တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ: တည်းဖြတ်မှု မူကွဲများ

Modifying Stub
အရေးမကြီးNo edit summary
စာကြောင်း ၁၂ -
၁၉၃၀၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် အဆောင် ကျောင်းသားများ၊ နေ့ကျောင်းသားများ စုဝေး ညှိနှိုင်း ကြပြီး ကိုကျော်ခင်၊ ကိုတင့်ဆွေ၊ ကိုဘဂျမ်း တို့က တရား သူကြီး ဦးဘနှင့် တွေ့ဆုံပြီး သမဂ္ဂ စည်းမျည်း ရေးဆွဲရန် ကော်မတီ တခုကို ဖွဲ့စည်းခွင့် ရခဲ့ပေသည်။ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျောင်းထု အစည်းအဝေးမှ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တခု ဖွဲ့စည်းရန် ဆုံးဖြတ် ကြသည်။ ၎င်းနောက် အောက်တိုဘာ ကျောင်းပိတ်ရက် အတွင်း သမဂ္ဂ စည်းမျည်း များကို ရေးဆွဲ ကြသည်။ နိုဝင်ဘာ လဆန်းတွင် ရေးဆွဲ ပြီးစီးပြီး၊ နိုဝင်ဘာ ၂၄ ရက်နေ့တွင် လက်မှတ် ရေးထိုး၍ ကျောင်းသား ထုထံ ချပြကာ မှတ်ချက်များ တောင်းခံ ခဲ့သည်။
 
၁၉၃၁ ခုနှစ် ဇန်နဝါရီ လတွင် ကျောင်းသားထု စည်းဝေး ပွဲကြီးမှ တညီတညွတ်တည်း သဘောတူ ဆုံးဖြတ် ကြပြီး၊ အမှုဆောင် ၉ ဦးဖြင့် စတင် ဖွဲ့စည်း ခဲ့သည်။ ယင်း အမှုဆောင် အဖွဲ့သည် သမဂ္ဂ အဆောက်အဦ ကိစ္စ အပြင် သမဂ္ဂ စည်းမျဉ်း ဥပဒေ ဆက်ရေးဆွဲ ရန်နှင့် ပတ်သက်၍ တက္ကသိုလ် အာဏာပိုင် များနှင့် စေ့စပ် ဆွေးနွေးရန် အခွင့် အာဏာ ရှိလာ ခဲ့သည်။ ၁၉၃၁ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် "ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)" ကို ဖွဲ့စည်း ခဲ့ကြသည်။<ref>ဝင်းတင့်ထွန်း, "ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း", နေ့သစ်အင်အားစု, ၂၀၁၀</ref>
 
၁၉၃၁ ခုနှစ် ဇန်နဝါရီ လတွင် ကျောင်းသားထု စည်းဝေး ပွဲကြီးမှ တညီတညွတ်တည်း သဘောတူ ဆုံးဖြတ် ကြပြီး၊ အမှုဆောင် ၉ ဦးဖြင့် စတင် ဖွဲ့စည်း ခဲ့သည်။ ယင်း အမှုဆောင် အဖွဲ့သည် သမဂ္ဂ အဆောက်အဦ ကိစ္စ အပြင် သမဂ္ဂ စည်းမျဉ်း ဥပဒေ ဆက်ရေးဆွဲ ရန်နှင့် ပတ်သက်၍ တက္ကသိုလ် အာဏာပိုင် များနှင့် စေ့စပ် ဆွေးနွေးရန် အခွင့် အာဏာ ရှိလာ ခဲ့သည်။ ၁၉၃၁ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် "ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)" ကို ဖွဲ့စည်း ခဲ့ကြသည်။
 
== သမဂ္ဂ၏ ရည်ရွယ်ချက် ==
Line ၂၃ ⟶ ၂၂:
 
==ခေါင်းဆောင်များ==
၁၉၃၁-ခုနှစ်တွင် ပထမဆုံးကျောင်းသားပထမဆုံး “တကသ”၏ ဥက္ကဋ္ဌသည်တကသဥက္ကဋ္ဌသည် ကိုထွန်းစိန် ဖြစ်ပြီး အတွင်းရေးမှူးသည်အတွင်းရေးမှူးမှာ မောင်ဗစိန် (နောင်-သခင်ဗစိန်) ဖြစ်သည်။ “တကသ”၏ နာမည် ပေါ်လွင်ထင်ရှားလာသည်မှာ ၁၉၃၆-ခုနှစ်၊ ဒုတိယ တက္ကသိုလ် ကျောင်းသား သပိတ်ကြီး အပြီးဖြစ်သည်။ ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်တို့နာမည်များနှင့်အတူ တကသ ယှဉ်တွဲပြီး ပေါ်လွင်လာခဲ့သည်။ ၁၉၃၈ -ခုနှစ်၊ ထောင့်သုံးရာပြည့်အရေးတော်ပုံကြီးအတွင်းမှာလဲ တကသ၏အခန်းသည် ‘ဗကသ’နှင့်အတူ ဂုဏ်ပြောင်စွာ ပါဝင်ခဲ့ပါသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဗမာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြသော တကသ ခေါင်းဆောင်များမှာ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုနု ၊ မြို့မ-ဦးသန်းကြွယ် ၊ အာဏာရှင် လှရွှေ တို့ဖြစ်သည်။ နယ်ချဲ့လက်အောက်ကနေ အမျိုးသား လွတ်လပ်ရေး လှုပ်ရှားမှု တိုက်ပွဲ အတွင်း “တကသ”၏ အခန်း ကဏ္ဍဟာ အရေးပါခဲ့သလို တကသ သမဂ္ဂအဆောက်အဦကြီး အတွင်း အရေးကြီး အစည်း အဝေး ကြီးများ သမိုင်းဝင် တွေ့ဆုံ ဆွေးနွေးမှုကြီးများ ကျင်းပနိုင်ခဲ့ပါသည်။ ဗမာပြည် နိုင်ငံရေးသမိုင်းမှာ ထင်ရှား လာကြမယ့် ခေါင်းဆောင် အများစုကြီးသည် တကသထွက်များ ဖြစ်ကြသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း ထင်ရှားခဲ့ကြသော ကျောင်းသား ခေါင်းဆောင်၊ တကသ ခေါင်းဆောင်များမှာ ကိုစိုးသိန်း၊ ကိုဘကောင်း၊ ကိုယု၊ [[ဗဆွေလေး|ကိုဗဆွေလေး]]၊ ကိုညိုဝင်း၊ ကိုလှရွှေ (ဘိုကလေး)၊ ကိုလှကြည် (ဘိုကလေး) စသည်တို့ ဖြစ်ကြသည်။ ရန်ကုန် တက္ကသိုလ် တကသ၏ နောက်ဆုံး တရားဝင် ဥက္ကဋ္ဌမှာ ကိုဗဆွေလေးဖြစ်သည်။
 
== ခေတ်အဆက်ဆက် တကသ ဥက္ကဋ္ဌ များ ==
၁။ ၁၉၃၀ - ၃၁ ဦးကျော်ခင် [B.Sc., B.L.] လွှတ်တော် ရှေ့နေကြီး။
 
၂။ ၁၉၃၁ - ၃၂ ဦးထွန်းစိန် [B.Sc., B.L.] လွှတ်တော် ရှေ့နေကြီး။
 
၃။ ၁၉၃၁ - ၃၂ ဦးဘိုးကူး D.S.I (3) မန်နေဂျာ။
 
၄။ ၁၉၃၂ - ၃၃ ဦးစံဖော်အောင် [M.A., B.L] စတီးဘရားသား ဝင်ကုန် ထွက်ကုန် ဌာန အုပ်ချုပ်ရေး။
 
၅။ ၁၉၃၃ - ၃၄ ဦးသိန်းမောင် [B.A., B.L] စတီးဘရားသား ဆန်ဌာန အုပ်ချုပ်ရေး။
 
၆။ ၁၉၃၄ - ၃၅ ဦးဖိုးအေး [B.Sc.Hons. (Rng.), Ph.D. (London). D.I.C.F.R (မိုးဇလ) (London) မိုးလေဝသ ညွှန်ကြားရေးဝန်။
 
၇။ ၁၉၃၅ - ၃၆ ဦးနု [B.A] ဝန်ကြီးချုပ်ဟောင်း။
 
၈။ ၁၉၃၆ - ၃၇ ဦးရာရှစ် [B.Sc., B.L] ဝန်ကြီးဟောင်း။
 
၉။ ၁၉၃၇ - ၃၈ (ပုဂံ) ဦးဘဂျမ်း B.A, B.L. ဝန်ကြီးဟောင်း၊ ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း လူကြီး၊ ကမာ္ဘအေး စေတီ ဘဏ္ဍာတော်ထိန်း လူကြီး၊ ဗုဒ္ဓ သာသန နုဂ္ဂဟ အဖွဲ့နှင့် တိပိဋက ရွေးချယ်ရေး အဖွဲ့ဝင် လူကြီး၊ နှင်းဆီကုန်း ဘိုးဘွား စောင့်ရှောက်ရေး အဖွဲ့ဝင် လူကြီး။
 
၁၀။ ၁၉၃၈ - ၃၉ ဦးအောင်ဆန်း [B.A] အမျိုးသား ခေါင်းဆောင်ကြီး။
 
၁၁။ ၁၉၃၈ - ၃၉ ဦးဗဟိန်း ကွန်လွန်သူ ကျောင်းသား ခေါင်းဆောင်၊ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲတွင် ကွန်မြူနစ် ပါတီဝင်၊ ဖဆပလ ဗဟို အလုပ်အမှုဆောင်။
 
၁၂။ ၁၉၃၉ - ၄၀ ဦးလှရွှေ (ဒေါက်တာ လှရွှေ)
 
၁၃။ ၁၉၄၀ - ၄၁ ဦးဗဆွေ ဗကသများ အဖွဲ့ချုပ် အတွင်းရေးမှူး၊ ဖက်ဆစ် ဆန့်ကျင်ရေး တိုက်ပွဲတွင် ဆိုရှယ်လစ် ပါတီဝင်၊ ဖဆပလ ဗဟို အလုပ်အမှုဆောင်၊ ဝန်ကြီးချုပ်ဟောင်း။
 
၁၄။ ၁၉၄၁ - ၄၂ ဦးလှမောင် သံအမတ်ကြီးဟောင်း။
 
၁၅။ ၁၉၄၅ - ၄၆ ဦးသန်း။
 
၁၆။ ၁၉၄၆ - ၄၇ ဦးသန်းမောင် မန္တလေး သူရိယ သတင်းစာ အယ်ဒီတာ။
 
၁၇။ ၁၉၄၇ - ၄၈ ဦးစိန်လှ လွှတ်တော် ရှေ့နေကြီး။
 
၁၈။ ၁၉၄၈ - ၄၉ ဦးရန်ဝေး မကွေးခရိုင်၊ ဖဆပလ။
 
၁၉။ ၁၉၄၉ - ၅၀ ဦးမောင်မောင်ကျော် တက္ကသိုလ် ကောင်စီလူကြီး၊ ကျောင်းသား ကိုယ်စားလှယ်။
 
၂၀။ ၁၉၅၀ - ၅၁ ဦးကိုကိုလေး ရန်ကုန် မြူနီစီပယ် ပြည်သူ့ ဆက်ဆံရေး အရာရှိ။
 
၂၁။ ၁၉၅၁ - ၅၂ ဦးစိန်သန်း နိုင်ငံတော် စိုက်ပျိုးရေး ဘဏ်ရုံးချုပ် မန်နေဂျာ။
 
၂၂။ ၁၉၅၂ - ၅၃ ဦးကိုကိုကြီး ဝင်ကုန် ထွက်ကုန် ကုည်သည်ကြီး။
 
၂၃။ ၁၉၅၄ - ၅၅ ဦးတင်ထွန်း ပဲခူး နိုင်ငံတော် ကူးသန်း ရောင်းဝယ်ရေး ဘဏ် လက်ထောက် မန်နေဂျာ။
 
၂၄။ ၁၉၅၅ - ၅၆ ဦးတင်ထွန်း နတ်မောက် ပမညတ။
 
၂၅။ ၁၉၅၆ - ၅၇ ဦးစသိန်းဟန် တပ်မတော် ပညာရေးနှင့် စိတ်ဓာတ်ရေးရာ ဌာန။
 
၂၆။ ၁၉၅၇ - ၅၈ ဦးစိုးသိန်း [B.A.]
 
၂၇။ ၁၉၅၉ - ၆၀ ဦးခင်မောင်အုန်း ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ။
 
၂၈။ ၁၉၅၉ - ၆၀ ဦးလှတင့်။
 
၂၉။ ၁၉၆၀ - ၆၁ ဦးတင်အေး [B.A] တရားရုံး ရှေ့နေချုပ်။
 
၃၀။ ၁၉၆၁ - ၆၂ ဦးဗဆွေလေး။
==လှုပ်ရှားမှုများ==
ဗမာပြည် လွတ်လပ်ရေးကြေညာနိုင်ပြီးနောက်ပိုင်း ဖဆပလ၊ အိမ်စောင့်၊ ပထစအစိုးရတွေရဲ့အုပ်စိုးမှု ကာလ တလျှောက်လုံး မှာလဲ ပြည်သူတွေ နဲ့အတူ ရပ်တည်ကာ တော်လှန်တဲ့ကျောင်းသားထုရဲ့သမိုင်းကို ဂုဏ်ရောင်ပြောင်စွာ ဆက်လက် သယ်ဆောင် နိုင်ခဲ့ကြပါတယ်။ ဗမာပြည်မှာ ‘တကသ’ ရွေးကောက်ပွဲများ ဟာ အသန့်ရှင်းဆုံး အလွတ်လပ်ဆုံး ဖြစ်ခဲ့ ပါတယ်။ အုပ်စိုးသူ အစိုးရ အဆက်ဆက် က ‘တကသ’ အတွင်းမှာ အစိုးရ အလိုတော်ရိ ကျောင်းသား ခေါင်းဆောင် များ ပေါ်ထွက် နေရာ ယူနိုင်အောင် နည်းအမျိုးမျိုးနဲ့ ကြိုးပမ်း ခဲ့ကြပေမဲ့ ယေဘုယျအားဖြင့် အောင်မြင်မှုမရခဲ့ဘဲ ပြည်သူလူထု ဘက်က ရပ်တည်တဲ့ စစ်မှန်တဲ့ ကျောင်းသား ခေါင်းဆောင်များ သာ “တကသ” ရဲ့အလံကို ဂုဏ်ရောင် ပြောင်ပြောင် လွှင့်ထူ နိုင်ခဲ့ကြပါတယ်။
Line ၉၇ ⟶ ၃၅:
 
==ကိုးကား==
*{{cite book
| last = ဝင်းတင့်ထွန်း
| first =
| authorlink =
| title =ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း
| publisher = နေ့သစ်အင်အားစု၊ ဂျပန်
| series = ပထမ အကြိမ်
| year = ၂၀၁၀၊ဩဂုတ်
}}
 
[[Category:မြန်မာ နိုင်ငံရေးပါတီဟောင်းများ]]
[[Category:မြန်မာ့ သမိုင်း]]
<references />