မြသလွန်ဘုရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎အရွယ်အစား
စာကြောင်း ၄၀ -
မဟာ သက္ကရာဇ် ၁၅ဝ ပြည့်နှစ်တွင် ရသေ့ကြီး သုံးဦးနှင့်တကွ သိကြားမင်း၊ သူဌေးကြီး သမီး သုဏ္ဏဝတီနှင့် သားမက်ဘောကျော်တို့သည် ရွှေသားသလွန်တော်နှင့် မြသားသလွန်တော်တို့ကို ဌာပနာကာ စေတီတည်ကြလေသည်။ ထိုပထမဆုံးအကြိမ်တည်သော စေတီတော်မှာ အမြင့် သံတောင် ၃၅ တောင်ရှိသည်ဟူ၏။ ဤကား မြသလွန်စေတီကို ပထမဆုံအကြိမ် တည်ခြင်းဖြစ်သည်။ ထို့နောက် [[ပုဂံခေတ်]]၊ သက္ကရာဇတ် ၄၂၁ ခုနှစ်တွင် နန်းတက်သော [[စောလူးမင်း]]သည် သံတောင် ၅၅ တောင်မြင့်သော မြသလွန် စေတီတော်ကို ဒုတိယအကြိမ် ထပ်မံပြုပြင် တည်ပြန်သည်။ သက္ကရာဇ် ၁၂ဝ၉ ခုနှစ်တွင် မြေငလျင် ကြီးကျယ်စွာ လှုပ်သောကြောင့် မြသလွန်စေတီတော်ကြီး ကွဲအက်ပျက်စီး၍ ပြိုခဲ့ရလေသည်။ ထိုနှစ် တပေါင်းလဆန်း ၁၅ ရက်နေ့တွင် မကွေးမြို့ သူကြီးမင်းမင်းထင် မင်းလှကျော်ခေါင်သည် သံတောင် ၆၆ တောင် ၂ မိုက်မြင့်သော စေတီတော်ကြီးကို အသစ်တဖန် ထပ်မံတည်ပြန်သည်။ ထိုမှ တစ်ပါး ပထမခွေတွင် အချင်း ၅ တောင်တစ်မိုက် ၊ အစောက် ၁၇ တောင်မြင့်သော ထီးတော်ကြီးကိုလည်း လှူဒါန်းခဲ့လေသည်။
== သီရိဃဏ္ဍခေါင်းလောင်း ==
စေတီရင်ပြင် တနင်္ဂနွေထောင့်တွင် ချိတ်ဆွဲလှူဒါန်းထားသော ခေါင်းလောင်းက သီရိဃဏ္ဍခေါင်းလောင်း ဖြစ်ပြီး ယင်းကို ၁၈ အောက်တိုဘာ ၁၈၄၆ သာယာဝတီမင်းလက်ထက်တွင် မကွေးမြိုသူကြီးမကွေးမြို့သူကြီး မောင်ရွှေပြည့်က ချိတ်ဆွဲလှူဒါန်းသည်။ ခေါင်းလောင်းစာ စီကုံးရေးသားသူမှာ ရှင်ပညာတိက္ခ ဖြစ်သည်။
 
==ဘုရားပွဲတော်==