တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
Merged
စာကြောင်း ၃ -
[[File:Rangoon Unversity Students' Union (1935-1936).JPG|thumb|တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (၁၉၃၅-၁၉၃၆) ဥက္ကဋ္ဌ ကိုနု၊ ဒုတိယ ဥက္ကဋ္ဌ ကိုရာရှစ်]]
[[File:Student Leaders of Rangoon Unversity Students Union and All Burma Students Union.JPG|thumb|နယ်ချဲ့ ဆန့်ကျင်ရေး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ၁၉၄၆-၁၉၄၇ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်များအား ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အအုံရှေ့ မြက်ခင်းပြင်တွင် အတူတကွ တွေ့မြင်ရသော သမိုင်းဝင် ဓာတ်ပုံ ဖြစ်သည်။]]
၁၉၂၆ ခုနှစ်တွင် သူဌေး ဒေါက်တာ ဦးညိုက သမဂ္ဂ ဖွဲ့စည်း တည်ထောင်ရန် အတွက် ငွေသား တသိန်း ခုနှစ်သောင်း လှူဒါန်း ခဲ့သည်။ ၁၉၃၀၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် အဆောင် ကျောင်းသားများ၊ နေ့ကျောင်းသားများ စုဝေး ညှိနှိုင်း ကြပြီး ကိုကျော်ခင်၊ ကိုတင့်ဆွေ၊ ကိုဘဂျမ်း တို့က တရား သူကြီး ဦးဘနှင့် တွေ့ဆုံပြီး သမဂ္ဂ စည်းမျည်း ရေးဆွဲရန် ကော်မတီ တခုကို ဖွဲ့စည်းခွင့် ရခဲ့ပေသည်။ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျောင်းထု အစည်းအဝေးမှ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တခု ဖွဲ့စည်းရန် ဆုံးဖြတ် ကြသည်။ ၎င်းနောက် အောက်တိုဘာ ကျောင်းပိတ်ရက် အတွင်း သမဂ္ဂ စည်းမျည်း များကို ရေးဆွဲ ကြသည်။ နိုဝင်ဘာ လဆန်းတွင် ရေးဆွဲ ပြီးစီးပြီး၊ နိုဝင်ဘာ ၂၄ ရက်နေ့တွင် လက်မှတ် ရေးထိုး၍ ကျောင်းသား ထုထံ ချပြကာ မှတ်ချက်များ တောင်းခံ ခဲ့သည်။
 
 
၁၉၃၁ ခုနှစ် ဇန်နဝါရီ လတွင် ကျောင်းသားထု စည်းဝေး ပွဲကြီးမှ တညီတညွတ်တည်း သဘောတူ ဆုံးဖြတ် ကြပြီး၊ အမှုဆောင် ၉ ဦးဖြင့် စတင် ဖွဲ့စည်း ခဲ့သည်။ ယင်း အမှုဆောင် အဖွဲ့သည် သမဂ္ဂ အဆောက်အဦ ကိစ္စ အပြင် သမဂ္ဂ စည်းမျဉ်း ဥပဒေ ဆက်ရေးဆွဲ ရန်နှင့် ပတ်သက်၍ တက္ကသိုလ် အာဏာပိုင် များနှင့် စေ့စပ် ဆွေးနွေးရန် အခွင့် အာဏာ ရှိလာ ခဲ့သည်။ ၁၉၃၁ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် "ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)" ကို ဖွဲ့စည်း ခဲ့ကြသည်။
 
 
သမဂ္ဂ၏ ရည်ရွယ်ချက်များမှာ
 
၁။ လူမှု ဆက်ဆံရေး နယ်ပယ်၌ အစုအပေါင်းဖြင့် ကောင်းစွာ ဆောင်ရွက် နိုင်သော ဘဝကို ဖြစ်ထွန်း လာစေရန်။
 
၂။ မိမိကိုယ် မိမိ အားကိုး၍ လွတ်လပ်စွာ ဆောင်ရွက် နိုင်သော ဘဝကို ဖြစ်ထွန်း လာစေရန်။
 
၃။ တာဝန် ဝတ္တရား များကို သိတတ်သော စိတ်ဓာတ်များ ဖြစ်ပေါ် လာစေရန်။
 
 
၁၉၃၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ် အထိ ခေတ်အဆက်ဆက်တွင် တကသ၊ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့ကြသူများ
 
 
၁။ ၁၉၃၀ - ၃၁ ဦးကျော်ခင် [B.Sc., B.L.] လွှတ်တော် ရှေ့နေကြီး။
 
၂။ ၁၉၃၁ - ၃၂ ဦးထွန်းစိန် [B.Sc., B.L.] လွှတ်တော် ရှေ့နေကြီး။
 
၃။ ၁၉၃၁ - ၃၂ ဦးဘိုးကူး D.S.I (3) မန်နေဂျာ။
 
၄။ ၁၉၃၂ - ၃၃ ဦးစံဖော်အောင် [M.A., B.L] စတီးဘရားသား ဝင်ကုန် ထွက်ကုန် ဌာန အုပ်ချုပ်ရေး။
 
၅။ ၁၉၃၃ - ၃၄ ဦးသိန်းမောင် [B.A., B.L] စတီးဘရားသား ဆန်ဌာန အုပ်ချုပ်ရေး။
 
၆။ ၁၉၃၄ - ၃၅ ဦးဖိုးအေး [B.Sc.Hons. (Rng.), Ph.D. (London). D.I.C.F.R (မိုးဇလ) (London) မိုးလေဝသ ညွှန်ကြားရေးဝန်။
 
၇။ ၁၉၃၅ - ၃၆ ဦးနု [B.A] ဝန်ကြီးချုပ်ဟောင်း။
 
၈။ ၁၉၃၆ - ၃၇ ဦးရာရှစ် [B.Sc., B.L] ဝန်ကြီးဟောင်း။
 
၉။ ၁၉၃၇ - ၃၈ (ပုဂံ) ဦးဘဂျမ်း B.A, B.L. ဝန်ကြီးဟောင်း၊ ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း လူကြီး၊ ကမာ္ဘအေး စေတီ ဘဏ္ဍာတော်ထိန်း လူကြီး၊ ဗုဒ္ဓ သာသန နုဂ္ဂဟ အဖွဲ့နှင့် တိပိဋက ရွေးချယ်ရေး အဖွဲ့ဝင် လူကြီး၊ နှင်းဆီကုန်း ဘိုးဘွား စောင့်ရှောက်ရေး အဖွဲ့ဝင် လူကြီး။
 
၁၀။ ၁၉၃၈ - ၃၉ ဦးအောင်ဆန်း [B.A] အမျိုးသား ခေါင်းဆောင်ကြီး။
 
၁၁။ ၁၉၃၈ - ၃၉ ဦးဗဟိန်း ကွန်လွန်သူ ကျောင်းသား ခေါင်းဆောင်၊ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲတွင် ကွန်မြူနစ် ပါတီဝင်၊ ဖဆပလ ဗဟို အလုပ်အမှုဆောင်။
 
၁၂။ ၁၉၃၉ - ၄၀ ဦးလှရွှေ (ဒေါက်တာ လှရွှေ)
 
၁၃။ ၁၉၄၀ - ၄၁ ဦးဗဆွေ ဗကသများ အဖွဲ့ချုပ် အတွင်းရေးမှူး၊ ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲတွင် ဆိုရှယ်လစ် ပါတီဝင်၊ ဖဆပလ ဗဟို အလုပ်အမှုဆောင်၊ ဝန်ကြီးချုပ်ဟောင်း။
 
၁၄။ ၁၉၄၁ - ၄၂ ဦးလှမောင် သံအမတ်ကြီးဟောင်း။
 
၁၅။ ၁၉၄၅ - ၄၆ ဦးသန်း။
 
၁၆။ ၁၉၄၆ - ၄၇ ဦးသန်းမောင် မန္တလေး သူရိယ သတင်းစာ အယ်ဒီတာ။
 
၁၇။ ၁၉၄၇ - ၄၈ ဦးစိန်လှ လွှတ်တော် ရှေ့နေကြီး။
 
၁၈။ ၁၉၄၈ - ၄၉ ဦးရန်ဝေး မကွေးခရိုင်၊ ဖဆပလ။
 
၁၉။ ၁၉၄၉ - ၅၀ ဦးမောင်မောင်ကျော် တက္ကသိုလ် ကောင်စီလူကြီး၊ ကျောင်းသား ကိုယ်စားလှယ်။
 
၂၀။ ၁၉၅၀ - ၅၁ ဦးကိုကိုလေး ရန်ကုန် မြူနီစီပယ် ပြည်သူ့ ဆက်ဆံရေး အရာရှိ။
 
၂၁။ ၁၉၅၁ - ၅၂ ဦးစိန်သန်း နိုင်ငံတော် စိုက်ပျိုးရေး ဘဏ်ရုံးချုပ် မန်နေဂျာ။
 
၂၂။ ၁၉၅၂ - ၅၃ ဦးကိုကိုကြီး ဝင်ကုန် ထွက်ကုန် ကုည်သည်ကြီး။
 
၂၃။ ၁၉၅၄ - ၅၅ ဦးတင်ထွန်း ပဲခူး နိုင်ငံတော် ကူးသန်း ရောင်းဝယ်ရေး ဘဏ် လက်ထောက် မန်နေဂျာ။
 
၂၄။ ၁၉၅၅ - ၅၆ ဦးတင်ထွန်း နတ်မောက် ပမညတ။
 
၂၅။ ၁၉၅၆ - ၅၇ ဦးစသိန်းဟန် တပ်မတော် ပညာရေးနှင့် စိတ်ဓာတ်ရေးရာ ဌာန။
 
၂၆။ ၁၉၅၇ - ၅၈ ဦးစိုးသိန်း [B.A.]
 
၂၇။ ၁၉၅၉ - ၆၀ ဦးခင်မောင်အုန်း ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ။
 
၂၈။ ၁၉၅၉ - ၆၀ ဦးလှတင့်။
 
၂၉။ ၁၉၆၀ - ၆၁ ဦးတင်အေး [B.A] တရားရုံး ရှေ့နေချုပ်။
 
၃၀။ ၁၉၆၁ - ၆၂ ဦးဗဆွေလေး။
* [[ဗကသ]]
* [[ရကသ]]
* [[တကသ ဥက္ကဋ္ဌများ စာရင်း]]
* [[ဗကသ ဥက္ကဋ္ဌများ စာရင်း]]
 
==သမိုင်းကြောင်း နှင့် ရည်ရွယ်ချက်==