မေအောင် (စွယ်စုံပညာရှင်): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၃ -
| ဝက်ဘ်ဆိုက် =
}}
အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး ပေါက်မြောက် ချီးမွမ်းလောက်သော ပုဂ္ဂိုလ် မဟုတ်သေး။ မြန်မာဘာသာ - ပေါရာဏနှင့် ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား လိုက်စားသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် အားလျော်စွာ ယခု နာမည် ထင်ရှားလျက် ရှိသော ပရိုဖက်ဆာ ဆရာလွန်း ထံ၌ တပည့် ခံခဲ့ဖူး၍ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ် တအုပ်ကို ကိုယ်တိုင် တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူးလေသည်။ ဤကဲ့သို့ စွယ်စုံပညာဂုဏ် အရည်အချင်းဖြင့် ပြည့်စုံသဖြင့် မြန်မာပြည် တိုင်းရင်းသားတို့ ရရှိနိုင်သော ရာထူးများ အနက် အကြီးဆုံး ဖြစ်သော ပြည်ထဲရေး အမတ်ကြီး ရာထူးဖြင့် အစိုးရတို့၏ ချီးကြူး ခန့်အပ်ခြင်းကို ခံခဲ့ရသည် ဖြစ်ရာ အဆိုပါ ပုဂ္ဂိုလ်ကြီး၊ ထင်ရှား ရှိနေခြင်းသည် မြန်မာပြည်ကြီး၏ ကြက်သရေပင် ဖြစ်ရကာ ယခုကဲ့သို့ သက်တမ်းမစေ့မှီ ကွယ်လွန် အနိစ္စ ရောက်ရခြင်းအတွက် သာ၍ပင် ဝမ်းနည်းဘွယ် ဖြစ်ချေသည်။ . . . ” . . . [၂ဝဝရ ခုနှစ်၊ နိုဝင်ဘာလမှာ Unity စာပေက ပထမ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ မောင်ဇေယျာရဲ့ 'ကမ္ဘာသိ မြန်မာများနှင့် ကမ္ဘာသိ မြန်မာ စာအုပ်များ' ကနေ "စွယ်စုံပညာရှင် ဦးမေအောင်" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြခြင်းဖြစ်သည်။
ကိုလိုနီခေတ် မြန်မာ့သမိုင်းတွင် စွယ်စုံ ထူးချွန်သော ပညာရှင် တဦး မှာ '''ဦးမေအောင်''' (၁၈၈ဝ - ၁၉၂၆) ဖြစ်သည်။ ဦးမေအောင်သည် ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေးနှင့် စာပေ ယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက် ပါဝင်ခဲ့သူ တဦး ဖြစ်သည်။ ဦးမေအောင်သည် ပထမဆုံး ရန်ကုန်တက္ကသိုလ် ဥပဒေပါမောက္ခ ဖြစ်သည်။
 
== စွယ်စုံပညာရှင် ဦးမေအောင် ==
ကိုလိုနီခေတ် မြန်မာ့သမိုင်းတွင် စွယ်စုံ ထူးချွန်သော ပညာရှင် တဦး မှာ ဦးမေအောင် (၁၈၈ဝ - ၁၉၂၆) ဖြစ်သည်။ ဦးမေအောင်သည် ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေးနှင့် စာပေ ယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက် ပါဝင်ခဲ့သူ တဦး ဖြစ်သည်။ ဦးမေအောင်သည် ပထမဆုံး ရန်ကုန်တက္ကသိုလ် ဥပဒေပါမောက္ခ ဖြစ်သည်။
 
ဦးမေအောင်သည် နိုင်ငံရေးနှင့် ပတ်သက်လျှင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အလွန် အရေးပါခဲ့သော ဝိုင်အမ်ဘီအေ (YMBA) ခေါ် [[ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း|ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း]] (၁၉ဝ၆) စတင် တည်ထောင်ရာတွင် အဓိက အရေးကြီးသော ပုဂ္ဂိုလ်တွင် တဦး အပါအဝင် ဖြစ်သည်၊ ရန်ကုန်မြို့တွင် ပထမဆုံး အကြိမ် ကျင်းပသော ဝိုင်အမ်ဘီအေ အသင်းများ အစည်းအဝေးတွင် ချယ်ယာမင် (သဘာပတိ) အဖြစ် ဆောင်ရွက်ခဲ့သူ၊ ၁၉၁၇ ခုနှစ်တွင် ကာလကတ္တားသို့ အန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေဂူနှင့် သွားရောက် တွေ့ဆုံရန် ဝိုင်အမ်ဘီအေမှ ရွေးချယ် စေလွှတ်သော ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် သွားရောက်ခဲ့သူ တဦး ဖြစ်သည်။