ဂျိမ်းစ် ဝပ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး merge articles |
အရေးမကြီး →နောက်ဆုံးအချိန် |
||
စာကြောင်း ၄၉ -
== အတ္ထုပ္ပတ္တိ ==
=== ငယ်ဘဝ ===
စကော့တလန်ပြည်သား အင်ဂျင်နီယာ
ဖခင်မှာ ကုန်သည်ဖြစ်သော်လည်း အရောင်းအဝယ်မကောင်းသည့်အတွက် တစ်နေ့တခြား လုံးပါးပါးလာမှုကြောင့် အိမ်ထောင်ရေးတွင် အဆင်မပြေလှချေ။ ဝပ်ကိုယ်တိုင်မှာလည်း ကျန်းမာခြင်း မရှိဘဲ ချူချာလှသဖြင့် ပိုးမွေးသကဲ့သို့ မွေးခဲ့ရလေသည်။ ကျန်းမာရေးပြည့်စုံရန်အတွက် ကိုယ်လက်ကြံ့ခိုင်ရေးကို လိုက်စားအားထုတ်နေစဉ် ရုက္ခဗေဒ၊ ပထဝီနှင့် ရေအားကို အသုံးပြုမှုဆိုင်ရာ ပညာရပ်များကို လေ့လာဆည်းပူးလာခဲ့သည်။ သင်္ဘောဆောက်လုပ်ရေးတွင်လည်း အထူးတလည် စိတ်ဝင်စားခဲ့ပေသည်။ ဝပ်အသက် ၁၉ နှစ်အရွယ်တွင် သူ၏ဖခင်သည် စီးပွားရေး၌ အကြီးအကျယ်ပျက်စီး ဆုံးပါးသွားသောကြောင့် သူ့အဖို့ အလုပ်မလုပ်လျှင် မဖြစ်တော့သော အခြေသို့ ဆိုက်ရောက်လာသည်။ ဝပ်သည် ကုန်သည်၏ သားပင်ဖြစ်သော်ငြားလည်း ကူးသန်းရောင်းဝယ်ရေးကိစ္စတွင် နားမလည်ချေ။ လက်သမား ကိရိယာများကို ကိုင်တွယ်အသုံးပြုရာတွင်သာ ကျွမ်းကျင်နားလည်သည်။ ထို့ကြောင့် လန်ဒန်မြို့တော်ရှိ သိပ္ပံပညာဆိုင်ရာ ကိရိယာများ လုပ်ကိုင်သူ ဂျွန်မော်ဂန်ထံသို့ တစ်နှစ်မျှသွားရောက်၍ ပညာဆည်းပူးရလေသည်။ ရှိရင်းစွဲဝါသနာနှင့်ကိုက်ညီသော ပညာရပ်ကိုသင်ကြားရသဖြင့် ထူးချွန်စွာတတ်မြောက်လာသောအခါ စကော့တလန်ပြည် ဂလပ်စဂိုတက္ကသိုလ် တွင် သင်္ချာဖက်ဆိုင်ရာ ကိရိယာများ ပြုလုပ်သူအဖြစ်ဖြင့် ခန့်အပ်ခြင်းခံရ သည်။ ထိုအချိန်တွင် ရေနွေးငွေ့အားကို အသုံးပြုသောစက်များ ပေါ်ပေါက် နေပေပြီ။ အကောင်းဆုံးစက်မှာ 'နယူးကိုမင်' စက်ဟုတွင်၍ ကျောက်မီးသွေးတွင်းတူးရာဒေသများတွင် ရေစုတ်စက်အဖြစ်ဖြင့် အသုံးပြုလျက်ရှိကြ လေသည်။ တစ်နေ့တွင် တက္ကသိုလ်ကျောင်းရှိ သိပ္ပံပစ္စည်းစုဆောင်းရေးဌာန၌ ထားရှိသော နယူးကိုမင်း စက်ပုံစံအငယ်ကလေးပျက်သွားသဖြင့် ပြင်ဆင်ရန် ဝပ်အား ဆိုင်ရာမှ ပေးအပ်စေခိုင်းရာမှ ထိုစက်ကို တိုးတက်ကောင်းမွန်အောင် ပြုပြင်ရန်စိတ်အားသန်လာခဲ့သည်။ ထိုစက်၌ ချွတ်ယွင်းချက် အမျိုး မျိုးကို တွေ့ရပြီးလျှင် ထိုချွတ်ယွင်းချက်များကိုပြုပြင်ရန် အမျိုးမျိုးကြံဆတွေးတောလေတော့သည်။
=== ရေနွေးငွေ့စက် တီထွင်ခြင်း ===
နယူးကိုမင်အင်ဂျင်စက်တွင် ရေနွေးငွေ့ကို မြောက်မြားစွာ အသုံးပြုပြီးမှ အနည်းငယ်မျှသော အားကိုသာရသဖြင့် ထိုစက်သည် စရိတ်ကုန် သလောက် အကျိုးမရှိသည့်အဖြစ်ကို
ဝပ် တီထွင်လိုက်သော ရေနွေးငွေ့စက်မှာ ယခုခေတ်၌ နေရာအနှံ့အပြားမှာပင် အလွန်အသုံးဝင်လှ၏။ သို့သော်ပေါ်စကမူ ထိုစက်၏ အသုံးကျမှုတန်ဖိုးကို မသိကြသေးသဖြင့် အရေးတယူ သုံးစွဲခြင်းမပြုခဲ့ကြ ချေ။ အများဆုံးအသုံးပြုသည့်နေရာမှာ ရေစုတ်ရန်သာ ဖြစ်လေသည်။ ၁၇၈၁ ခုနှစ်သို့ ရောက်သောအခါမှ ဝပ်၏ ရေနွေးငွေ့စက်ကို ချည်ငင်ခြင်း နှင့် အခြားလုပ်ငန်းများတွင် အသုံးပြုလာကြလေသည်။ တီထွင်သူ ပညာကျော်ကြီးများအနက် အချို့မှာ ငွေပင်ငွေရင်းမတည်၍ ကူညီအားပေးမည့်သူ ကင်းဝေးသဖြင့် ထူးချွန်သင့်သလောက် မထူးချွန်၊ တိုးတက်သင့်သလောက် မတိုးတက်ဘဲ နောက်ဆုံး ဆင်းရဲနွမ်းပါး ပြီးလျှင် လောကမျက်မှောက်မှ ကွယ်ပျောက်သွားကြရရှာ၏။ သို့သော် ဝပ် မှာ ဗာမင်ဂမ်မြို့မှ မက်သယူးဗိုလ်တန်ဆိုသူ အမြင်ကျယ်သော အရင်းရှင် တစ်ဦး၏ အထောက်အပံ့ကို လုံလောက်စွာရရှိသောကြောင့် သူ၏ရေနွေးငွေ့စက်ကိုကောင်းသည်ထက်ကောင်းအောင် ပြုပြင်ကြံစည်နိုင်ခဲ့လေသည်။
စာကြောင်း ၆၀ -
=== နောက်ဆုံးအချိန် ===
== ကိုးကား ==
|