ဘကြီးတော်(စစ်ကိုင်းမင်း): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၄ -
 
== မင်းအဖြစ် ရောက်တော်မူခြင်း ==
မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ်တွင် ခမည်းတော် အိမ်ရှေ့စံ နတ်ရွာစံတော်မူသဖြင့် ဘိုးတော် မင်းတရားက စစ်ကိုင်းမင်းသားအား အိမ်ရှေ့စံအရာ ပေးတော်မူသည်။ ၁၁၈၁ ခုနှစ် ၊ နယုန်လဆန်း (၁၃) ရက်တွင် ဘိုးတော်မင်းတရား နတ်ရွာစံတော်မူသော အခါ ထိုလဆန်း (၁၅) ရက်နေ့တွင် မင်းအဖြစ် [[ဘိသိက်]]ခံတော်မူသည်။ အိမ်ရှေ့စံအဖြစ်နှင့် ရှိနေစဉ် ၁၁၄၇ ခုနှစ်တွင် အိမ်ရှေ့မိဖုရား ဆင်ဖြူရှင်မယ်သည် [[စကြာမင်းသား|ညောင်ရမ်းမင်းသား(စကြာမင်းသား)]] အား ဖွားမြင်တော်မူပြီးနောက် ကံတော်ကုန်လေသည်။ ထို့နောက် ဧချင်း ၊ ကျောက်စာ ၊ စာတမ်း ၊ မော်ကွန်းတို့အရ ပုဂံမင်းရိုးအဆက်ဟုဆိုသော မင်းသား သီဟကျော်စွာ၏သမီး [[နန်းမတော်မယ်နု|မယ်နု]] ([[ဖလံဂုဏ်ရွာ]] သူ)ကို မြန်မာသက္ကရာဇ် ၁၁၇၅ ခုနှစ်တွင် အိမ်ရှေ့မိဖုရားမြှောက်ခဲ့၍ နန်းတက်သည့်အခါတွင်လည်း မယ်နုကို မိဖုရားခေါင်ကြီးအဖြစ် ထားတော်မူလေသည်။ မြို့တော်ကိုလည်း [[အင်းဝမြို့|အင်းဝ]]မှ [[အမရပူရမြို့|အမရပူရ]]သို့ ခရစ်နှစ် ၁၈၂၃ တွင် တဖန်ပြောင်းရွှေ့သည်။
 
မင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၁၁၈၃ ခုနှစ်တွင် အရပ်အနေသာ၍ သင့်လျော်သော ရတနာပူရ အင်းဝ နေပြည်တော်ကြီးကို အသစ်ပြုပြင် တည်ထောင်၍ အမရပူရ နေပြည်တော်မှ
ပြောင်းရွှေ့စံတော်မူသည်။ ၁၁၈၅ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် မင်းသာမာန်တို့ ခံဝံ့ခဲသော ဦးထိပ်၌စိုက်၍ သွန်းအပ်သော ရာဇာဘိသေ က မုဒ္ဓါဘိသိက်ကို မိဖုရားခေါင်ကြီးနှင့်တကွ ခံယူတော်မူပြီးလျှင် သီရိတြိဘဝနာ ဒိတျာပဝရပဏ္ဍိတ မဟာဓမ္မ ရာဇာဓိရာဇာ ဘွဲ့တံဆိပ် နာမံကို ခံယူတော်မူသည်။ မိဖုရားခေါင်ကြီးကမူ သီရိပဝရ တိလောက မဟာရာဇိန္ဒာ ရတနာဒေဝီ တံဆိပ်တော်နာမံကို ခံယူသည်။ ထိုနေ့တွင်ပင် ရွှေနန်းတော်ကြီးကို လက်ယာရစ်လှည့်၍ နန်းသိမ်းပွဲ ခံယူတော်မူလေသည်။
 
စာကြောင်း ၃၀ -
တပ်များက လိုက်လံဖမ်းဆီးသောအခါ မြန်မာနှင့် အင်္ဂလိပ် တို့ပို၍ မသင့်မတင့် ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ် ( ခရစ် ၁၈၂၄ ) တွင် [[နတ်မြစ်]]ဝရှိ [[ရှင်မဖြူကျွန်း]]၌ အင်္ဂလိပ်တို့ကလာ၍ အလံစိုက်ပြီး တပ်တည်မည်ပြုရာ၊ မြန်မာတပ်များနှင့် အချင်းများကြပြီးလျှင် ပစ်ခတ် တိုက်ခိုက်ကြသည်။
 
ထိုအခါ မြန်မာတို့ဘက်မှ စစ်ကူရန် ဗိုလ်မှူးဝန်ကြီး မဟာဗန္ဓုလကို [[ရခိုင်ပြည်နယ်|ရခိုင်ပြည်]]သို့တစ်ကြောင်း၊ ဗိုလ်မှူးဝန်ကြီး သတိုးသုဓမ္မ မဟာသက်တော်ရှည်ကို အာသံမဏိပူရသို့တစ်ကြောင်း ချီတက်စေသည်။ မြန်မာသက္ကရာဇ် ၁၁၈၅ ခု တစ်ပေါင်းလ၊ ခရစ်နှင့်ခရစ်နှစ် ၁၈၂၄ ခု၊ မတ်လ ၅ ရက်နေ့တွင် အိန္ဒိယ ဘုရင်ခံချုပ် လော့အမ်းမှတ်က အင်္ဂလိပ်နှင့် မြန်မာတို့စစ်ဖြစ်ကြောင်း ကြေညာလေသည်။
 
မဟာဗန္ဓုလ၏ တပ်များသည် ပန်းဝါတိုက်ပွဲ ( ရာမူးတိုက်ပွဲ ) တွင် အရေးသားသည်။ထိုနောက် ရှေ့သို့ဆက်လက်ချီတက်ခြင်း မပြုသေးဘဲတပ်နားနေစဉ်၊ [[ရန်ကုန်မြို့]]ကို အင်္ဂလိပ် တပ်များက သိမ်းပိုက်လိုက်သောကြောင့်၊ ဟံသာဝတီ ရန်ကုန်မြို့ကို ပြန်လည်လုပ်ကြံရန် မဟာဗန္ဓုလအား ခေါ်တော်မူသဖြင့်၊ ရန်ကုန်သို့ချီခဲ့ရသည်။ အင်္ဂလိပ်တပ်များသည် ရခိုင်ရိုးမကိုကျော်၍ မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်ရန် အကြံကို လက်လျှော့ပြီးသော် နိုင်ငံတွင်း ရေကြောင်းကိုမှီကာ ဧရာဝတီမြစ် တစ်လျှောက် တိုက်ခိုက်ရန် အကြံပြုသည်။ ထို့ကြောင့် ရန်ကုန်သို့ရေတပ်ကြီး ချီလာပြီးလျှင် ပင်လယ်မှ အမြောက်စိန်ပြောင်းလွှတ်ကာ မြို့ကို စီးထားခြင်း ဖြစ်လေသည်။
စာကြောင်း ၅၀ -
သုမဟာဓမ္မရာဇာ (မင်းသား မောင်အို) နှင့် မှူးတော် မတ်တော်တို့အား တိုင်းဝန်ပြည်ဝန်ကို စီရင်ဆောင်ရွက်စေသည်။ ထိုအတွင်း နိုင်ငံမငြိမ်မသက်ရှိလေလျှင်၊ စလင်းမြို့စားနှင့် အပေါင်းပါ မှူးမတ်များက မင်းတရားကြီး၏ ညီတော် သာယာဝတီမင်းအပေါ် အယုံအကြည် မရှိ၊ နှလုံးစိတ်ဝမ်းမချ ဖြစ်လာသည်။ ထို့ကြောင့် ပြစ်မှုရှာကြံလာသည်။ ထိုအခါ သာယာဝတီမင်းကလည်း နောင်တော်မင်းတရားအားကျေးဇူးသစ္စာရှိစွာနှင့် အမှုတော်များကို နှလုံးလက်ရုံးဖြင့် ထမ်းရွက်ခဲ့ပါလျက်၊ မင်းသား မောင်အိုနှင့် အပေါင်းအပါ တစ်စုတို့က မိမိအပေါ် အကောက်ကြံကာ မှုခင်းရှာကြံရမည်လောဟု စိတ်ဝမ်းနာ ကြည်းကာ ၁၁၉၈ ခုနှစ်တွင် [[ရွှေဘိုမြို့|ရွှေဘို]]သို့ နောက်တော်ပါများနှင့် အတူ ထွက်ခွာသွားပြီးလျှင် ပုန်ကုန်ခြားနားလေသည်။
 
အင်္ဂလိပ် ကိုယ်စားလှယ် မယ်စယ်ဘော်ရနီသည် ရွှေဘိုသို့လိုက်သွားပြီးလျှင် ဖျန်ဖြေလျှောက်ထားသော်လည်း အရေးမရလေ။ တစ်ဖန် ဆရာတော်များ ကြွရောက်ဖြန်ဖြေ စေ့စပ်ရပြန်သည်။ မြန်မာသက္ကရာဇ် ၁၁၉၉ ခုနှစ်တွင် ညီတော် [[သာယာဝတီမင်း]]၏ အလိုတော်ပြည့်၍၊ ဘကြီးတော် မင်းတရားသည် ညီတော်အား ထိုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် နန်းစည်းစိမ်ကို လွှဲပြောင်းပေးကာ၊ အိမ်ဖြူစံတော်မူလေသည်။ သာယာဝတီမင်းသည် ရွှေနန်းစည်း စိမ်ကို လက်ခံပြီး
နောက်တွင် နောင်တော်၏ မိဖုရားခေါင်ကြီးနှင့် စလင်းမင်းသားတို့ကို အပြစ်အလျောက် စီရင်တော်မူလေသည်။