No edit summary
No edit summary
စာကြောင်း ၁၇ -
 
==သမိုင်းကြောင်း==
ပဲန်မြန်မာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်(အမျိုးသားနေ့)တွင် ပထမအကြိမ် ညီလာခံကျင်းပ၍ သတင်းထုတ်ပြန်ချက်(၅/၂၀၁၃)ထုတ်ပြန်၍ တရားဝင်စတင်ဖွဲ့စည်းခဲ့သည်။ <ref>{{cite news|url=http://http://www.penmyanmar.org/2013/11/28/}}</ref>
ပဲန်မြန်မာ၏ နှစ်ပတ်လည် ညီလာခံများကို နှစ်စဉ်ကျင်းပခဲ့ပါသည်။ ပဲန်မြန်မာ၏ ပထမအကြိမ် ညီလာခံတွင် ပဲန်မြန်မာ၏ ဥက္ကဋ္ဌအဖြစ် စာရေးဆရာမ မသီတာ(စမ်းချောင်း)က ရွေးကောက်တင်မြောက်ခံခဲ့ရပြီး အတွင်းရေးမှူးအဖြစ် စာရေးဆရာ နေဘုန်းလတ်က ရွေးကောက်တင်မြှောက်ခံခဲ့ရပါသည်။ ပဲန်မြန်မာ၏ ၂၀၁၃-၂၀၁၆ ဒါရိုက်တာအဖွဲ့သက်တမ်းတွင် ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး အပါအဝင် ဒါရိုက်တာအဖွဲ့ဝင် ၉ ဦးပါဝင်ခဲ့ပါသည်။ ၂၀၁၃-၂၀၁၆ ဒါရိုက်တာအဖွဲ့သက်တမ်းအတွင်းတွင် အတွင်းရေးမှူး၊ နေဘုန်းလတ်သည် ၂၀၁၅ ခုနှစ် မြန်မာ့အထွေထွေရွေး​ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့သောကြောင့် ပဲန်မြန်မာ၏ ဒါရိုက်တာအဖွဲ့အဖြစ်မှလည်းကောင်း၊ အတွင်းရေးမှူးအဖြစ်မှလည်းကောင်း အနားယူခဲ့ပါသည်။ ထိုကာလအတွင်း ဒါရိုက်တာအဖွဲ့ဝင် ကဗျာဆရာ စောဝေက ယာယီအတွင်းရေးမှူးအဖြစ် တာဝန် ယူခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်ပြုလုပ်ခဲ့သည့် ပဲန်မြန်မာ၏ နှစ်ပတ်လည်ညီလာခံတွင် ၂၀၁၆ - ၂၀၁၉ ဒါရိုက်တာအဖွဲ့သက်တမ်းတွင် ပြန်လည်ရွေးကောက်ခဲ့ရာတွင် ပဲန်မြန်မာ၏ ဥက္ကဋ္ဌအဖြစ် အယ်ဒီတာ မျိုးမြင့်ညိမ်းက ရွေးကောက်တင်မြှောက်ခဲ့ရပြီး အတွင်းရေးမှူးအဖြစ် စာရေးဆရာ၊ အယ်ဒီတာ ဟန်ဇော်/ဟန်ဆန်းက ရွေးကာက်တင်မြှောက်ခံခဲ့ရပါသည်။ ၂၀၁၆-၂၀၁၉ ဒါရိုက်တာအဖွဲ့သက်တမ်းတွင် ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးအပါအဝင် ဒါရိုက်တာအဖွဲ့ဝင် ၉ ဦး ပါဝင်ပါသည်။
 
==ဥက္ကဋ္ဌ==
 
{| class="wikitable" margin:auto; margin:0 0 1em 1em; font-size:95%;"
|-