ဆာ့ခ်ဗဟာဒူးရွိုင်း၊ (အောင်ဆန်းသူရိယ): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၆ -
ထိုကြောင့် တပ်တွင်း အစိုးရပညာသင်ဌာနမှ တပ်မတော်အတွင်း ပညာဆက်လက် သင်ကြားဆဲ ဆဋ္ဌမတန်း (ခြောက်တန်းကျောင်းသား) အဖြစ် လည်းကောင်း၊ နိုင်ငံသားကဒ်ပြား ရရှိရန် လျှောက်ထားဆဲဖြင့် လည်းကောင်း ပြန်လည်ပေးပို့ခဲ့ပါသည်။
 
တပ်မှူးကြီးများ ညီလာခံနှင့် တပ်မတော် မှတ်တမ်းဌါန တို့က သုံးပါတီတပ်ပေါင်းစု သိမ်းယူထားသော မဲနယ်တောင်ပေါ်သို့ ကွန်မန်ဒို ခုနှစ်ယောက်၊ အထမ်းသမား ငါးယောက်တို့ဖြင့် တက်ရောက် သိမ်းပိုက်ခဲ့သော စစ်ဝန်ထမ်းတပ်မှ ဗိုလ်မှူးရဲချစ် အား ပထမဆုံး ချီးမြှင့်ခဲ့သော သီဟသူရ ဘွဲ့ တံဆိပ်သာ ရဲဘော် ဆပ်ဘဟားဒူးရွိုင်းအား အပ်နှင်းရန် နိုင်ငံတော် သမ္မတကြီး [[ဝင်းမောင်၊ မန်း (နိုင်ငံတော်သမ္မတ)|မန်းဝင်းမောင်]] ထံတင်ပြခဲ့ကြသည်။
 
ထိုအချိန်မတိုင်မှီက နိုင်ငံတော်တွင် သီဟသူရ ဆုတံဆိပ်သည် အမြင့်မားဆုံး တံဆိပ် ဖြစ်သည်။ [[ဝင်းမောင်၊ မန်း (နိုင်ငံတော်သမ္မတ)|နိုင်ငံတော်သမ္မတကြီး မန်းဝင်းမော]]င်သည်မန်းဝင်းမောင်သည် တင်ပြချက်များကို ပယ်ချ၍ နိုင်ငံသား မှတ်ပုံတင်ကဒ်ပြားသော် လည်းကောင်း၊ ဧည့်နိုင်ငံသား မှတ်ပုံတင်ကဒ်ပြားသော် လည်းကောင်း မပိုင်ဆိုင်ခဲ့သည့် ကျဆုံးရဲဘော် ဆပ်ဘဟားဒူးရွိုင်းအား နိုင်ငံတော်၏
အမြင့်မားဆုံးဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ကို အပ်နှင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ကျန်ရစ်သူ မိသားစုအားလည်း နိုင်ငံသား ကဒ်ပြား အမြန်ဆုံးထုတ်ပေးရန် ညွှန်ကြားခဲ့ပါသည်။<ref>၁၉၆၀ ခုနှစ်ထုတ် ခေတ်ရေး အထူးထုတ် စာစောင်မှ</ref>
 
ဒီနေ့ခေတ်တွင် [[အောင်ဆန်းသူရိယ ဆာ့ခ်ဗဟာဒူးရွိုင်း]] ၏အမည်အား [[သူရဲကောင်းဗိမာန် (နေပြည်တော်)]]၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည်။
 
==ကိုးကား==