မင်းယုဝေ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄ -
 
 
===ပညာရေး===
ကန်ကြီးထောင့်မြို့ မင်းကုန်းကျောင်း (၁၉၃၄ ခုနှစ်)၊ ပုသိမ်မြို့ အမျိုးသား အထက်တန်း ေကျောင်း (၁၉၃၅)၊ နှင့် ဂျပန်စာသင်ကျောင်း (၁၉၄၁)၊ ကန်ကြီးထောင့် ခေတ်သစ်တန်းမြင့် ကျောင်း (၁၉၄၂) နှင့် ပုသိမ်မြို့ အမျိုးသား အထက်တန်းကျောင်း တို့တွင် ပညာသင်ကြားခဲ့ ပြီး ၁၉၄၆ ခုနှစ်တွင် ၁၀ တန်း အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၄၆ ခုနှစ်မှ ၁၉၅၁ ခုနှစ်အထိ ပညာဆည်းပူးကာ ၀ိဇာဘွဲ့ ရခဲ့သည်။
 
စာကြောင်း ၁၀ -
 
 
===ထမ်းဆောင်ခဲ့သည့်တာ၀န်များ===
ဝန်ထမ်းဘဝတွင် ပြန်ကြားရေး ဝန်ကြီးဌာန အထက်တန်း ဘာသာပြန် အရာရှိ (၁၉၅၁)၊ အင်းစိန်ခရိုင် ပညာအုပ် (၁၉၅၂)၊ စာပေဗိမာန် စာအုပ်တိုက်တွင် စာပြု (၁၉၅၃) နှင့် ရန်ကုန် တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် လက်ထောက်စာတည်း (၁၉၅၄) တာဝန်များ ထမ်းဆောင်ခဲ့သည်။
 
စာကြောင်း ၁၉ -
 
 
===ခရီးစဥ်===
နိုင်ငံတော်၏ အစီအစဉ်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ (၁၉၆၅ ခုနှစ်)၊ အိန္ဒိယနိုင်ငံ (၁၉၇၃) နှင့် အမေရိကန်ပြည်ထောင်စု (၁၉၇၆) တို့သို့ လေ့လာရေးခရီးများ ထွက်ခဲ့သည်။
 
===ရေးသားခဲ့သည့်ကဗျာ၀တ္ထုတိုများ===
၁၉၄၀ ပြည့်နှစ် ၆ တန်းကျောင်းသားအရွယ်မှစ၍ လက်ရေးစာစောင်များတွင် ကဗျာ၊ ဝတ္ထုတိုများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ တွင် ကဗျာ နှင့် ဆောင်းပါးများ စတင် ပုံနှိပ်ဖေါ်ပြခံရသည်။
 
စာကြောင်း ၂၈ -
 
 
===စာပေဆုများ===
၁၉၄၄ ခုနှစ် ပုသိမ်ခရိုင် အာရှလူငယ် အစည်းအရုံး ညီလာခံ (ကျုံပျော်မြို့) အထိမ်းအမှတ် စာပေပြိုင်ပွဲတွင် ဆောင်းပါး ပထမဆု၊ ၁၉၅၄ ခုနှစ်တွင် အီစွတ်ပုံပြင်များ စာအုပ်ဖြင့် စာပေဗိမာန် ဘာသာပြန်စာပေဆု နှင့် ၁၉၇၂ ခုနှစ်တွင် ရေခပ်ချိန် ကဗျာများ စာအုပ်ဖြင့် အမျိုးသားစာပေဆု (ကဗျာဆု)များ ဆွတ်ခူးရရှိခဲ့သည်။