အဒူမင်းညို: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာကြောင်း ၁ -
==အဒူမင်းညို==
အဒူမင်းညိုသည် သက္ကရာဇ် ၈၁၇-၈၄၀ တွင် ရခိုင်ပြည် ယခု မြို့ဟောင်းဟုခေါ်သော [[မြောက်ဦးမြို့]]၌ နန်းတက်သော ရခိုင်ဘုရင် [[ဘစောဖြူ]]မင်း လက်ထက် ရခိုင်ပညာရှိ အမတ်ကြီး ဖြစ်သည်။ အဒူမင်းညိုဟူသော အမည်မှာ အဗ္ဗဒူဟူသော ဘွဲ့ရည်မည်နှင့် မင်းညိုဟူသော အမည်ကို တွဲလျက် ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ အဗ္ဗဒူမင်းညိုမှ နောင်အခါ အဒူမင်းညိုဟူ၍ ခေါ်ဝေါ်အမည်တွင်ခဲ့သည်။ စာဆိုရှင် အမတ်ကြီး အဒူမင်းညို၏ အတ္ထုပ္ပတိကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။{{efn|စာဆိုမင်းညိုသည် တောင်သူလယ်သမား အမျိုးအနွယ် ဖြစ်ကြောင်း၊ ရခိုင်စာဆိုတော် အမတ်ပညာရှိအဖြစ် ထင်ရှားကြောင်း၊ ကုလားတန်မြစ်ဝ အရှေ့ဘက်ကို မြှောင်၍ တည်ရှိေသာ ဖရုံကာကျွန်း သံုးကျွန်းအနက် အလယ်ကျွန်းရှိ ဖဒူရွာတွင် ဖွားမြင်သည့်အတွက် ဖွားရာဇာတိကို စွဲ၍ "'''ဖဒူမင်းညို'''"ဟု ထင်ရှားကြောင်း ရခိုင်ပညာရှိ ဦးအောင်သာဦးက မိန့်ဆိုထားသည်။<ref>ဦးအောင်သာဦး တည်းဖြတ်သော "စာဆိုတော် ဖဒူမင်းညို၏ ဘစောဖြူမင်း-သမီးတော် ဧချင်း" စကားဦး</ref>}}
 
အဒူမင်းညိုသည် ရခိုင်ဘုရင် ဘစောဖြူ၏ သမီးတော် [[ဧချင်း]]ကိုရေးသည်။ ထို ဧချင်းကို ရခိုင်မင်းသမီး ဧချင်း ဟူ၍ပင် ခေါ်ကြလေသည်။ ထိုဧချင်းသည် ယခုတွေ့ရှိရသော ဧချင်းဟူသမျှတို့တွင် ရှေးဦးအကျဆုံး ဖြစ်လေသည်။<ref>စာ (၃၂၇)၊ မြန်မာစာ ညွှန့်ပေါင်းကျမ်း ပထမတွဲ။ ၁၉၉၁ နိုဝင်ဘာ.. စာပေဗိမာန်</ref>
စာကြောင်း ၁၅ -
ကျေးဇူးတင်ထိုက်လှပေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
==မှက်ချက်==
{{notelist}}
== ကိုးကား ==
<references/>