တင်ထွဋ်: တည်းဖြတ်မှု မူကွဲများ

added a photo
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Tin Tut.JPG|thumb|အိုင်စီအက်စ် ဦးတင်ထွဋ် (၁၈၉၅-၁၉၄၈)]]
ဦးတင်ထွဋ်သည် မြန်မာလူမျိုးထဲမှ ‌ရှေးဦးစွာအိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်း(အိုင်စီအက်) ရာထူးကို ရရှိခဲ့သူဖြစ်သည်။ အ‌ရေးပိုင်ဦးဖိန်း၏ သားကြီးဩရဿဖြစ်၍ မြင်းခြံမြို့တွင်
၁၈၉၅ ခုနှစ် ‌ဖေ‌ဖေါ်ဝါရီလ ၁ ရက်‌နေ့၌ ဖွားမြင်သည်။ ငယ်စဉ်က ရန်ကုန်မြို့ စိန်‌ပေါအထက်တန်း‌ကျောင်း၊ ပဲခူးမြို့ အစိုးရ အထက်တန်း‌ကျောင်း၊ ရန်ကုန်မြို့ အစိုးရအထက်တန်း‌ကျောင်းနှင့် ရန်ကုန်‌ကောလိပ်တို့တွင် ပညာသင်ကြားခဲ့သည်။ ထို‌့နောက် အဂင်္လန်ပြည်သို့သွား‌ရောက်ကာ ကိမ်းဗရစ်တက္ကသိုလ်[[ကိန်းဘရစ်ချ် တက္ကသိုလ်]] ဒါးလစ်‌ကောလိပ်နှင့် ဘုရင်မ‌ကောလိပ်တို့တွင် ဆက်လက် ပညာသင်ကြားခဲ့ရာ စာ‌မေးပွဲများ၌ ထူးချွန်စွာ ‌အောင်မြင်ခဲ့၍ ၁၉၂၀ ပြည့်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ၇ရှိခဲ့သည်။ ထိုမှတဖန် [[အိုင်ယာလန်နိုင်ငံ|အိုင်ယာလန်ပြည်]] ဒဗ္ဗလင်မြို့ရှိ ထရင်နီတီ‌ကောလိပ်‌ကျောင်းနှင့် အင်ဒိုမြို့ရှိ အိန္ဒိယစစ်တက္ကသိုလ်တို့သို့လည်း ထက်‌ရောက်သင်ကြားခဲ့သည်။
 
ဝတ်လုံ‌တော်ရ စာ‌မေးပွဲကိုလည်း ‌အောင်မြင်ခဲ့သည်။ ဦးတင်ထွဋ်သည် ကစားခုန်ကစားဘက်တွင်လည်း ဘုရင်မ‌ကောလိပ်၏ ရပ်ဂဗီ‌ဘောလုံးအသင်း၌ ကပ္ပိတိန်အဖြစ် ‌ဆောင်ရွက်ခဲ့ရခြင်းကို ‌ထောက်ရှု၍ ထူးချွန်သည်ဟု ဆိုရပေမည်။
 
ဦးတင်ထွဋ်သည် ၁၉၂၁ ခုနှစ်တွင် အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်းအဖွဲ့သို့ ‌ရွေးချယ်ခန့်ထားခြင်း ခံရသည်။ ‌ရှေးဦးစွာ ၁၉၂၂ ခုနှစ်တွင် ပဲခူးမြို့၌ ဝန်‌ထောက်အဖြစ်‌ဆောင်ရွက်ခဲ့ရပြီး
လျှင် ၁၉၂၅ ခုနှစ်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး ဘဏ္ဍာ‌ရေးဌာန၌ အတွင်းဝန်က‌လေးအဖြစ် ‌ဆောင်ရွက်ရသည်။ ထို့နောက် နယ်ဘက်တွင်၎င်း၊ ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင်၎င်း အုပ်ချုပ်‌ရေးရာထူးအသီးသီးတို့၌ ကျွမ်းကျင်စွာ ‌ဆောင်ရွက်ခဲ့လေသည်။ အတွင်းဝန်များရုံး ဘဏ္ဍာ‌ရေးဌာန၌ အတွင်းဝန်ဖြစ်‌နေခိုက် ၁၉၃၉ ခုနှစ်တွင် [[ရန်ကုန်တက္ကသိုလ်]] အဓိပတိအဖြစ် ပထမဆုံး ‌ရွေး‌ကောက်တင်‌မြှောက်ခြင်းခံရ၍ ၁၉၄၂ ခုနှစ်အထိ‌ ဆောင်ရွက်ခဲ့သည်။ ၁၉၄၁ ခုနှစ် စက်တင်ဘာလတွင် နန်းရင်းဝန် ဦး‌စော၏ အကြံ‌ပေးအရာရှိအဖြစ် အဂင်္လန်ပြည်သို့ လိုက်ပါခဲ့ရသည်။ ၁၉၄၂ ခုနှစ် ဇန္နဝါရီလတွင် ဦး‌စောသည် မြန်မာပြည်သို့ အပြန်ခရီး၌ အဖမ်းခံ၇‌သောအခါတွင် ဦးတင်ထွဋ်သည်
အိန္ဒိယနိုင်ငံ၌ကျန်‌နေရစ်‌လေသည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ မြန်မာပြည်စစ်‌ပြေးအစိုးရအဖွဲ့၏ ပြန်လည်ထူ‌ထောင်‌ရေးဆိုင်ရာ အကြံ‌ပေးအရာရှိအဖြစ် ‌ဆောင်ရွက်ခဲ့ရသည်။
 
ဦးတင်ထွဋ်သည် ၁၉၄၆ ခုနှစ်တွင် အိန္ဒိယပဋိညာဉ်ခံ ဝန်ထမ်းရာထူးမှ ပင်စင်ယူပြီး‌နောက် ဖ-ဆ-ပ-လအဖွဲ့သို့ ဝင်ခဲ့သည်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်‌နေ့တွင်
ဖဆပလ အဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်ချုပ်‌အောင်ဆန်း ဦး‌ဆောင်၍ ဘုရင်ခံ၏ အမှု‌ဆောင်‌ကောင်စီအဖွဲ့ ဖွဲ့စည်း‌သောအခါ ဦးတင်ထွဋ်သည် ဘဏ္ဍာ‌ရေးနှင့် အခွန်‌တော်ဌာန ဝန်ကြီးဖြစ်
လာခဲ့သည်။ ၁၉၄ရ ခုနှစ် ဇန္နဝါရီလတွင် ဗိုလ်ချုပ်‌အောင်ဆန်း ‌ခေါင်း‌ဆောင်‌သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည် သို့အာဏာများ လွှဲ‌ပြောင်း‌ပေး‌ရေးအတွက် လန်ဒန်မြို့သို့ သွားရောက်‌ဆွေး‌နွေးရာတွင် ဦးတင်ထွဋ်သည် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့ရသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်ဦးတင်ထွဋ် သည် အမျိုးသားခေါင်းဆောင်ကြီး[[ ဗိုလ်ချုပ်အောင်ဆန်း]]၊ [[မောင်ကြီး၊ ဆာ(ရဲတပ်ဗိုလ်ချုပ်)|ဆာမောင်ကြီး]]ဗိုလ်မှူးအောင်၊[[မှူးအောင်၊ ဦးအောင်ဇံဝေ၊ဗိုလ် (ရဲဘော်သုံးကျိပ်)|ဗိုလ်မှူးအောင်]]၊ [[အောင်ဇံဝေ၊ ဦး|ဦးအောင်ဇံဝေ]]၊ [[မြို့မ-ဦးသန်းကြွယ်]] ၊ [[ဝတင်၊ သခင်|သခင်ဝတင်]]နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ [[ပင်လုံညီလာခံ]] တွင် ဦးဆောင် ခဲ့သည်။ <ref>[[၁၉၇၂]] ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈</ref> <ref>[[၁၉၈၀]]မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း</ref>
[[File:AS-A.jpg|thumb|(ဝဲမှ ယာသို့) ဦးဘဖေ၊ ကလီမန့် အက်တလီ၊ ဗိုလ်ချုပ် အောင်ဆန်း၊ ဦးတင်ထွဋ်နှင့် လော့ဒ်ပီသစ်လောရင့်။]]
၁၉၄ရ ခုနှစ် ဧပြီလတွင် တိုင်းပြည်ပြုလွှတ်‌တော်‌ရွေး ‌ကောက်ပွဲများ ကျင်းပ‌သောအခါ ဦးတင်ထွဋ်သည် ဟင်္သာတ မြို့မ မဲဆန္ဒနယ်မှ ‌ရွေး‌ကောက်တင်‌မြှောက်ခြင်းခံရသည်။