စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၀ -
 
==မဟာသေနနတ်သား==
ထိုအခါ ဟိမဝန္တာတောင်၊ ရက္ခိတမည်သော ကုန်းပြင်တွင် သီတင်းသုံးနေသော ရဟန္တာတို့သည် ရှိ၏။ ထိုရဟန္တာတို့ထဲတွင် အသျှင်အဿဂုတ္တမထေရ်သည် ဒိဗ္ဗသောတအဘိညာဏ်ဖြင့် မိလိန္ဒမင်း၏ ညည်းတွားသံကို ကြားရ၏။ ထို့နောက် ယုဂန္ဓိုရ်တောင်ထိပ်တွင် ရဟန်းတို့ကို စုဝေးကာ “မင်းကြီး၏ ယုံမှားသံသယကို ပယ်ဖျောက်ပေးနိုင်သော ရဟန်းရှိပါသလား” ဟု မေးမြန်း၏။ သုံးကြိမ်တိုင် မေးမြန်းသော်လည်း ရဟန်းတို့သည် ဆိတ်ဆိတ်နေကုန်၏။ ထိုအခါ အသျှင်အဿဂုတ္တသည် “တာဝတိံသာနတ်ဘုံရှိ မဟာသေနနတ်သားသည် မင်းကြီး၏ ယုံမှားသံသယကို ပယ်ဖျောက်ရန် စွမ်းဆာင်နိုင်၏” ဟု ပြောကြား၏။ ထို့နောက် ရဟန္တာတို့သည် ယုဂန္ဓိုရ်တောင်ထိပ်မှ တာဝတိံသာနတ်ပြည်သို့ ရောက်၏။ ထို့နောက် နတ်သားအား မင်းကြီး၏ ယုံမှားသံသယကို ပယ်ဖျောက်နိုင်ရန် လူ့ပြည်သို့ လာရောက်ပါလော့” ဟု ဆို၏။ ထိုအခါ နတ်သားသည် ငြင်းပယ်၏။ ရဟန်းတို့သည် သုံးကြိမ်တိုင်တိုင် ပြောဆိုသည့်တိုင်အောင် ငြင်းပယ်နေ၏။ ထိုအခါ အသျှင်အဿဂုတ္တသည် နတ်သားအား ဖျောင်းဖျပြောဆိုရာ နတ်သားလည်း လူ့ပြည်၌ ဖြစ်ပါတော့အံ့ဟု ဝန်ခံ၏။<ref name="မိလိန္ဒပဉှာ"/>
 
==နာဂသေနသူငယ်==