဲကို ဂုဏ်ထူးဖြင့်ဖြေဆိုအောင်မြင်ခဲ့ လေသည်၊
၁၀-တန်းအောင်သည်နှင့် တပြိုင်နက် ဦးဘဝင်းသည် အလုပ်မှထွက်ကာ မန္တလေးဥပစာကောလိပ်သို့ မိဘများအထောက်အပံ့ဖြင့် သွားရောက်သင်ယူပြန်သည်၊ ဥပစာကောလိပ်တွင် သိပ္ပံတန်းကိုဂုဏ်ထူးဖြင့် အောင်မြင်သဖြင့် အစိုးရစကောလားရှစ် ဆုချီးမြှင့်ခြင်းခံရသည်။မန္တလေး ဥပစာကောလိပ်မှ ဥပစာတန်းအောင်မြင်သူများတွင် ပထမရရှိခဲ့သည်။ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်များတွင် ထူးချွန်စွာအောင်မြင်ခဲ့သည်။၁၉၂၉ ခုနှစ်တွင် ဘီ၊အက်(စ်)စီ သချင်္ာဂုဏ်ထူးဖြင့်အောင်မြင်သည်။သင်္ချာဂုဏ်ထူးဖြင့်အောင်မြင်သည်။ ဥပစာသိပ္ပံတန်းအောင်မြင် ပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ဆက်လက်သင်ယူရာ သိပ္ပံဂုဏ်ထူးတန်းကိုထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့သည်၊
၁၉၃၅ ခုနှစ်တွင် တောင်တွင်းကြီးမြို့မှ ဦးအံ့၊ဒေါ်ရွှေမေတို့၏ သမီးဒေါ်ခင်စောနှင့် လက်ထပ်ခဲ့သည်။
 
==ကျောင်းဆရာဘဝ==
ထို့နောက် ရေနံချောင်းမြို့ အမျိုးသားကျောင်းတëင် အထက်တန်းပြဆရာ အဖြစ်ဝင်ရောက်အမှုထမ်းသည်။ ယင်းသို့အမှုထမ်းနေစဉ် သက္ကရာဇ် ၁၂၉၇-ခုနှစ်တွင် တောင်တွင်းကြီးမြို့ မြေပိုင်ရှင်ဦးအံ့၊ ဒေါ်ရွှေမေတို့ သမီးကြီး ဒေါ်ခင်စောနှင့် အိမ်ထောင်ပြုသည်။