နယူတန်၏ စကြဝဠာဆိုင်ရာ ဒြပ်ဆွဲအားနိယာမ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''နယူတန်၏ စကြာဝဠာဆိုင်ရာ ဒြပ်ဆွဲအားနိယာမ''' က ဖော်ပြသည်မှာ [[အမှုန်]]တစ်ခုသည် ထုထည်များပေါင်းလဒ်နှင့် တိုက်ရိုက်အချိုးကျပြီး အကွာအဝေး၏ နှစ်ထပ်ကိန်းဖြင့် ပြောင်းပြန်အချိုးကျသော စကြာဝဠာရှိ အခြားသောအမှုန်နှင့် ဆွဲငင်ကြသည်။ ယင်းသည် [[ရှေးရိုး မက္ကင်းနစ်]]၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၁၆၈၆ ခုနှစ်တွင် ပထမဆုံး ပုံနှိပ်ထုတ်ဝေသည့် [[နယူတန်]]၏ ''Principia'' စာအုပ်တွင် ပါဝင်ခဲ့သည်။ နယူတန်က သူ၏ စာအုပ်ကို Royal Society တွင် ပြသသောအခါ ရောဘတ် ဟုဒ်က ပြောင်းပြန်နှစ်ထပ်ကိန်း နိယာမသည် သူ့ဆီက ရရှိခဲ့သည်ဟု ပြောဆိုခဲ့သည်။ ယနေ့ခေတ်စကားဖြင့် ဆိုရလျင် အားဆိုသည်မှာ ထုထည်နှစ်ခု၏ ပေါင်းလဒ်နှင့် အချိုးကျပြီး ယင်းတို့၏အကွာအဝေးဖြင့် ပြောင်းပြန်အချိုးကျသည်။<ref>Isaac Newton: "[In experimental] philosophy particular propositions are inferred from the phenomena and afterwards rendered general by induction": "[[:en:Philosophiae Naturalis Principia Mathematica|Principia]]", Book 3, General Scholium, at p.392 in Volume 2 of Andrew Motte's English translation published 1729.</ref>
 
စကြာဝဠာဆိုင်ရာ ဒြပ်ဆွဲအား နိယာမအတွက် ညီမျှခြင်းမှာ -
 
 
:<math>F = G \frac{m_1 m_2}{r^2}\ </math> ဖြစ်သည်။
 
 
''F'' သည် အရာဝတ္ထုနှစ်ခုကြားရှိ သက်ရောက်နေသော ဒြပ်ဆွဲအား၊ ''m<sub>1</sub>'' နှင့် ''m<sub>2</sub>'' သည် အရာဝတ္ထု၏ ထုထည်ဖြစ်ပြီး ''r'' သည် ထုထည်ဗဟိုနှစ်ခုကြားရှိ အကွာအဝေးဖြစ်ကာ ''G'' သည် [[ဒြပ်ဆွဲအား ကိန်းသေ]]ဖြစ်သည်။
 
၁၇၉၈ ခုနှစ်တွင် Henry Cavendish ဆိုသူက နယူတန်၏ ဒြပ်ဆွဲအားနိယာမအား ပထမဆုံး ဓါတ်ခွဲခန်းထဲ၌ ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ခဲ့သည်။<ref name="The Michell-Cavendish Experiment">[http://www.public.iastate.edu/~lhodges/Michell.htm The Michell-Cavendish Experiment], Laurent Hodges</ref> နယူတန်၏ ''Principia'' ကျမ်းကို ပုံနှိပ်ထုတ်ဝေပြီး ၁၁၁ နှစ်အကြာ၊ နယူတန် သေဆုံးပြီး ၇၁ နှစ်အကြာမှ ယင်းစမ်းသပ်ချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
 
နယူတန်၏ နိယာမသည် [[အိုင်းစတိုင်း]]၏ [[ယေဘုယျ နှိုင်းရသီအိုရီ]]ဖြင့် အစားထိုးခြင်း ခံခဲ့ရသည်။ သို့သော် ဒြပ်ဆွဲအားနှင့်ပတ်သက်လာလျင် သူ၏နိယာမကို ဆက်လက်သုံးစွဲကြသည်။ နှိုင်းရသီအိုရီသည် အင်မတန်တိကျလိုသည့်အခါများ၌သာ အသုံးပြုသည်။