အရှင်နာဂသေန: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
အရှင်နာဂသေနသည် ဗုဒ္ဓဘာသာသမိုင်းတွင် ထင်ရှားသည့် ရဟန္တာတစ်ပါး ဖြစ်၏။ [[မိလိန္ဒမင်း]]၏ ခက်ခဲနက်နဲသော ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အမေးပုစ္ဆာများကို ဖြေကြားခဲ့သည့် ရဟန္တာ ဖြစ်၏။ ဗုဒ္ဓဘာသာတွင် အရှင်နာဂသေနှင့် မိလိန္ဒမင်းတို့ အမေးအဖြေပြုခဲ့သည်ကို မှတ်တမ်းတင်ထားသည့် မိလိန္ဒပဉှာကျမ်းသည် အလွန်ထင်ရှားသည်။
 
==အရှင်နာဂသေန နှင့် မိလိန္ဒမင်းတို့၏ အတိတ်သမိုင်း==
ကဿပမြတ်စွာဘုရားလက်ထက်တွင် ဂင်္ဂါမြစ်အနီးရှိ ကျောင်းတိုက်တွင် ဖြစ်၏။ တစ်ခုသော နံနက်တွင် ရဟန်းတစ်ပါးသည် သာမဏေတစ်ဦးကို “ဤတံမြက်ချေးကို စွန့်ပစ်ချေလော့” ဟု ဆို၏။ ထိုသို့ ခေါ်ပါသော်လည်း သာမဏေသည် မကြားယောင် ပြုကာ သွားမြဲအတိုင်း သွား၏။ နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ပြောပါသော်လည်း မကြားယောင် ပြုနေသဖြင့် ရဟန်းသည် အမျက်ထွက်လာ၏။ ထို့ကြောင့် သာမဏေအား တံမြက်စည်းရိုးဖြင့် ရိုက်ပုတ်၏။
 
===သာမဏေ၏ ဆုတောင်း===
ထိုအခါ သာမဏေသည် ကြောက်ရွံ့ကာ “တံမြက်ချေးကို စွန့်ပစ်၏။ ထိုသို့စွန့်ပစ်သည့်အခါ “တံမြက်ချေးစွန့်ပစ်ရသော ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာ ဘဝ၌ မွန်းတည့်နေကဲ့သို့ ဘုန်းကံကြီးသူ၊ တန်ခိုးတေဇော်ကြီးသူ ဖြစ်ရပါလို၏” ဟု ပထမအကြိမ် ဆုတောင်း၏။ တံမြက်ချေးကို စွန့်ပစ်ပြီး ဂင်္ဂါမြစ်သို့ ရေးချိုးရန်သွားသောအခါ တဝုန်းဝုန်းမြည်နေသည့် လှိုင်းတံပိုးတို့ကို မြင်ကာ “အကျွန်ုပ်သည် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤဖြစ်လေရာဘဝ၌ ဤလှိုင်းတံပိုး အဟုန်ကဲ့သို့ အရာအားလျော်စွာ ဖြစ်ပေါ်လာသော ဉာဏ်ပဋိဘာန်ရှိသူ၊ မကုန်နိုင်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါလို၏” ဟု ဒုတိယအကြိမ် ဆုတောင်း၏။
 
===ရဟန်း၏ ဆုတောင်း===
စေခိုင်းသော ရဟန်းသည် ဂင်္ဂါမြစ်သို့ ရေချိုးရန်သွားသောအခါ သာမဏေ၏ ဆုတောင်းသံကို ကြားရ၏။ ထိုအခါ ရဟန်းသည် “ငါစေခိုင်းသော သာမဏေသည်ပင် ဤမျှ ဆုတောင်း၏။ ငါ့အား အဘယ်မှာ ဆုတောင်း မပြည့်စုံဘဲ ရှိလိမ့်မည်နည်း” ဟု ကြံကာ “ငါသည် နိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာရာ ဘဝ၌ ဤဂင်္ဂါမြစ်၏ လှိုင်းတံပိုးအဟုန်ကဲ့သို့ မကုန်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါလို၏၊ ဤသာမဏေ မေးတိုင်းမေးတိုင်းသော ပြဿနာအလုံးစုံကို ရှင်းလင်းရန်၊ ဖြေရှင်းရန် စွမ်းနိုင်သူ ဖြစ်ရပါလို၏” ဟု ဆုတောင်း၏။
 
ဤသို့ဖြင့် ထိုသူနှစ်ဦးတို့သည် နတ်ဘုံ၊ လူ့ဘုံတို့တွင် ကျင်လည်ကြကုန်လျက် ကဿပမြတ်စွာဘုရား နှင့် ဂေါတမမြတ်စွာဘုရားတို့၏ ကြားကာလကို လွန်စေ၏။
 
===ဂေါတမမြတ်စွာဘုရား၏ ဗျာဒိတ်တော်===
မြတ်စွာဘုရားသည် မောဂ္ဂလိပုတ္တတိဿထေရ်ကို ဗျာဒိတ်ညွှန်ကြားတော်မူသကဲ့သို့ မိလိန္ဒမင်းနှင့် အရှင်နာဂသေနတို့ကိုလည်း အောက်ပါအတိုင်း ဗျာဒိတ်ညွှန်ကြားတော်မူခဲ့သည်။
 
“ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသည်မှနောက် နှစ်ငါးရာကျော်သောအခါ ထိုသူနှစ်ဦးတို့သည် ဖြစ်ပေါ်လာလတ္တံ့။ ထိုသူနှစ်ဦးသည် နက်နဲစွာပြု၍ ငါဟောကြားအပ်သော ထိုသုတ်၊ အဘိဓမ္မာ၊ ဝိနည်းတရားတော်တို့ကို ပြဿနာမေးခွန်း၊ ဥပမာ ဥပမေယျ၊ ညီမျှသင့်တင့်သော နည်းတို့၏ အစွမ်းဖြင့် အရှုပ်အထွေးမရှိအောင် ပြု၍ ဝေဖန်ကြကုန်လတ္တံ့” ဟု ဗျာဒိတ်မြွက်ကြားတော်မူ၏။
 
==ကိုးကား==