ကျောက်ပန်းတောင်းမြို့: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
No edit summary |
||
စာကြောင်း ၄၀ -
}}
'''ကျောက်ပန်းတောင်းမြို့'''သည် မြန်မာနိုင်ငံအလယ်ပိုင်း [[ညောင်ဦးခရိုင်]] [[ကျောက်ပန်းတောင်းမြို့နယ်]]အတွင်း မြို့အုပ်ရုံးစိုက်ရာမြို့ ဖြစ်၏။ [[မြင်းခြံမြို့]]မှ ၅၈ မိုင် ဝေး၏။ မြို့မှာ စတုရန်း ၂ မိုင်ခန့် ကျယ်ဝန်း၍ ၁၉၅၃-ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၄၈ဝ ခန့်ရှိသည်။ လူများသည် တောင်သူလုပ်ငန်းဖြင့် အဓိက အသက် မွေးမြူကြသည်။ ထိုမြို့နယ်မှ [[ထန်းလျက်]]၊ မြေပဲ၊ နှမ်း၊ ဆီ၊ [[မန်ကျည်းသီး]]၊ [[သနပ်ခါး]]ခေါက်များ အများအပြား ထွက်လေသည်။ ပုဂံပြည် အနော်ရထာမင်း တည်ခဲ့သော မြို့ဖြစ်၍ [[အနော်ရထာမင်း]]သည် နောင်တော် [[စုက္ကတေး]]မင်းအား စစ်သည်ဗိုလ်ပါ စုဆောင်းကာ ဤအရပ်မှ တော်လှန် အောင်မြင်ခဲ့လေ၏။ သို့ဖြင့် မမေ့အပ်သောအရပ် ဖြစ်သည့်အတိုင်း မြို့ရွာ တည်ဆောက်ပေးခဲ့သည်။ ကျောက်ပန်းတောင်းမြို့တွင် မြေပြင်မှ ပေ ၆ဝ၊ ၇ဝ ခန့် မြင့်မား၍ ပန်းတောင်းပုံသဏ္ဍာန်ရှိသော ကျောက်စိုင်ကျောက်တုံးများ သဘာဝအလျောက် စီရရီ ဖြစ်ပေါ်လျက် ရှိသည်။ ထိုကျောက်စိုင်များကို အစွဲပြု၍ ကျောက်ပန်းတောင်းဟု အမည်တွင်ဟန်တူသည်။ အချို့ကျောက်တုံး များပေါ်တွင် စေတီများ တည်ထားကိုးကွယ်ထားကြသည်။ ထင်ရှားသောစေတီများမှာ မြရွှေဂူနှင့် ရွှေတောင်ဦး ဖြစ်သည်။ မြို့၏အရှေ့မြောက်ယွန်းတွင် ရှိသော ပေ ၄၉၈၁ မြင့်သည့် [[ပုပ္ပါးတောင်]]နှင့် ခရီး ၈ မိုင်ခန့်သာ ဝေးသည်။ [[ပျဉ်းမနားမြို့]]မှ ကျောက်ပန်းတောင်းသို့ မီးရထားလမ်းခွဲ ရှိသည့်ပြင်၊ မြင်းခြံ၊ [[မိတ္ထီလာမြို့]]၊ [[မကွေးမြို့]]များသို့ လည်း မော်တော်ကားလမ်းများဖြင့် ဆက်သွယ်လျက်ရှိလေသည်။
မုန့်ပြားသလပ်သည် ကျောက်ပန်းတောင်း
မြို့၏အဓိကသရေစာဖြစ်သည်။
ကျောက်ပန်းတောင်းအာလူးကြော်မှာလည်း
နာမည်ကျော်ကြားသည်။
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)</ref>
|