ဟင်ဒီ-အူရဒူဘာသာစကား: တည်းဖြတ်မှု မူကွဲများ

hgyfskskslsos
စာတွဲများ: ဗလာပြုလုပ်ခြင်း ဗလာပြုလုပ်ခြင်း မျက်မြင် တည်းဖြတ်
အရေးမကြီး 82.42.112.140 (ဆွေးနွေး) ၏ တည်းဖြတ်မူ 383209 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာကြောင်း ၁ -
ဟင်ဒီ-အူရဒူဘာသာသည် အင်ဒို-အာရိယာန်ဘာသာစကား တစ်မျိုးဖြစ်ပြီး [[အိန္ဒိယနိုင်ငံ]]မြောက်ပိုင်း နှင့် [[ပါကစ္စတန်နိုင်ငံ]] တို့တွင် သုံးသော ဘာသာစကား ဖြစ်သည်။ ဟိန္ဒူစတန်ဒီ ဘာသာဟုလည်း ခေါ်ကြသည်။ ယခင်က ဟင်ဒါဗီ သို့မဟုတ် ရက္ခတာ ဟုလည်း ခေါ်လေ့ ရှိသည်။ ထိုဘာသာစကားသည် ဒေလီတွင် သုံးသော ခါရီဘိုလီ ဒေသသုံးစကားမှ ပြောင်းလဲဆင်းသက်လာပြီး ပါရှန်းဘာသာ၊ [[အာရပ်ဘာသာ]]၊ [[သင်္သကရိုက်ဘာသာ]] နှင့် တူရကီဘာသာတို့မှ ဝေါဟာရ အများအပြားကို ယူငင် အသုံးပြုထားသည်။ ၎င်းသည် စံနှုန်း တစ်မျိုး မက ရှိသော ဘာသာစကားဖြစ်ပြီး ဟင်ဒီ စံ နှင့် အူရဒူစံဟူ၍ တရားဝင် စံသတ်မှတ်ချက် နှစ်မျိုးရှိသည်။ ရပ်ရွာသုံး ဟင်ဒီ နှင့် အူရဒူ ဘာသာမှာ ခွဲခြားရန် ခက်ခဲပြီး တရားဝင် စံသတ်မှတ်ချက်တွင်ပင် စာကြောင်းတည်ဆောက်ပုံ အားဖြင့် အတူတူ နီးပါး ရှိသည်။ သို့သော်လည်း စာပေသုံး အသုံးအနှုန်းများနှင့် ပညာရပ်ဆိုင်ရာ ဝေါဟာရများတွင် ကွဲပြားခြားနားချက်များ ရှိသည်။ အူရဒူ ဘာသာမှ ပါရှားဘာသာ၊ အလယ်အာရှ နှင့် အာရပ်ဘာသာ လွှမ်းမိုးမှုများ အဓိကပါဝင်ပြီး ဟင်ဒီတွင်မူ သင်္သကရိုက်ဘာသာ၏ လွှမ်းမိုးမှုများ အဓိက ပါဝင်သည်။ ဗြိတိသျှ အိန္ဒိယမှ လွတ်လပ်ရေး မရခင် အချိန်က ဟိန္ဒူစတန်ဒီ၊ အူရဒူနှင့် ဟင်ဒီ ဆိုသော စကားလုံးများကို အလဲလဲ အလှယ်လှယ် သုံးဆွဲကြလေ့ ရှိပြီး ယနေ့ခေတ် အူရဒူ နှင့် ဟင်ဒီဟု ခေါ်ဝေါ်ကြသော စကားအားလုံးကို ကိုယ်စားပြုသည်။ ဟိန္ဒူစတန်ဒီ ဆိုသော စကားကို အခြားသော တိုက်ကြီးများတွင် သုံးစွဲကြသော ဟင်ဒီဘာသာစကား မျိုးကွဲများကိုလည်း ရည်ညွှန်းလေ့ ရှိကြပြီး ဖီဂျီ ဟိန္ဒူစတန်ဒီ နှင့် [[ဆူရာနမ်နိုင်ငံ]] နှင့် [[ထရီနီဒတ်နှင့် တိုဘက်ဂိုနိုင်ငံ]] တို့တွင် သုံးစွဲလေ့ ရှိကြသော ကာရစ်ဘီယံ ဟိန္ဒူစတန်ဒီ တို့ ဖြစ်ကြသည်။
 
[[Category:ဘာသာစကား]]